Local News

လေးကေ့ကော်ဒေသ လေးကပေါ်ရှိ KNLA စခန်းကုန်းကို ညအချိန် စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်နေ

Breaking News- လေးကေ့ကော်ဒေသ လေးကပေါ်ရှိ KNLA စခန်းကုန်းကို ညအချိန် စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်၊ စစ်ကား အစီး ၄၀ လမ်းဟောင်းဘက်မှ တက်လာ

ရန်ကုန်၊ဒီဇင်ဘာ ၂၃

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေ၊ လေးကေ့ကော်ဒေသ လေးကပေါ် ရှိ KNLA စခန်းကုန်းကို ယနေ့ည ၁၀ နာရီ ၁၅ မိနစ်ဝန်းကျင်တွင် စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း KNLA သတင်းရင်း မြစ်ထံမှ သိရှိရသည်။

” ည ၁၀ နာရီ ၁၅ မိနစ်မှာ တစ်ကြိမ်၊ ည ၁၀ နာရီ ၂၅ မိနစ်မှာ တစ်ကြိမ် နှစ်ကြိမ်ပစ်တယ်။ ရဟတ်ယာဉ်က ၃ ကြိမ် ဝဲတယ်။ အဲဒီစခန်းက KNLA ပဲရှိတာ။ PDF လည်းမရှိဘူး။ အဲဒါကို ပစ်တာ”ဟု KNLA သတင်းရင်းမြစ်ထံမှ သိရှိရသည်။

စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ်သံများကို ထိုင်း-မြန်မာနယ်စပ် သောင်းရင်းမြစ်တစ်လျှောက် နေထိုင်ကြသော စစ်ဘေးရှောင်ဒုက္ခသည်များ အားလုံး ကြားသိရကြောင်း သိရှိရသည်။

အလားတူ စစ်ကား အစီး ၄၀ ခန့် မြ၀တီဘက်သို့ လမ်းဟောင်းဘက်မှ တက်လာကြောင်း စစ်ရေးသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ လေးကေ့ကော်ဒေသတွင် တိုက်ပွဲများစတင်ဖြစ်ပွားပြီးနောက် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် စစ်တပ်က စစ်ရုဟတ်ယာဉ်များစတင် အသုံးပြုလာခြင်းဖြစ်သည်။

ဓာတ်ပုံ- စစ်ရေး ပစ်ခတ်လေ့ကျင့်နေသော အကြမ်းဖက်စစ်ကောင်စီ ရဟတ်ယာဉ်တစ်စင်း။(ပုံအဟောင်းဖြစ်သည်)

Zawgyi

Breaking News- ေလးေက့ေကာ္ေဒသ ေလးကေပၚ႐ွိ KNLA စခန္းကုန္းကို ညအခ်ိန္ စစ္ေကာင္စီက ရဟတ္ယာဥ္ျဖင့္ ဗုံးက်ဲပစ္ခတ္တိုက္ခိုက္၊ စစ္ကား အစီး ၄၀ လမ္းေဟာင္းဘက္မွ တက္လာ

ရန္ကုန္၊ဒီဇင္ဘာ ၂၃

ကရင္ျပည္နယ္၊ KNU တပ္မဟာ ၆ နယ္ေျမ၊ ေလးေက့ေကာ္ေဒသ ေလးကေပၚ ႐ွိ KNLA စခန္းကုန္းကို ယေန႔ည ၁၀ နာရီ ၁၅ မိနစ္ဝန္းက်င္တြင္ စစ္ေကာင္စီက ရဟတ္ယာဥ္ျဖင့္ ပစ္ခတ္တိုက္ခိုက္ေၾကာင္း KNLA သတင္းရင္း ျမစ္ထံမွ သိ႐ွိရသည္။

” ည ၁၀ နာရီ ၁၅ မိနစ္မွာ တစ္ႀကိမ္၊ ည ၁၀ နာရီ ၂၅ မိနစ္မွာ တစ္ႀကိမ္ ႏွစ္ႀကိမ္ပစ္တယ္။ ရဟတ္ယာဥ္က ၃ ႀကိမ္ ဝဲတယ္။ အဲဒီစခန္းက KNLA ပဲ႐ွိတာ။ PDF လည္းမ႐ွိဘူး။ အဲဒါကို ပစ္တာ”ဟု KNLA သတင္းရင္းျမစ္ထံမွ သိ႐ွိရသည္။

စစ္ရဟတ္ယာဥ္ျဖင့္ ပစ္ခတ္သံမ်ားကို ထိုင္း-ျမန္မာနယ္စပ္ ေသာင္းရင္းျမစ္တစ္ေလွ်ာက္ ေနထိုင္ၾကေသာ စစ္ေဘးေ႐ွာင္ဒုကၡသည္မ်ား အားလုံး ၾကားသိရေၾကာင္း သိ႐ွိရသည္။

အလားတူ စစ္ကား အစီး ၄၀ ခန္႔ ျမ၀တီဘက္သို႔ လမ္းေဟာင္းဘက္မွ တက္လာေၾကာင္း စစ္ေရးသတင္းရင္းျမစ္မ်ားက ရန္ကုန္ေခတ္သစ္သို႔ ေျပာဆိုသည္။

ဒီဇင္ဘာလ ၁၅ ရက္ေန႔ ေလးေက့ေကာ္ေဒသတြင္ တိုက္ပြဲမ်ားစတင္ျဖစ္ပြားၿပီးေနာက္ ဒီဇင္ဘာလ ၂၃ ရက္ေန႔တြင္ စစ္တပ္က စစ္႐ုဟတ္ယာဥ္မ်ားစတင္ အသုံးျပဳလာျခင္းျဖစ္သည္။

ဓာတ္ပုံ- စစ္ေရး ပစ္ခတ္ေလ့က်င့္ေနေသာ အၾကမ္းဖက္စစ္ေကာင္စီ ရဟတ္ယာဥ္တစ္စင္း။(ပုံအေဟာင္းျဖစ္သည္)

About the author

admin

Add Comment

Click here to post a comment