Local News

လေယာဉ်မပျံသန်းရဇုန် အတွက် ညှိနှိုင်းတော့မယ့် ကုလသမဂ္ဂ…Read More

လေယာဉ်မပျံသန်းရဇုန် အတွက် ညှိနှိုင်းတော့မယ့် ကုလသမဂ္ဂ…Read More

မြန်မာပြည်တွင်းစစ်မှာ တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ်တွေ မသုံးဖို့ကို ကေအန်ယူဉီးဆောင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက နိုင်ငံတကာကို တောင်းဆိုလိုက်ပါတယ် ။

ဒီတောင်းဆိုမှု့ကို ကေအန်ယူတပ်မဟာရဲ့ ပြောရေးဆိုခွင့်ရှိသူ စောတော်နီးက ရိုက်တာသတင်းဌာနကနေတဆင့် ကုလအမှုးပြုတဲ့ နိုင်ငံတကာကို တောင်းဆိုထားတာပါ ။

ဒီသတင်းကို ရိုက်တာအပြင် နိုင်ငံတကာသတင်းဌာနတွေကလည်း ထောက်ခံအားပေးပြီး လေယာဥ်မပျံသန်းရေးဇုန်အဖြစ်နဲ့ မြန်မာတစ်နိုင်ငံလုံးကို သတ်မှတ်ပေးဖို့ ကုလသမဂ္ဂထံ အကြံပြုထားကြပါတယ် ။

မကွေးတိုင်းမှာ လေကြောင်းတိုက်ခိုက်မှု့အပြီး ၊ သေဆုံးသွားတဲ့ ပြည်သူအချို့ရဲ့ ရုပ်အလောင်းတွေကို သက်သေခိုင်လုံစွာနဲ့ တင်ပြအပြီးမှာ မြန်မာ့အရေး လှုပ်ရှားနေသူတွေက အာဏာသိမ်းစစ်တပ်ကို လေယာဉ်မပျံသန်းဖို့ ကုလအနေနဲ့ သတ်မှတ်ပေးရမယ်လို့ တင်ပြထားပါတယ် ။

KNU ဌာနချုပ်တွင် တွေ့ရသည့် KNLA တပ်ဖွဲ့ဝင်များ
အလားတူပါပဲ ၊ ကရင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ တိုက်လေယာဉ်တွေ အသုံးပြုတဲ့အတွက် ပြည်သူအချို့ အသက်ပေးခဲ့ရပါတယ် ။ လေကြောင်းကနေ တိုက်ခိုက်လာတဲ့အတွက် ထိုင်းနယ်စပ်မှာ ခိုလှုံနေသူတွေနဲ့ ဌာနေတိုင်းရင်းသားအချို့ဟာ ထိုင်းနိုင်ငံထဲကို ထွက်ပြေးကြရပါတယ် ။

ကရင်ပြည်နယ်က တိုက်ပွဲတစ်ခုမှာ ကေအန်ယူတပ်မတော်သား ၃ ဦးဟာ လေကြောင်းတိုက်ခိုက်မှု့ကြောင့် အသက်ပေးခဲ့ရပါတယ် ။ စစ်ကောင်စီလက်နက်ကိုင် ၁၅ ဦးကို အသေရထားတယ်လို့ ရိုက်တာက တင်ပြထားပါတယ်။

မနေ့ကတော့ ထိုင်းနိုင်ငံထဲကို ခိုလှုံလာတဲ့ မြန်မာနိုင်ငံသားတွေကို ယာရီလက်ခံဖို့ ကုလလူ့အခွင့်အရေးကောင်စီက ထိုင်းကို တောင်းဆိုထားပါတယ် ။

ထိုင်းနိုင်ငံထဲကို ခိုလှုံလာတဲ့ မြန်မာနိုင်ငံသားတွေ
ထိုင်း ဝန်ကြီးချုပ် ပရာရွတ် ချန်အိုးချာက မြန်မာနိုင်ငံကနေ တိုက်ပွဲတွေကြောင့် လတ်တလောထွက်ပြေးလာတဲ့ ဒုက္ခသည် ၄၀၀၀ ခန့်ကို လူသားချင်းစာနာမှု အကူအညီနဲ့ ယာယီနေထိုင်စရာတွေ စီစဉ်ပေးဖို့ တပ်ခ်ခရိုင်အာဏာပိုင်တွေကို ညွှန်ကြားခဲ့ပါတယ်။

နယ်စပ်ဒေသအခြေအနေအားလုံးကို စစ်တပ်အကူအညီနဲ့ ကွပ်ကဲဖို့လည်း အမိန့်ထုတ်ထားပါတယ်။

ဒုက္ခသည်တွေကို မယ်တော်နဲ့ မဟာဝန်ဒေသတွေမှာ ခိုလှုံခွင့်ပေးထားပြီး တချို့မှာ ကိုဗစ် ၁၉ ပိုးတွေ့ရလို့ ကုသပေးနေတယ်လို့ ဆိုပါတယ်။ ထွက်ပြေးလာသူအများစုက ကရင်တိုင်းရင်းသားတွေဖြစ်ပြီး အများအပြားက မယ်ကူးဒေသရှိ တောတွေထဲမှာ ခိုလှုံနေရတယ်လို့လည်း သိရပါတယ်။

ဘကြီးအောင် LA

Zawgyi

ေလယာဥ္မပ်ံသန္းရဇုန္ အတြက္ ညႇိႏိႈင္းေတာ့မယ့္ ကုလသမဂၢ…Read More

ျမန္မာျပည္တြင္းစစ္မွာ တိုက္ေလယာဥ္နဲ႔ ရဟတ္ယာဥ္ေတြ မသုံးဖို႔ကို ေကအန္ယူဉီးေဆာင္တဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားက ႏိုင္ငံတကာကို ေတာင္းဆိုလိုက္ပါတယ္ ။

ဒီေတာင္းဆိုမႈ႕ကို ေကအန္ယူတပ္မဟာရဲ႕ ေျပာေရးဆိုခြင့္႐ွိသူ ေစာေတာ္နီးက ႐ိုက္တာသတင္းဌာနကေနတဆင့္ ကုလအမႈးျပဳတဲ့ ႏိုင္ငံတကာကို ေတာင္းဆိုထားတာပါ ။

ဒီသတင္းကို ႐ိုက္တာအျပင္ ႏိုင္ငံတကာသတင္းဌာနေတြကလည္း ေထာက္ခံအားေပးၿပီး ေလယာဥ္မပ်ံသန္းေရးဇုန္အျဖစ္နဲ႔ ျမန္မာတစ္ႏိုင္ငံလုံးကို သတ္မွတ္ေပးဖို႔ ကုလသမဂၢထံ အၾကံျပဳထားၾကပါတယ္ ။

မေကြးတိုင္းမွာ ေလေၾကာင္းတိုက္ခိုက္မႈ႕အၿပီး ၊ ေသဆုံးသြားတဲ့ ျပည္သူအခ်ိဳ႕ရဲ႕ ႐ုပ္အေလာင္းေတြကို သက္ေသခိုင္လုံစြာနဲ႔ တင္ျပအၿပီးမွာ ျမန္မာ့အေရး လႈပ္႐ွားေနသူေတြက အာဏာသိမ္းစစ္တပ္ကို ေလယာဥ္မပ်ံသန္းဖို႔ ကုလအေနနဲ႔ သတ္မွတ္ေပးရမယ္လို႔ တင္ျပထားပါတယ္ ။

KNU ဌာနခ်ဳပ္တြင္ ေတြ႕ရသည့္ KNLA တပ္ဖြဲ႕ဝင္မ်ား
အလားတူပါပဲ ၊ ကရင္ျပည္နယ္မွာ ျဖစ္ပြားေနတဲ့ တိုက္ပြဲေတြမွာ တိုက္ေလယာဥ္ေတြ အသုံးျပဳတဲ့အတြက္ ျပည္သူအခ်ိဳ႕ အသက္ေပးခဲ့ရပါတယ္ ။ ေလေၾကာင္းကေန တိုက္ခိုက္လာတဲ့အတြက္ ထိုင္းနယ္စပ္မွာ ခိုလႈံေနသူေတြနဲ႔ ဌာေနတိုင္းရင္းသားအခ်ိဳ႕ဟာ ထိုင္းႏိုင္ငံထဲကို ထြက္ေျပးၾကရပါတယ္ ။

ကရင္ျပည္နယ္က တိုက္ပြဲတစ္ခုမွာ ေကအန္ယူတပ္မေတာ္သား ၃ ဦးဟာ ေလေၾကာင္းတိုက္ခိုက္မႈ႕ေၾကာင့္ အသက္ေပးခဲ့ရပါတယ္ ။ စစ္ေကာင္စီလက္နက္ကိုင္ ၁၅ ဦးကို အေသရထားတယ္လို႔ ႐ိုက္တာက တင္ျပထားပါတယ္။

မေန႔ကေတာ့ ထိုင္းႏိုင္ငံထဲကို ခိုလႈံလာတဲ့ ျမန္မာႏိုင္ငံသားေတြကို ယာရီလက္ခံဖို႔ ကုလလူ႕အခြင့္အေရးေကာင္စီက ထိုင္းကို ေတာင္းဆိုထားပါတယ္ ။

ထိုင္းႏိုင္ငံထဲကို ခိုလႈံလာတဲ့ ျမန္မာႏိုင္ငံသားေတြ
ထိုင္း ဝန္ႀကီးခ်ဳပ္ ပရာ႐ြတ္ ခ်န္အိုးခ်ာက ျမန္မာႏိုင္ငံကေန တိုက္ပြဲေတြေၾကာင့္ လတ္တေလာထြက္ေျပးလာတဲ့ ဒုကၡသည္ ၄၀၀၀ ခန္႔ကို လူသားခ်င္းစာနာမႈ အကူအညီနဲ႔ ယာယီေနထိုင္စရာေတြ စီစဥ္ေပးဖို႔ တပ္ခ္ခ႐ိုင္အာဏာပိုင္ေတြကို ၫႊန္ၾကားခဲ့ပါတယ္။

နယ္စပ္ေဒသအေျခအေနအားလုံးကို စစ္တပ္အကူအညီနဲ႔ ကြပ္ကဲဖို႔လည္း အမိန္႔ထုတ္ထားပါတယ္။

ဒုကၡသည္ေတြကို မယ္ေတာ္နဲ႔ မဟာဝန္ေဒသေတြမွာ ခိုလႈံခြင့္ေပးထားၿပီး တခ်ိဳ႕မွာ ကိုဗစ္ ၁၉ ပိုးေတြ႕ရလို႔ ကုသေပးေနတယ္လို႔ ဆိုပါတယ္။ ထြက္ေျပးလာသူအမ်ားစုက ကရင္တိုင္းရင္းသားေတြျဖစ္ၿပီး အမ်ားအျပားက မယ္ကူးေဒသ႐ွိ ေတာေတြထဲမွာ ခိုလႈံေနရတယ္လို႔လည္း သိရပါတယ္။

ဘႀကီးေအာင္ LA

About the author

admin

Add Comment

Click here to post a comment