Local News

မြန်မာတိုက်လေယာဥ်များကို ထိုင်းလေတပ် စောင့်ကြည့်မည်

မြန်မာတိုက်လေယာဥ်များကို ထိုင်းလေတပ် စောင့်ကြည့်မည်

ဒီဇင်ဘာ(၂၄)

မြန်မာလေတပ်ရဲ့ တိုက်လေယာဥ်များအား ထိုင်းနိုင်ငံရဲ့ လေပိုင်နက်ကိုအသုံးပြုခွင့်အား ထိုင်းအစိုးရမှခွင့်ပြုထားတယ်ဆိုတဲ့ သတင်းဟာ မဟုတ်မှန်ကြောင်းနဲ့ မည်သည့် တိုက်လေယာဥ်မှ ထိုင်းနိုင်ငံလေပိုင်နက်ကို ကျူးကျော်ဝင်ရောက်ခဲ့ခြင်းမရှိဘူးလို့ ထိုင်းတော်ဝင်ဘုရင့်တပ်မတော် လေတပ်ဦးစီးချုပ်ရဲ့ ပြောကြားချက်ကို Bangkok Post သတင်းစာကဖော်ပြခဲ့ပါတယ် ။

ယခုရက်ပိုင်းအတွင်း ထိုင်း မြန်မာ နယ်စပ် ကရင်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့တိုက်ပွဲတွေမှာ မြန်မာစစ်တပ်က တိုက်လေယာဥ်များအသုံးပြုပြီး ဗုံးကြဲချခြင်းများပြုလုပ်နေတာကြောင့်

ထိုင်းတော်ဝင်ဘုရင့်တပ်မတော် လေကြောင်းရန်ကာကွယ်ရေးစနစ်တွေက အဆိုပါ ထိုင်း မြန်မာ နယ်စပ်အနီးရှိ မြန်မာလေတပ်ရဲ့ လှုပ်ရှားမှုများကို အမြဲသတိထား စောင့်ကြည့်သွားမှာဖြစ်တယ်လို့လဲ ဆိုပါတယ် ။

ထိုင်းတော်ဝင်ဘုရင့်တပ်မတော်အနေနဲ့ အဆိုပါ ဖြစ်စဥ်များအတွင်း မည်သည့်နည်းနဲ့မှ ပါဝင်ပတ်သတ်ဖို့စိတ်ကူးတစ်စုံတစ်ရာမရှိဘဲ မြန်မာဘက်ခြမ်းမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စသာ ဖြစ်တယ်လို့လည်း ဆိုပါတယ် ။

ထို့အပြင် လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးကိစ္စများမှလွဲ၍ မည်သည့်ကိစ္စနဲမှ ထိုင်းဘုရင့်နိုင်ငံရဲ့ လေပိုင်နက်ကို အသုံးပြုခွင့်ပေးမှာမဟုတ်ဘူးလို့လဲ ပြောကြားခဲ့ပါတယ် ။

ထိုင်းတော်ဝင်ဘုရင့်လေတပ်အနေဖြင့်လည်း ထိုင်း မြန်မာနယ်စပ်အနီးဖြစ်ပွားနေတဲ့ မြန်မာဘက်ခြမ်းမှ ပဋိပက္ခများကို အနီးကပ်စောင့်ကြပ်လျက်ရှိပြီး ထိုင်းဘုရင့်နိုင်ငံရဲ့ ဝေဟင်ပိုင်နက်နဲ့

အမျိုးသားအကျိုးစီးပွားကို မည်သည့်နည်းနဲ့မှ အထိခိုက်ခံမှာမဟုတ်ဘဲ ကာကွယ်ဖို့ အသင့်ပြင်ထားတယ်လို့လဲ ထိုင်းတော်ဝင်ဘုရင့်တပ်မတော် လေတပ်ဦးစီးချုပ် ကဖြေကြားခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ် ။

မြန်မာလေတပ်အနေဖြင့် ပြီးခဲ့သည့်နှစ်များအတွင်းက နယ်စပ်များတွင်ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် အိမ်နီးချင်းတရုတ်နိုင်ငံထဲသို့ ဗုံးနှစ်ကြိမ်ထိ မှားယွင်း ကြဲချခဲ့တာကြောင့် တရုတ်နိုင်ငံသားအချို့ သေဆုံးခဲ့ရတဲ့ ဖြစ်စဥ်များ ရှိခဲ့ဖူးတာဖြစ်ပါတယ် ။

NLH_IR
Sa J MM

Zawgyi

ျမန္မာတိုက္ေလယာဥ္မ်ားကို ထိုင္းေလတပ္ ေစာင့္ၾကည့္မည္

ဒီဇင္ဘာ(၂၄)

ျမန္မာေလတပ္ရဲ႕ တိုက္ေလယာဥ္မ်ားအား ထိုင္းႏိုင္ငံရဲ႕ ေလပိုင္နက္ကိုအသုံးျပဳခြင့္အား ထိုင္းအစိုးရမွခြင့္ျပဳထားတယ္ဆိုတဲ့ သတင္းဟာ မဟုတ္မွန္ေၾကာင္းနဲ႔ မည္သည့္ တိုက္ေလယာဥ္မွ ထိုင္းႏိုင္ငံေလပိုင္နက္ကို က်ဴးေက်ာ္ဝင္ေရာက္ခဲ့ျခင္းမ႐ွိဘူးလို႔ ထိုင္းေတာ္ဝင္ဘုရင့္တပ္မေတာ္ ေလတပ္ဦးစီးခ်ဳပ္ရဲ႕ ေျပာၾကားခ်က္ကို Bangkok Post သတင္းစာကေဖာ္ျပခဲ့ပါတယ္ ။

ယခုရက္ပိုင္းအတြင္း ထိုင္း ျမန္မာ နယ္စပ္ ကရင္ျပည္နယ္အတြင္းျဖစ္ပြားေနတဲ့ ျမန္မာစစ္တပ္နဲ႔ တိုင္းရင္းသားလက္နက္ကိုင္ေတြရဲ႕တိုက္ပြဲေတြမွာ ျမန္မာစစ္တပ္က တိုက္ေလယာဥ္မ်ားအသုံးျပဳၿပီး ဗုံးႀကဲခ်ျခင္းမ်ားျပဳလုပ္ေနတာေၾကာင့္

ထိုင္းေတာ္ဝင္ဘုရင့္တပ္မေတာ္ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြက အဆိုပါ ထိုင္း ျမန္မာ နယ္စပ္အနီး႐ွိ ျမန္မာေလတပ္ရဲ႕ လႈပ္႐ွားမႈမ်ားကို အၿမဲသတိထား ေစာင့္ၾကည့္သြားမွာျဖစ္တယ္လို႔လဲ ဆိုပါတယ္ ။

ထိုင္းေတာ္ဝင္ဘုရင့္တပ္မေတာ္အေနနဲ႔ အဆိုပါ ျဖစ္စဥ္မ်ားအတြင္း မည္သည့္နည္းနဲ႔မွ ပါဝင္ပတ္သတ္ဖို႔စိတ္ကူးတစ္စုံတစ္ရာမ႐ွိဘဲ ျမန္မာဘက္ျခမ္းမွာျဖစ္ပြားေနတဲ့တိုက္ပြဲေတြဟာ ျမန္မာႏိုင္ငံရဲ႕ ျပည္တြင္းေရးကိစၥသာ ျဖစ္တယ္လို႔လည္း ဆိုပါတယ္ ။

ထို႔အျပင္ လူသားခ်င္းစာနာမႈဆိုင္ရာအကူအညီေပးေရးကိစၥမ်ားမွလြဲ၍ မည္သည့္ကိစၥနဲမွ ထိုင္းဘုရင့္ႏိုင္ငံရဲ႕ ေလပိုင္နက္ကို အသုံးျပဳခြင့္ေပးမွာမဟုတ္ဘူးလို႔လဲ ေျပာၾကားခဲ့ပါတယ္ ။

ထိုင္းေတာ္ဝင္ဘုရင့္ေလတပ္အေနျဖင့္လည္း ထိုင္း ျမန္မာနယ္စပ္အနီးျဖစ္ပြားေနတဲ့ ျမန္မာဘက္ျခမ္းမွ ပဋိပကၡမ်ားကို အနီးကပ္ေစာင့္ၾကပ္လ်က္႐ွိၿပီး ထိုင္းဘုရင့္ႏိုင္ငံရဲ႕ ေဝဟင္ပိုင္နက္နဲ႔

အမ်ိဳးသားအက်ိဳးစီးပြားကို မည္သည့္နည္းနဲ႔မွ အထိခိုက္ခံမွာမဟုတ္ဘဲ ကာကြယ္ဖို႔ အသင့္ျပင္ထားတယ္လို႔လဲ ထိုင္းေတာ္ဝင္ဘုရင့္တပ္မေတာ္ ေလတပ္ဦးစီးခ်ဳပ္ ကေျဖၾကားခဲ့တယ္လို႔ ေဖာ္ျပခဲ့ပါတယ္ ။

ျမန္မာေလတပ္အေနျဖင့္ ၿပီးခဲ့သည့္ႏွစ္မ်ားအတြင္းက နယ္စပ္မ်ားတြင္ျဖစ္ပြားခဲ့ေသာ တိုက္ပြဲမ်ားတြင္ အိမ္နီးခ်င္းတ႐ုတ္ႏိုင္ငံထဲသို႔ ဗုံးႏွစ္ႀကိမ္ထိ မွားယြင္း ႀကဲခ်ခဲ့တာေၾကာင့္ တ႐ုတ္ႏိုင္ငံသားအခ်ိဳ႕ ေသဆုံးခဲ့ရတဲ့ ျဖစ္စဥ္မ်ား ႐ွိခဲ့ဖူးတာျဖစ္ပါတယ္ ။

NLH_IR
Sa J MM

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.