Local News

ထိုင်းနယ်စပ်မှာ စစ်ရှောင်တွေကိုကြိုဆိုနေတဲ့ထိုင်းစစ်သားတစ်ဦးရဲ့ ရင်တွင်းခံစားချက် ပို့စ် 💢

ထိုင်းနယ်စပ်မှာ စစ်ရှောင်တွေကိုကြိုဆိုနေတဲ့ထိုင်းစစ်သားတစ်ဦးရဲ့ ရင်တွင်းခံစားချက် ပို့စ် 💢

မနေ့က ထိုင်း – မြန်မာ နယ်စပ် ၊ မြဝတီဒေသမှာ လက်နက်ကြီး လနက်ငယ်သံတွေ ၊ ပေါက်ကွဲသံတွေကြားနေရချိန် ကျွန်တော်တို့ ထိုင်းတပ်မတော်သားတွေကလည်း မိမိနိုင်ငံရဲ့ Borderline Border Point တွေမှာ နယ်မြေလုံခြုံရေးအရ စောင့်ရှောက်ကာကွယ်နေကြရပါတယ် ။

ဒီလိုအချိန်မှာ မြန်မာဘက်ကနေ မိတ်ဆွေမြန်မာနိုင်ငံသား တိုင်းရင်းသားမိဘညီအကိုမောင်နှမနဲ့ လူမမယ်ကလေးသူငယ် အဘိုးအဘွား ၊ သားသယ်မိခင်တွေ ခင်မြှာ စစ်ကိုကြောက်ရွံ့မုန်းတီးပြီး ကျွန်တော်တို့နိုင်ငံဘက်ကို အသက်လုပြေးလာချိန် ကျွန်တော်တို့ လူသားဆန်စွာနဲ့ နွေးထွေးစွာကြိုဆိုရမှာဖြစ်ပါတယ် ။

ကိုဗစ်ကပ်ဆိုးရောဂါကိုကာကွယ်တာဆီးနေချိန် ဒီလိုနယ်စပ်ကို မည်သူတစ်ဦးတစ်ယောက်မှ ဖြတ်သန်းသွားလာခွင့်မရှ်ိပေမယ့် ယခုလို စစ်ပွဲတွေကြောင့် အပြန်အလှန်ပစ်ခတ်ဆူညံပေါက်ကွဲသံတွေနဲ့အတူ ယမ်းငွေ့တွေကြား

အန္တရာယ်တွေကြားကနေ သက်စွန့်ဆံဖျား မြစ်ကိုကူးခတ်လာတဲ့သူတွေထဲမှာ ….. ကလေးငယ်တစ်ဦး ဖိနပ်ကမပါ ၊ ရေကဆာနဲ့ ကျွန်တော့်သားငယ်လေးအရွယ်ပါ ၊

ပါလာတဲ့ရေတစ်ဗူးကို ထုတ်ပေးလိုက်ချိန် လက်အုပ်ကလေးချီကာ မပီကလာ ပီကလာနဲ့ ထိုင်းလို “ ခေါဗ်ခွန်းခဗ် “ ဆိုတဲ့စကားသံလေးက ရင်ထဲနင့်ကနဲနေအောင်ခံစားလိုက်ရတယ် ။

သူ့ရဲ့အပြုံးလေးက မျက်စေ့ထဲကနေဘယ်တော့မှထွက်မှာ မဟုတ်တော့ပါဘူး ။ ကျွန်တော်တို့ထိုင်းလူမျိုးတွေဟာ မြန်မာပြည်သူ / သားအားလုံးကိုချစ်ခင်ပါတယ် ၊ အားလုံးဘေးရန်ကင်းရှင်းကြပါစေ ၊ ကမ္ဘာမြေတစ်ခုထဲမှာအတူတူနေထိုင်နေကြတဲ့သူတွေပါ ။

ယာယီစစ်ဘေးရှောင်အဖြစ်ရောက်ရှိလာကြတဲ့ မြန်မာနိုင်ငံသားတွေကိုကျွန်တော်တို့ မဲဆောက်နယ်

မြေခံတပ်ဖွဲ့ဝင်တွေက မိတ်ဆွေကောင်းပီသစွာနဲ့ ကူညီစောင့်ရှောက်ပေးသွားပါ့မယ် ၊ စစ်ပွဲများမြန်မြန်ကုန်ဆုံးပါစေ ဗျာ 🙏

Photo Credit

ဘာသာပြန်ဆိုသည်

#SiThuMaung

#ကျေးဇူးတင်ပါသည် #หนีภัยสงครามข้ามมาหลบภัยชั่วคราว #ชายแดนแม่สอด #ภาวนาให้สงครามหมดไปครับ

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.