Local News

လေယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် ကေအဲန်ယူတပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံးမှုရှိ

လေယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် ကေအဲန်ယူတပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံးမှုရှိ

ဒီဇင်ဘာ ၂၅ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ

လေးကေကော်ဒေသတွင် ယနေ့ ဒီဇင်ဘာ ၂၅ရက်နေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့သည့် လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှု အတွင်း နယ်မြေခံ ကေအဲန်ယူတပ်ဖွဲ့ဝင်အချို့ အပါအဝင် ၅ဦးထက်မနည်း ထိခိုက်ကျဆုံးမှုရှိသည်ဟု သိရသည်။

ယနေ့ မွန်းလွဲ ၁နာရီခွဲခန့်တွင် စစ်ကောင်ဘက်မှ လေယာဉ်ဖြင့် နှစ်ကြိမ် လာရောက်တိုက်ခိုက်ခဲ့ရာတွင် ထီးမယ်ဝါးခီး ကျေးရွာအဝင်ရှိ KNLA စစ်ဆေးရေးဂိတ်မှ တပ်သားအချို့ ထိခိုက်ကျဆုံးပြီး ဒေသခံရွာသား ၅ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု မြေပြင်သတင်းအရ သိရသော်လည်း အတိအကျကို စုံစမ်းနေဆဲဖြစ်သည်။

ယနေ့ နံနက်ပိုင်းကတည်းက စတင် ဖြစ်ပွားသည့် တိုက်ပွဲတွင် နယ်ခြားစောင့်တပ် BGF နှင့် စစ်ကောင်စီ ပူးပေါင်းတပ် တို့က လက်ခတ်တောင်နှင့် ကျောက်ဂူဘုရားကုန်းဘက်မှနေ၍ တောင်ကြောအတိုင်း စစ်ကြောင်းထိုးတက်လာပြီး

လေးကေကော်ရပ်ကွက်များသို့မရောက်ခင် တောင်ယာခင်းများမှ ဖြတ်ဆင်းလာကာ မြေပြင်ရှိ ထီးမယ်ဝါးခီး စစ်ဆေး ရေးဂိတ်ကို လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု KNLA ဘက်က ပြောသည်။

KNLA ဘက်မှ တိုက်ပွဲအတွင်း ပါဝင် တိုက်ခိုက်နေသူတစ်ဦးက “ဒီနေ့ ပစ်ခတ်တာက နေ့ခင်းပိုင်း တစ်နာရီအကျော်မှာ ရဟတ်ယာဥ်က ၂ပတ်လောက် ပျံနေပြီး ထီးမယ်ဝါးခီးရွာထိပ်က လုံခြုံရေးစစ်ဆေးရေးလုပ်တဲ့ KNLA ဂိတ်ကို လေယာဥ်က စက်သေနတ်နဲ့ ပစ်တယ်။

ရွာထဲ ကို ဗုံးကြဲချတယ်။ အဲ့နားရှိနေတဲ့ တပ်ဖွဲ့ဝင်တွေ ထိခိုက်ကုန်တယ်။ ရွာသားတချို့ ဗုံးစမှန်တယ်။ အိမ်တစ်လုံး မီးနဲနဲလောင်သလို ဖြစ်သွားတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ယနေ့မှာ ခရစ်ယာန်ဘာသာဝင်များ၏ ခရစ်စမတ်နေ့ပွဲတော်ရက် ဖြစ်သော်လည်း တိုက်ပွဲကြောင့် ထိုင်း-မြန်မာနယ်စပ် တစ်လျှောက် စစ်ဘေးရှောင်သူများအနေဖြင့် သောင်ရင်းမြစ်ဘေးတစ်လျှောက်ရှိ

ထိုင်းဘက်ခြမ်းတောင်ယာခြံများသို့ လည်းကောင်း၊ မြန်မာဘက်ခြမ်း ဝေါလေသုံးထပ်ကွေ့၊ ကျောက်ခက်ကျေးရွာနှင့် ဆုံဆည်းမြိုင်ကျေးရွာဘက်သို့လည်း အစုအဖွဲ့အလိုက် တိမ်းရှောင်ရွှေ့ပြောင်းနေကြရသည်

အဆိုပါ ထီးမယ်ဝါးခီးရွာရှိ KNU စခန်းမှာ စစ်ကောင်စီ၏ သိမ်းပိုက်ခြင်းခံရပြီဖြစ်ကြောင်း သတင်းထွက်နေမှုနှင့်ပတ် သက်၍ ဒေသတွင်း သတင်းအရင်းအမြစ်များထံ စုံစမ်းရာ

လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်နေမှုကြောင့် မြေပြင် တိုက်ပွဲအတွင်း နောက်ဆုတ်ထားသည့် အခြေအနေသာဖြစ်ပြီး စခန်းကျသွားခြင်းမျိုးမဟုတ်သေးကြောင်း KNLA ဘက် က ပြောသည်။

ယနေ့တိုက်ပွဲတွင် မွန်းလွဲတစ်ကြိမ်၊ ညနေပိုင်းတစ်ကြိမ် စစ်ကောင်စီက လေယာဉ်ဖြင့် သွားရောက်တိုက်ခိုက်ခဲ့သည့်အ ပြင် မြေပြင်ထိုးစစ်အားဖြင့် စစ်ကောင်စီက မေတ္တာလင်းမြိုင်ကျေးရွာဘက်မှ

၈၀-မမ လက်နက်ကြီးများနှင့် ပစ်ခတ်နေ ခြင်းဖြစ်ကြောင်း တိုက်ပွဲဖြစ်ရာနယ်မြေတွင် ရှိနေသည့်သတင်းအရင်းအမြစ်အရ သိရသည်။#KICPhoto-Kahsaw Wah

Zawgyi

ေလယာဥ္ျဖင့္ ပစ္ခတ္မႈေၾကာင့္ ေကအဲန္ယူတပ္ဖြဲ႕ဝင္အခ်ိဳ႕ ထိခိုက္က်ဆုံးမႈ႐ွိ

ဒီဇင္ဘာ ၂၅ရက္၊ ၂၀၂၁ခုႏွစ္။ ေကအိုင္စီ

ေလးေကေကာ္ေဒသတြင္ ယေန႔ ဒီဇင္ဘာ ၂၅ရက္ေန႔ မြန္းလြဲပိုင္းက ျဖစ္ပြားခဲ့သည့္ ေလယာဥ္ျဖင့္ ပစ္ခတ္တိုက္ခိုက္မႈ အတြင္း နယ္ေျမခံ ေကအဲန္ယူတပ္ဖြဲ႕ဝင္အခ်ိဳ႕ အပါအဝင္ ၅ဦးထက္မနည္း ထိခိုက္က်ဆုံးမႈ႐ွိသည္ဟု သိရသည္။

ယေန႔ မြန္းလြဲ ၁နာရီခြဲခန္႔တြင္ စစ္ေကာင္ဘက္မွ ေလယာဥ္ျဖင့္ ႏွစ္ႀကိမ္ လာေရာက္တိုက္ခိုက္ခဲ့ရာတြင္ ထီးမယ္ဝါးခီး ေက်း႐ြာအဝင္႐ွိ KNLA စစ္ေဆးေရးဂိတ္မွ တပ္သားအခ်ိဳ႕ ထိခိုက္က်ဆုံးၿပီး ေဒသခံ႐ြာသား ၅ဦးထက္မနည္း ထိခိုက္ ဒဏ္ရာရ႐ွိခဲ့သည္ဟု ေျမျပင္သတင္းအရ သိရေသာ္လည္း အတိအက်ကို စုံစမ္းေနဆဲျဖစ္သည္။

ယေန႔ နံနက္ပိုင္းကတည္းက စတင္ ျဖစ္ပြားသည့္ တိုက္ပြဲတြင္ နယ္ျခားေစာင့္တပ္ BGF ႏွင့္ စစ္ေကာင္စီ ပူးေပါင္းတပ္ တို႔က လက္ခတ္ေတာင္ႏွင့္ ေက်ာက္ဂူဘုရားကုန္းဘက္မွေန၍ ေတာင္ေၾကာအတိုင္း စစ္ေၾကာင္းထိုးတက္လာၿပီး

ေလးေကေကာ္ရပ္ကြက္မ်ားသို႔မေရာက္ခင္ ေတာင္ယာခင္းမ်ားမွ ျဖတ္ဆင္းလာကာ ေျမျပင္႐ွိ ထီးမယ္ဝါးခီး စစ္ေဆး ေရးဂိတ္ကို လက္နက္ႀကီးမ်ားျဖင့္ အဆက္မျပတ္ ပစ္ခတ္ခဲ့ျခင္းျဖစ္သည္ဟု KNLA ဘက္က ေျပာသည္။

KNLA ဘက္မွ တိုက္ပြဲအတြင္း ပါဝင္ တိုက္ခိုက္ေနသူတစ္ဦးက “ဒီေန႔ ပစ္ခတ္တာက ေန႔ခင္းပိုင္း တစ္နာရီအေက်ာ္မွာ ရဟတ္ယာဥ္က ၂ပတ္ေလာက္ ပ်ံေနၿပီး ထီးမယ္ဝါးခီး႐ြာထိပ္က လုံျခဳံေရးစစ္ေဆးေရးလုပ္တဲ့ KNLA ဂိတ္ကို ေလယာဥ္က စက္ေသနတ္နဲ႔ ပစ္တယ္။

႐ြာထဲ ကို ဗုံးႀကဲခ်တယ္။ အဲ့နား႐ွိေနတဲ့ တပ္ဖြဲ႕ဝင္ေတြ ထိခိုက္ကုန္တယ္။ ႐ြာသားတခ်ိဳ႕ ဗုံးစမွန္တယ္။ အိမ္တစ္လုံး မီးနဲနဲေလာင္သလို ျဖစ္သြားတယ္။”ဟု ေကအိုင္စီသို႔ ေျပာသည္။

ယေန႔မွာ ခရစ္ယာန္ဘာသာဝင္မ်ား၏ ခရစ္စမတ္ေန႔ပြဲေတာ္ရက္ ျဖစ္ေသာ္လည္း တိုက္ပြဲေၾကာင့္ ထိုင္း-ျမန္မာနယ္စပ္ တစ္ေလွ်ာက္ စစ္ေဘးေ႐ွာင္သူမ်ားအေနျဖင့္ ေသာင္ရင္းျမစ္ေဘးတစ္ေလွ်ာက္႐ွိ

ထိုင္းဘက္ျခမ္းေတာင္ယာျခံမ်ားသို႔ လည္းေကာင္း၊ ျမန္မာဘက္ျခမ္း ေဝါေလသုံးထပ္ေကြ႕၊ ေက်ာက္ခက္ေက်း႐ြာႏွင့္ ဆုံဆည္းၿမိဳင္ေက်း႐ြာဘက္သို႔လည္း အစုအဖြဲ႕အလိုက္ တိမ္းေ႐ွာင္ေ႐ႊ႕ေျပာင္းေနၾကရသည္

အဆိုပါ ထီးမယ္ဝါးခီး႐ြာ႐ွိ KNU စခန္းမွာ စစ္ေကာင္စီ၏ သိမ္းပိုက္ျခင္းခံရၿပီျဖစ္ေၾကာင္း သတင္းထြက္ေနမႈႏွင့္ပတ္ သက္၍ ေဒသတြင္း သတင္းအရင္းအျမစ္မ်ားထံ စုံစမ္းရာ

လက္နက္ႀကီး အဆက္မျပတ္ ပစ္ခတ္ေနမႈေၾကာင့္ ေျမျပင္ တိုက္ပြဲအတြင္း ေနာက္ဆုတ္ထားသည့္ အေျခအေနသာျဖစ္ၿပီး စခန္းက်သြားျခင္းမ်ိဳးမဟုတ္ေသးေၾကာင္း KNLA ဘက္ က ေျပာသည္။

ယေန႔တိုက္ပြဲတြင္ မြန္းလြဲတစ္ႀကိမ္၊ ညေနပိုင္းတစ္ႀကိမ္ စစ္ေကာင္စီက ေလယာဥ္ျဖင့္ သြားေရာက္တိုက္ခိုက္ခဲ့သည့္အ ျပင္ ေျမျပင္ထိုးစစ္အားျဖင့္ စစ္ေကာင္စီက ေမတၱာလင္းၿမိဳင္ေက်း႐ြာဘက္မွ

၈၀-မမ လက္နက္ႀကီးမ်ားႏွင့္ ပစ္ခတ္ေန ျခင္းျဖစ္ေၾကာင္း တိုက္ပြဲျဖစ္ရာနယ္ေျမတြင္ ႐ွိေနသည့္သတင္းအရင္းအျမစ္အရ သိရသည္။#KICPhoto-Kahsaw Wah

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.