Local News

ရန်ကုန်ကွမ်းခြံကုန်းမြို့နယ် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို PDFက ၄၀မမ ဗုံး လက်နက်ဖြင့်ပစ်ခတ်

ရန်ကုန်ကွမ်းခြံကုန်းမြို့နယ် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို PDFက ၄၀မမ ဗုံး လက်နက်ဖြင့်ပစ်ခတ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် မဆယ်ဆိပ်ကျေးရွာအထွက် ကွမ်းခြံကုန်းပိုင် တော်ခရမ်းလေးကျေးရွာအဝင် လမ်းထိပ်က အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်ကို ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၃ နာရီ ၃၅မိနစ်ခန့်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ PDFက ၄၀ မမ ဗုံးသီးလက်နက်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ကော့မှူးသတင်းအေဂျင်စီထံမှ သိရှိရသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် စစ်ကောင်စီတပ်များ ထိခိုက်သေဆုံးမှု ရှိ၊ မရှိ မသိရသေးကြောင်း ဒေသကာ ကွယ်ရေး PDF နှင့်နီးစပ်သူများထံမှ သိရှိရသည်။

“တော်ခရမ်းလေးရွာအဝင် လမ်းထိပ်က စစ်တပ် ကင်းတဲ ဒီမနက် ၃နာရီခွဲလောက်က ဗုံးနဲ့ အပစ်ခံရတယ်လို့တော့ ကြားတယ် ထိခိုက်မှု ရှိ/မရှိ‌တော့ မသိဘူး ”ဟု ဒေသခံတစ်ဦးက Kawhmu News Agencyသို့ ပြောဆိုသည်။

ဒီဇင်ဘာလ (၁၈)ရက်နေ့ ကော့မှူးမြို့နယ် မီးသတ်စခန်းကို ဒေသကာ ကွယ်ရေးတပ်ဖွဲ့များက ၄၀ မမ ဗုံးသီးလက်နက်ဖြင့် ပစ်ခတ်ခဲ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဩဂုတ်လ ၁ ရက်နေ့ ရန်ကုန်မြို့လယ်ခေါင်တွင် စစ်ကောင်စီတပ်များလုံခြုံရေးအပြည့်ဖြင့် နေရာယူထားစဉ်။

Zawgyi

ရန္ကုန္ကြမ္းျခံကုန္းၿမိဳ႕နယ္ စစ္ေကာင္စီတပ္ စစ္ေဆးေရးဂိတ္ကို PDFက ၄၀မမ ဗုံး လက္နက္ျဖင့္ပစ္ခတ္

ရန္ကုန္၊ ဒီဇင္ဘာ ၂၆

ရန္ကုန္ေတာင္ပိုင္းခ႐ိုင္၊ ေကာ့မႉးၿမိဳ႕နယ္ မဆယ္ဆိပ္ေက်း႐ြာအထြက္ ကြမ္းျခံကုန္းပိုင္ ေတာ္ခရမ္းေလးေက်း႐ြာအဝင္ လမ္းထိပ္က အၾကမ္းဖက္စစ္ေကာင္စီတပ္၏ စစ္ေဆးေရးဂိတ္ကို ဒီဇင္ဘာလ ၂၆ ရက္ေန႔ နံနက္ ၃ နာရီ ၃၅မိနစ္ခန္႔တြင္ ေဒသကာကြယ္ေရးတပ္ဖြဲ႕ PDFက ၄၀ မမ ဗုံးသီးလက္နက္ျဖင့္ ပစ္ခတ္ခဲ့ေၾကာင္း ေကာ့မႉးသတင္းေအဂ်င္စီထံမွ သိ႐ွိရသည္။

ထိုသို႔ ပစ္ခတ္ခံရမႈေၾကာင့္ စစ္ေကာင္စီတပ္မ်ား ထိခိုက္ေသဆုံးမႈ ႐ွိ၊ မ႐ွိ မသိရေသးေၾကာင္း ေဒသကာ ကြယ္ေရး PDF ႏွင့္နီးစပ္သူမ်ားထံမွ သိ႐ွိရသည္။

“ေတာ္ခရမ္းေလး႐ြာအဝင္ လမ္းထိပ္က စစ္တပ္ ကင္းတဲ ဒီမနက္ ၃နာရီခြဲေလာက္က ဗုံးနဲ႔ အပစ္ခံရတယ္လို႔ေတာ့ ၾကားတယ္ ထိခိုက္မႈ ႐ွိ/မ႐ွိ‌ေတာ့ မသိဘူး ”ဟု ေဒသခံတစ္ဦးက Kawhmu News Agencyသို႔ ေျပာဆိုသည္။

ဒီဇင္ဘာလ (၁၈)ရက္ေန႔ ေကာ့မႉးၿမိဳ႕နယ္ မီးသတ္စခန္းကို ေဒသကာ ကြယ္ေရးတပ္ဖြဲ႕မ်ားက ၄၀ မမ ဗုံးသီးလက္နက္ျဖင့္ ပစ္ခတ္ခဲ့သျဖင့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား ေသဆုံးခဲ့ေၾကာင္း သိ႐ွိရသည္။

ဓာတ္ပုံ- ဩဂုတ္လ ၁ ရက္ေန႔ ရန္ကုန္ၿမိဳ႕လယ္ေခါင္တြင္ စစ္ေကာင္စီတပ္မ်ားလုံျခဳံေရးအျပည့္ျဖင့္ ေနရာယူထားစဥ္။