Local News

မသုံးတော့တဲ့ ရေငုတ်သင်္ဘောကြီးပေးပြီး တ ရုတ်က စစ်ကောင်စီ ကို ဂျင်းထည့်

မသုံးတော့တဲ့ ရေငုတ်သင်္ဘောကြီးပေးပြီး တ ရုတ်က စစ်ကောင်စီ ကို ဂျင်းထည့်

ယမန်နေ့ ဒီဇင်ဘာ ၂၄ ရက်ဟာ တပ်မတော်ရေ နှစ်ပတ်လည်နေ့ဖြစ်ပြီး မနှစ်က အဲဒီလိုနှစ်ပတ်လည်နေ့မှာ အိန္ဒိယကရတဲ့ ရေငုပ်သင်္ဘော မင်းရဲသိင်္ခသူ တပ်တော်ဝင်ခဲ့ပြီး ပထမဆုံး ရေငုပ်သင်္ဘော တပ်ဖွဲ့ကို စတင်ဖွဲ့စည်းနိုင်ခဲ့တယ်လို့ စစ်တပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်

၁၉၇၀ ဝန်းကျင်က တည်ဆောက်ခဲ့ပြီး တိုက်ခိုက်ရေးအတွက်အသုံးမဝင်တော့တဲ့ တရုတ်ရဲ့Type 035 ရေငုပ်သင်္ဘောအဟောင်းကို အာဏာသိမ်းစစ်တပ်က မနေ့က ရေတပ်နှစ်ပတ်လည်အခမ်းအနားမှာ တခမ်းတနားဂုဏ်ပြုခဲ့ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင်တက်ရောက်ခဲ့တယ်လို့ အာဆီယံစစ်ရေးနဲ့ ရေငုပ်သင်္ဘောကျွမ်းကျင်သူတွေကပြောပါတယ်

တရုတ်ရဲ့ Type 035 ရေငုပ်သင်္ဘောဟာ ဒီဇင်ဘာ ၂၀ ရက်နေ့ကမှ တရုတ်အလံလွှင့်ထူပြီး ရေအောက်က မဟုတ်ပဲ ရေပေါ်ကနေပဲ မလက်ကာရေလက်ကြားကနေ မြန်မာနိုင်ငံဘက်ကို မှောင်းနှင်သွားတာလို့ စင်ကာပူရေတပ်တာဝန်ရှိသူတွေကပြောပါတယ်

ဒီဇင်ဘာ ၂၀ ရက်နေ့က တရုတ်အလံလွှင့်ပြီးသွားတဲ့ လေ့ကျင့်ရေး ရေငုပ်သင်္ဘောဟာ ၂၄ ရက်နေ့မှာ မြန်မာစစ်တပ်ပိုင် ဘာကြောင့်ဖြစ်သွားလဲဆိုတာတော့ နားမလည်ဘူးလို့ဆိုကြပါတယ်အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်ခရီးစဉ်အမှီ အရေးပေါ် လက်ဆောင်ပေးလိုက်တဲ့သဘောလည်းဖြစ်နိုင်တယ်ဆိုပါတယ်

အာဏာမသိမ်းခင်လေးကလည်း အိန္ဒိယရေတပ်က အသုံးမပြုတော့တဲ့ ရေငုပ်သင်္ဘောတစီး ကို မြန်မာရေတပ်လေ့ကျင့်ရေးအတွက် လွှဲပြောင်းပေးခဲ့သေးပါတယ် တရုတ်နဲ့အိန္ဒိယရေတပ်တွေက အသုံးမပြုတော့တဲ့ ရေငုပ်သင်္ဘောတွေကို မြန်မာစစ်တပ်က အလကားလက်ဆောင်ရတာလား ဒေါ်လာနဲ့ ပေးဝယ်ရတာလားဆိုတာလည်း ရှင်းရှင်းလင်းလင်းမရှိဘူးဆိုကြပါတယ်

သင်္ဘောအဟောင်းတွေကို တပ်တော်ဝင်အခမ်းအနားတွေနဲ့ကျင်းပနေတာဟာ မြန်မာစစ်တပ်ခေါင်းဆောင်ပိုင်းဟာ အလကားလက်ဆောင်ရထားတာတွေကို ဒေါ်လာသန်းချီအကုန်အကျခံဝယ်ထားတဲ့ပုံမျိုး သူ့စစ်တပ်ကို လုပ်ပြနေတဲ့သဘောလို့လည်း တချို့ကသုံးသပ်ကြပါတယ်

စစ်ခေါင်းဆောင်တွေအနေနဲ့ အရင် စစ်ခေါင်းဆောင်တွေလုပ်ခဲ့သလိုမျိုးပဲ အသုံးမပြုတော့တဲ့ Type 035 အမျိုးအစားကို တရုတ်ရေတပ်မှာ လက်ရှိသုံးနေတဲ့ Type 035 BG အမျိုးအစားလို့ အမည်ပြောင်းတပ်ပြီး သူ့တပ်သူလိမ်ပြီး ဒေါ်လာတွေဘုံးတာက ဖြစ်နိုင်ချေပိုများတယ်လို့ အများစုက သုံးသပ်ပါတယ်

ဒါ့အပြင် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိခဲ့လို့ မည်သို့မှရှောင်လွှဲလို့မရတဲ့ အခြေအနေဖြစ်ပေါ်လာခဲ့တာကြောင့် ၂၀၀၈ ဖွဲ့စည်းပုံနဲ့အညီစစ်တပ်က နိုင်ငံတော်တာဝန်ကိုထမ်းဆောင်ခဲ့တာလို့ ဒီဇင်ဘာ ၂၃ရက်ရန်ကုန်တစ်ရက်တာခရီးစဉ်အတွင်း သူနဲ့တွေ့ဆုံခဲ့သူတိုင်းနဲ့ တွေ့ဆုံချိန်မှာပြောကြားခဲ့ပြီး ၂၀၂၃ ခုနှစ်သြဂုတ်လအတွင်း ရွေးကောက်ပွဲကျင်းပမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောဆိုခဲ့ပါသေးတယ်

ပြည်သူကိုကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီတွေကို အကြိမ်ကြိမ်တွေ့ဆုံဖို့ကြိုးစားပေမယ့် လာရောက်တွေ့ဆုံဆွေးနွေးခြင်းမရှိကြကြောင်း ၎င်းက ထပ်လောင်း ပြောဆိုပါတယ်

နိုင်ငံရေးအကဲခတ်တွေကတော့ စစ်ကောင်စီဥက္ကဋ္ဌဟာ တပ်မိသားစုနဲ့ နိုင်ငံတကာကို ယုံကြည်အောင် ပြောဆိုဖို့ကြိုးစားနေတဲ့လုပ်ရပ်ဖြစ်ပြီး လုပ်ရပ်နဲ့ လက်တွေ့မှာ ကွာခြားမှုတွေရှိနေသလို ဒေသကာကွယ်ရေးတပ်တွေကလည်း တွေ့ဆုံဆွေးနွေးဖို့ ဆိုပြီး ဆန့်ကျင်နေကြတာမဟုတ်လို့ ဆွေးနွေးဖို့ရှိကြမှာမဟုတ်ကြောင်းထောက်ပြသုံးသပ်နေကြပါတယ်

Zawgyi












About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.