Local News

PDF ကိုတောနင်းရှာဖွေရန်လာသော စကစတပ်များအား PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစတပ်သား (၁၅) ဦးပွဲချင်းပြီးသေဆုံး

PDF ကိုတောနင်းရှာဖွေရန်လာသော စကစတပ်များအား PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစတပ်သား (၁၅) ဦးပွဲချင်းပြီးသေဆုံး

ဒီဇင်ဘာ ၂၆၊ PDF Newsflash

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် ဒီဇင်ဘာ ၂၃ ရက်နေ့က PDF ကို တောနင်းရှာဖွေရန်လာသော အကြမ်းဖက်စစ်ကောင်စီတပ်များ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား (၁၅) ဦးသေဆုံးကာ ဒဏ်ရာရသူများလည်းရှိကြောင်း သိရသည်။

” ယုံထိုးတောင်သို့ စခများ တောနင်းမည်ဟု သတင်းအရ သွားရောက်စောင့်ဆိုင်း၍ မနက် ၁၀ နာရီတွင် စကစယာဥ်(၂)စီးအား ပဒေသာမိုင်း (၁) ကြိမ်၊ ညပိုင်းကင်းပုန်းဝတ်နေသော စခများအား (၁) ကြိမ် အဝေးထိန်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည် ” ဟု Zero ပြောက်ကျားအဖွဲ့ကထုတ်ပြန်သည်။

အဆိုပါစစ်ဆင်ရေးဆောင်ရွက်ခဲ့သော ရဲဘော်များ ဘေးကင်းလုံခြုံရာသို့ ရောက်ရှိပြီးမှ သတင်းထုတ်ပြရသည့်အတွက် ထုတ်ပြန်ချက် နောက်ကျနေခြင်းဖြစ်ကြောင်း Zero ပြောက်ကျားအဖွဲ့ကဆိုသည်။

#PDFNewsflash

Zawgyi






#PDFNewsflash

About the author

admin

Add Comment

Click here to post a comment