Local News

အာဏာသိမ်း စစ်ကောင်စီမှ သယံဇာတများကို ရွှေတြိဂံနယ်မြေမှ တဆင့် တ ရုတ်ပြည်သို့ ထုတ်ရောင်းနေ

အာဏာသိမ်း စစ်ကောင်စီမှ သယံဇာတများကို ရွှေတြိဂံနယ်မြေမှ တဆင့် တ ရုတ်ပြည်သို့ ထုတ်ရောင်းနေ

ထက်ခေါင်လင်း/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၆ ရက်

အာဏာသိမ်း စစ်ကောင်စီသည် ၎င်းတို့၏ ဘတ်ဂျက်လိုအပ်ချက်အရ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ ခနောက်စိမ်းနှင့် Rare သတ္ထုများကို တာချီလိတ်၊ မိုင်းလားမှတဆင့် ရွှေတြိဂံနယ်မြေမှ တရုတ်နိုင်ငံသို့ ရောင်းချနေကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ဝင် တချို့ထံမှ သိရသည်။

အထူးသဖြင့် ကျောက်စိမ်းနှင့် ပတ္တမြားကို ယခင်က လေလံတင် ကျောက်ပြပွဲများ ကျင်းပခဲ့သော်လည်း ဝယ်ယူသူ မရှိတော့သဖြင့် အဆိုပါလမ်းကြောင်းမှတဆင့် တရုတ်ကုန်သည်များနှင့် ချိတ်ဆက်ကာ ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။

“ပြောချင်တာက သူတို့ဟာ သယံဇာတ တွင်းထွက်တွေကို အရင်လို လမ်းကြောင်းမရှိတော့လို့ ရွှေတိဂံနယ်မြေကို အသုံးပြုလာတာ။ အဲ့ဒီရဲ့ အကျိုးအမြတ်ဟာ သူတို့စစ် အသုံးစရိတ်ထဲ ပါမလားတော့ ကျနော်ယူဆတယ်။ သူတို့မှာ လက်ရှိငွေသားနဲ့ တရုတ်ငွေ ယွမ်ကို ချိန်ထိုးလိုက်တာပဲကြည့်ရင် ပိုသိသာတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိအချိန်တွင် နိုင်ငံတကာမှ မြန်မာငွေကျပ်၏ အသုံးဝင်မှုကို စီးပွားရေး ပိတ်ဆို့မှု ထပ်မံဖြစ်ပွားလျှင် အခက်တွေ့နိုင်သဖြင့် အာဏာသိမ်း စစ်ကောင်စီအနေဖြင့် တရုတ်ယွမ်ငွေကို အစားထိုးရန်အတွက် ပြင်ဆင်နေသည်ဟု ယူဆနိုင်ဖွယ်ရှိကြောင်း၊

သို့ရာတွင် တရတု်နိုင်ငံအနေဖြင့် အာဏာသိမ်း စစ်ကောင်စီကို ယွမ်ငွေ အသုံးပြုရန်အတွက် တရားဝင် သုံးခွင့် ပေးခြင်း၊ မပေးခြင်းကိစ္စကိုလည်း ရှင်းရှင်းလင်းလင်း မသိရှိသေးကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရအဖွဲ့ NUG ၏ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ဝန်ကြီး ဦးစိုးသူရထွန်းက မှတ်ချက်ပြုသည်။

အာဏာသိမ်း စစ်တပ်အနေဖြင့် ယခင်ကတိုင်း ၎င်းတို့၏ ဘတ်ဂျက်လိုငွေ ပြမှုအပေါ်တွင် သယံဇာတများအပေါ် ရသည့်နည်းလမ်းဖြင့် အသုံးပြုကာ ဖြည့်တင်းခဲ့သည့် ဖြစ်ရပ်များစွာ ဖြစ်ပေါ်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် သိသာသည့် လုပ်ရပ်တခု ဖြစ်သည်ဟု ၎င်းက ပြောသည်။

“အလွယ်ဆုံး ပြောရရင် သူတို့မှာ ဝင်ငွေနည်းနေတယ်။ လျှပ်စစ်ဂဏ္ဍမှာလည်း သူတို့ ထိခိုက်နေတယ်။ အခွန်ဂဏ္ဍမှာလည်း ထိခိုက်နေတယ်။ အောင်ဘာလေထီ၊ ဗဟိုဘဏ် ငွေတိုက်စာချုပ် ထုတ်ရောင်းတာကအစပေါ့။ အဲ့ဒီတော့ သူတို့ နစ်နာလာတဲ့အခါမှာ ရတဲ့နည်းလမ်းက ဒီသယံဇာတတွေပဲ။

အရင်ကလည်း စစ်အစိုးရအဆက်ဆက် ဒီဂဏ္ဍကိုပဲ စိတ်ဝင်စားခဲ့ကြတာ။ ကျနော်တို့ အရပ်ဘက် အစိုးရလက်ထက်က အဲ့ဒီထက် နည်းပညာနဲ့ လူ့အစွမ်းအား အရင်းအမြစ်တွေကို မှီပြီး တိုင်းပြည်တိုးတက်ရေး လုပ်ခဲ့ကြတာ” ဟု ၎င်းက ဆိုသည်။

Zawgyi

အာဏာသိမ္း စစ္ေကာင္စီမွ သယံဇာတမ်ားကို ေ႐ႊႀတိဂံနယ္ေျမမွ တဆင့္ တ႐ုတ္ျပည္သို႔ ထုတ္ေရာင္းေန

ထက္ေခါင္လင္း/ဧရာဝတီတိုင္းမ္
ဒီဇင္ဘာ ၂၆ ရက္

အာဏာသိမ္း စစ္ေကာင္စီသည္ ၎တို႔၏ ဘတ္ဂ်က္လိုအပ္ခ်က္အရ ေက်ာက္စိမ္း၊ ပတၱျမား၊ နီလာ၊ ခေနာက္စိမ္းႏွင့္ Rare သတၳဳမ်ားကို တာခ်ီလိတ္၊ မိုင္းလားမွတဆင့္ ေ႐ႊႀတိဂံနယ္ေျမမွ တ႐ုတ္ႏိုင္ငံသို႔ ေရာင္းခ်ေနေၾကာင္း သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးအဖြဲ႕ဝင္ တခ်ိဳ႕ထံမွ သိရသည္။

အထူးသျဖင့္ ေက်ာက္စိမ္းႏွင့္ ပတၱျမားကို ယခင္က ေလလံတင္ ေက်ာက္ျပပြဲမ်ား က်င္းပခဲ့ေသာ္လည္း ဝယ္ယူသူ မ႐ွိေတာ့သျဖင့္ အဆိုပါလမ္းေၾကာင္းမွတဆင့္ တ႐ုတ္ကုန္သည္မ်ားႏွင့္ ခ်ိတ္ဆက္ကာ ေရာင္းခ်ေနျခင္းျဖစ္ေၾကာင္း သိရသည္။

“ေျပာခ်င္တာက သူတို႔ဟာ သယံဇာတ တြင္းထြက္ေတြကို အရင္လို လမ္းေၾကာင္းမ႐ွိေတာ့လို႔ ေ႐ႊတိဂံနယ္ေျမကို အသုံးျပဳလာတာ။ အဲ့ဒီရဲ႕ အက်ိဳးအျမတ္ဟာ သူတို႔စစ္ အသုံးစရိတ္ထဲ ပါမလားေတာ့ က်ေနာ္ယူဆတယ္။ သူတို႔မွာ လက္႐ွိေငြသားနဲ႔ တ႐ုတ္ေငြ ယြမ္ကို ခ်ိန္ထိုးလိုက္တာပဲၾကည့္ရင္ ပိုသိသာတယ္” ဟု ၎က ဆိုသည္။

လက္႐ွိအခ်ိန္တြင္ ႏိုင္ငံတကာမွ ျမန္မာေငြက်ပ္၏ အသုံးဝင္မႈကို စီးပြားေရး ပိတ္ဆို႔မႈ ထပ္မံျဖစ္ပြားလွ်င္ အခက္ေတြ႕ႏိုင္သျဖင့္ အာဏာသိမ္း စစ္ေကာင္စီအေနျဖင့္ တ႐ုတ္ယြမ္ေငြကို အစားထိုးရန္အတြက္ ျပင္ဆင္ေနသည္ဟု ယူဆႏိုင္ဖြယ္႐ွိေၾကာင္း၊

သို႔ရာတြင္ တရတု္ႏိုင္ငံအေနျဖင့္ အာဏာသိမ္း စစ္ေကာင္စီကို ယြမ္ေငြ အသုံးျပဳရန္အတြက္ တရားဝင္ သုံးခြင့္ ေပးျခင္း၊ မေပးျခင္းကိစၥကိုလည္း ႐ွင္း႐ွင္းလင္းလင္း မသိ႐ွိေသးေၾကာင္း အမ်ိဳးသား ညီၫြတ္ေရး အစိုးရအဖြဲ႕ NUG ၏ လွ်ပ္စစ္ႏွင့္ စြမ္းအင္ ဝန္ႀကီးဌာန ဝန္ႀကီး ဦးစိုးသူရထြန္းက မွတ္ခ်က္ျပဳသည္။

အာဏာသိမ္း စစ္တပ္အေနျဖင့္ ယခင္ကတိုင္း ၎တို႔၏ ဘတ္ဂ်က္လိုေငြ ျပမႈအေပၚတြင္ သယံဇာတမ်ားအေပၚ ရသည့္နည္းလမ္းျဖင့္ အသုံးျပဳကာ ျဖည့္တင္းခဲ့သည့္ ျဖစ္ရပ္မ်ားစြာ ျဖစ္ေပၚခဲ့သည္ကို ၾကည့္ျခင္းအားျဖင့္ သိသာသည့္ လုပ္ရပ္တခု ျဖစ္သည္ဟု ၎က ေျပာသည္။

“အလြယ္ဆုံး ေျပာရရင္ သူတို႔မွာ ဝင္ေငြနည္းေနတယ္။ လွ်ပ္စစ္ဂ႑မွာလည္း သူတို႔ ထိခိုက္ေနတယ္။ အခြန္ဂ႑မွာလည္း ထိခိုက္ေနတယ္။ ေအာင္ဘာေလထီ၊ ဗဟိုဘဏ္ ေငြတိုက္စာခ်ဳပ္ ထုတ္ေရာင္းတာကအစေပါ့။ အဲ့ဒီေတာ့ သူတို႔ နစ္နာလာတဲ့အခါမွာ ရတဲ့နည္းလမ္းက ဒီသယံဇာတေတြပဲ။

အရင္ကလည္း စစ္အစိုးရအဆက္ဆက္ ဒီဂ႑ကိုပဲ စိတ္ဝင္စားခဲ့ၾကတာ။ က်ေနာ္တို႔ အရပ္ဘက္ အစိုးရလက္ထက္က အဲ့ဒီထက္ နည္းပညာနဲ႔ လူ႕အစြမ္းအား အရင္းအျမစ္ေတြကို မွီၿပီး တိုင္းျပည္တိုးတက္ေရး လုပ္ခဲ့ၾကတာ” ဟု ၎က ဆိုသည္။

About the author

admin

Add Comment

Click here to post a comment