Local News

မိုင်းဆွဲခံရပြီး သေဆုံးခဲ့သော စစ်သား ၂ ဦးနှင့် BGF ၁ ဦးကို ဖြစ်သလို မြှုပ်နှံသွား (ရုပ်/သံ)

မိုင်းဆွဲခံရပြီး သေဆုံးခဲ့သော စစ်သား ၂ ဦးနှင့် BGF ၁ ဦးကို ဖြစ်သလို မြှုပ်နှံသွား (ရုပ်/သံ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

မွန်ပြည်နယ်၊ KNU တပ်မဟာ ၁ နယ်မြေ ဘီးလင်းမြို့နယ်၊ ပုရစ်ခိုရွာအနီးတွင် ဒီဇင်ဘာလ ၂၀ ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားသော စစ်တပ်မှ

စစ်သား ၂ ဦးနှင့် BGF တပ်ဖွဲ့ဝင် ၁ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖြစ်သလို မြှုပ်နှံသွားကြောင်း သထုံပြည်သူ့ပြောက်ကျားများ TPG ထံမှ သိရှိရသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့ ည ၇ နာရီ ၃၀မိနစ်ခန့်တွင် ပုရစ်ခိုကျေးရွာအနီး၌ KNU/KNLA တပ်မဟာ(၁)နှင့် သထုံပြည်သူ့ပြောက်ကျား(TPG)တို့ ပူးပေါင်း၍

BGFနှင့်စစ်ကောင်စီပူးပေါင်း စစ်ကြောင်းတစ်ခုကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှစ်ဦးနှင့် BGF တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။

Zawgyi


ရန်ကုန်၊ ဒီဇင်ဘာ ၂၇





Recent Comments

No comments to show.