Local News

မြန်မာ့အားကစား ကမ္ဘာတစ်ဝန်းကို လွှမ်းနေရမည်ဟု မဆိုလိုကြောင်း စစ်ခေါင်းဆောင်ပြော

“မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်”ဆိုတာဟာ မြန်မာ့အားကစားလုပ်ဆောင်မှုတွေ ကမ္ဘာတစ်ဝန်းကို လွှမ်းမိုးနေရမယ်လို့ မဆိုလိုတဲ့အကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောပါတယ်။

ဒီဇင်ဘာ ၂၆ ရက်က ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏ အမျိုးသား အားကစားပြိုင်ပွဲရုံ (၁) သို့ သွားရောက်ကြည့်ရှုရာမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်တာလို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။

သုဝဏ္ဏ ကစားရုံကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးတဲ့ တရုတ်နိုင်ငံကို ကျေးဇူးတင်ရှိကြောင်း၊ လက်ရှိမှာ နိုင်ငံရဲ့ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအားနည်းနေပြီး အားကစားကဏ္ဍတိုးတက်ရေး ချက်ချင်းဆောင်ရွက်လို့မရဘဲ

အဆင့်ဆင့်ပြန်လည်ပြင်ဆင် စနစ်တကျလုပ်ဆောင်သွားရမှာ ဖြစ်ကြောင်း၊ လာမယ့် ဆယ်စုနှစ်တစ်ခုအတွင်း ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်ကပြောပါတယ်။

“မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်”ဆိုတဲ့ မြန်မာ့အားကစားလုပ်ဆောင်မှုတွေဟာ ကမ္ဘာတစ်ဝန်းကိုလွှမ်းမိုးနေရမယ်လို့ မဆိုလိုဘဲ မြန်မာ့ရိုးရာအားကစားနည်းတွေကို ကမ္ဘာကသိရှိစေရေး ဆောင်ရွက်ရမှာဖြစ်ပြီး

ရိုးရာအားကစားနည်းတွေရဲ့ အဆင့်အတန်းမြင့်မားရေး၊ နိုင်ငံတကာပွဲတွေမှာ ထည့်သွင်းယှဉ်ပြိုင်နိုင်ရေးတို့အတွက်လည်း ဆက်လက်လုပ်ဆောင်သွားရမယ်လို့လည်း ဆိုပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ သုဝဏ္ဏဘောလုံးအားကစားကွင်းသို့လည်း သွားရောက်ကြည့်ရှုခဲ့ရာမှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော် က သုဝဏ္ဏဘောလုံး အားကစားကွင်း သမိုင်းအကျဉ်းနဲ့ ပြုပြင်ထိန်းသိမ်းဆောင်ရွက်ထားရှိမှု၊

လေ့ကျင့်ရေးကွင်းတွေ ထပ်မံတည်ဆောက်ထားရှိမှု၊ မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲတွေနဲ့ နိုင်ငံတကာအားကစားပြိုင်ပွဲတွေ လက်ခံကျင်းပခဲ့မှု အခြေအနေတွေကို ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

“မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်”ဆိုတဲ့ဆောင်ပုဒ်ကို ယခင်နဝတ စစ်အစိုးရခတ်ကတည်းက စတင် အသုံးပြုကြွေးကြော်ခဲ့တာဖြစ်ပြီး လက်ရှိအခြေအနေမှာတော့ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှု အခြေအနေတွေကြောင့်

အားကစားပြိုင်ပွဲတွေနဲ့ လှုပ်ရှားမှုတွေလည်း နည်းပါးသွားခဲ့ပြီး ဘောလုံးအပါအဝင် မြန်မာ့အားကစားကဏ္ဍဟာ ဒေသတွင်းမှာ အဆိုးရွားဆုံးအခြေအနေနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။

Photo-MOI , Source – DVB Burmese

Zawgyi

“ျမန္မာ့အားကစား ကမ႓ာကိုလႊမ္းရမည္”ဆိုတာဟာ ျမန္မာ့အားကစားလုပ္ေဆာင္မႈေတြ ကမ႓ာတစ္ဝန္းကို လႊမ္းမိုးေနရမယ္လို႔ မဆိုလိုတဲ့အေၾကာင္း အာဏာသိမ္းစစ္ေခါင္းေဆာင္က ေျပာပါတယ္။

ဒီဇင္ဘာ ၂၆ ရက္က ရန္ကုန္၊ သဃၤန္းကြၽန္းၿမိဳ႕နယ္႐ွိ သုဝဏၰ အမ်ိဳးသား အားကစားၿပိဳင္ပြဲ႐ုံ (၁) သို႔ သြားေရာက္ၾကည့္႐ႈရာမွာ စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္က ေျပာၾကားလိုက္တာလို႔ စစ္ေကာင္စီ ျပန္ၾကားေရးက သတင္းထုတ္ပါတယ္။

သုဝဏၰ ကစား႐ုံကို အဆင့္ျမႇင့္တင္ေဆာင္႐ြက္ေပးတဲ့ တ႐ုတ္ႏိုင္ငံကို ေက်းဇူးတင္႐ွိေၾကာင္း၊ လက္႐ွိမွာ ႏိုင္ငံရဲ႕ အားကစားက႑ ဖြံ႕ၿဖိဳးတိုးတက္မႈအားနည္းေနၿပီး အားကစားက႑တိုးတက္ေရး ခ်က္ခ်င္းေဆာင္႐ြက္လို႔မရဘဲ

အဆင့္ဆင့္ျပန္လည္ျပင္ဆင္ စနစ္တက်လုပ္ေဆာင္သြားရမွာ ျဖစ္ေၾကာင္း၊ လာမယ့္ ဆယ္စုႏွစ္တစ္ခုအတြင္း ဖြံ႕ၿဖိဳးတိုးတက္လာေအာင္ ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း စစ္ေခါင္းေဆာင္ကေျပာပါတယ္။

“ျမန္မာ့အားကစား ကမ႓ာကိုလႊမ္းရမည္”ဆိုတဲ့ ျမန္မာ့အားကစားလုပ္ေဆာင္မႈေတြဟာ ကမ႓ာတစ္ဝန္းကိုလႊမ္းမိုးေနရမယ္လို႔ မဆိုလိုဘဲ ျမန္မာ့႐ိုးရာအားကစားနည္းေတြကို ကမ႓ာကသိ႐ွိေစေရး ေဆာင္႐ြက္ရမွာျဖစ္ၿပီး

႐ိုးရာအားကစားနည္းေတြရဲ႕ အဆင့္အတန္းျမင့္မားေရး၊ ႏိုင္ငံတကာပြဲေတြမွာ ထည့္သြင္းယွဥ္ၿပိဳင္ႏိုင္ေရးတို႔အတြက္လည္း ဆက္လက္လုပ္ေဆာင္သြားရမယ္လို႔လည္း ဆိုပါတယ္။

အာဏာသိမ္းစစ္ေခါင္းေဆာင္ဟာ သုဝဏၰေဘာလုံးအားကစားကြင္းသို႔လည္း သြားေရာက္ၾကည့္႐ႈခဲ့ရာမွာ ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠ႒ ဦးေဇာ္ေဇာ္ က သုဝဏၰေဘာလုံး အားကစားကြင္း သမိုင္းအက်ဥ္းနဲ႔ ျပဳျပင္ထိန္းသိမ္းေဆာင္႐ြက္ထား႐ွိမႈ၊

ေလ့က်င့္ေရးကြင္းေတြ ထပ္မံတည္ေဆာက္ထား႐ွိမႈ၊ ျမန္မာေန႐ွင္နယ္လိဂ္ ေဘာလုံးၿပိဳင္ပြဲေတြနဲ႔ ႏိုင္ငံတကာအားကစားၿပိဳင္ပြဲေတြ လက္ခံက်င္းပခဲ့မႈ အေျခအေနေတြကို ႐ွင္းလင္းခဲ့တယ္လို႔ သိရပါတယ္။

“ျမန္မာ့အားကစား ကမ႓ာကိုလႊမ္းရမည္”ဆိုတဲ့ေဆာင္ပုဒ္ကို ယခင္နဝတ စစ္အစိုးရခတ္ကတည္းက စတင္ အသုံးျပဳေႂကြးေၾကာ္ခဲ့တာျဖစ္ၿပီး လက္႐ွိအေျခအေနမွာေတာ့ ျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉ ကပ္ေရာဂါနဲ႔ စစ္အာဏာသိမ္းမႈ အေျခအေနေတြေၾကာင့္

အားကစားၿပိဳင္ပြဲေတြနဲ႔ လႈပ္႐ွားမႈေတြလည္း နည္းပါးသြားခဲ့ၿပီး ေဘာလုံးအပါအဝင္ ျမန္မာ့အားကစားက႑ဟာ ေဒသတြင္းမွာ အဆိုး႐ြားဆုံးအေျခအေနနဲ႔ ၾကဳံေတြ႕ေနရတာျဖစ္ပါတယ္။

Photo-MOI , Source – DVB Burmese

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.