Local News

စစ်ကောင်စီတပ်ဖွဲ့များ နတ်ချောင်းကျေးရွာကို ယနေ့နံနက် ထပ်မံ မီးရှို့နေ၊ စစ်တပ်က ပစ်သတ်သွားသူ ၂၀ ဝန်းကျင်ရှိပြီး ရွာအတွင်း အချို့ ပိတ်မိနေသေး (ရုပ်/သံ)

စစ်ကောင်စီတပ်ဖွဲ့များ နတ်ချောင်းကျေးရွာကို ယနေ့နံနက် ထပ်မံ မီးရှို့နေ၊ စစ်တပ်က ပစ်သတ်သွားသူ ၂၀ ဝန်းကျင်ရှိပြီး ရွာအတွင်း အချို့ ပိတ်မိနေသေး (ရုပ်/သံ ‌‌ေအာက်တွင်ပါဝင်သည် )

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာအတွင်းသို့ ထပ်မံဝင်ရောက်လာပြီး ယနေ့ ဒီဇင်ဘာလ ၂၈ ရက် နံနက် ၉ နာရီမှ စတင်ကာ အများပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးနေပြီးနေအိမ် ၂၀ ကျော် မီးလောင်ဆုံးရှုံးပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

“စစ်သားတွေက နတ်ချောင်းရွာရဲ့ အရှေ့ဘက်က ဝင်လာပြီးတော့ ဒီမနက် ၉ နာရီလောက်ကနေစပြီး မီးထပ်ရှို့တာ၊ ဒီနေ့ပါဆို ၄ ရက်မြောက် ရှိပြီပေါ့၊ အားလုံးပေါင်း နေအိမ် ၂၀ ကျော် မီးလောင်သွားပြီ” ဟု နတ်ချောင်းဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ ဝင်ရောက်ပစ်ခတ်မှုကြောင့် နတ်ချောင်းရွာတွင် သေဆုံးသူ ပြည်သူ ၂၀ ဦးခန့် ရှိနေပြီး လက်ရှိအချိန်တွင် ထောင်ချီသော နတ်ချောင်းဒေသခံများသည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း ရွာအတွင်း၌ သက်ကြီးရွယ်အိုအချို့ ရှိနေသေးကြောင်း သိရှိရသည်။

“အသတ်ခံရတဲ့ ပြည်သူကတော့ များတယ်၊ ကျနော်တို့ ပြန်သယ်ထုတ်နိုင်တာ ၁၁ လောင်း၊ နောက်ထပ် ရှိသေးတယ်၊ သူတို့ မီးရှို့ကတည်းက ဘိုးဘွားတွေနဲ့ ကလေးတွေကို ရသလောက် ကယ်ထုတ်တယ်၊ တချို့ ရောဂါဖြစ်နေတဲ့သူတွေ၊ လုံးဝမရတော့တဲ့သူတွေတော့ ကျန်ခဲ့တယ်၊ အရေအတွက်အတိအကျတော့ မသိဘူး” ဟု ကူညီကယ်ဆယ်ရေးလည်း လုပ်နေသူ အဆိုပါ ဒေသခံက ဆက်ပြောသည်။

ကလေးမြို့ GTC ကျောင်းဝင်းအတွင်းတပ်စွဲထားသော စစ်ကောင်စီတပ်သည် နတ်ချောင်းကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ယမန်နေ့တွင် ပစ်ခတ်ခဲ့သလို နတ်ချောင်းကျေးရွာအတွင်းရှိ ဘုန်းကြီးများ၊ စာသင်ကျောင်းများအတွင်း ဝင်ရောက်တပ်စွဲလေ့ ရှိကြောင်း သိရှိရသည်။

မှတ်ချက်။ ။ ဗီဒီယိုတွင် အသံပါဝင်ခြင်းမရှိပါ။

Zawgyi

စစ္ေကာင္စီတပ္ဖြဲ႕မ်ား နတ္ေခ်ာင္းေက်း႐ြာကို ယေန႔နံနက္ ထပ္မံ မီး႐ိႈ႕ေန၊ စစ္တပ္က ပစ္သတ္သြားသူ ၂၀ ဝန္းက်င္႐ွိၿပီး ႐ြာအတြင္း အခ်ိဳ႕ ပိတ္မိေနေသး (႐ုပ္/သံ ‌‌ေအာက္တြင္ပါဝင္သည္ )

ရန္ကုန္၊ ဒီဇင္ဘာ ၂၈

အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားသည္ ကေလးၿမိဳ႕နယ္၊ နတ္ေခ်ာင္းေက်း႐ြာအတြင္းသို႔ ထပ္မံဝင္ေရာက္လာၿပီး ယေန႔ ဒီဇင္ဘာလ ၂၈ ရက္ နံနက္ ၉ နာရီမွ စတင္ကာ အမ်ားျပည္သူေနအိမ္မ်ားကို မီး႐ိႈ႕ဖ်က္ဆီးေနၿပီးေနအိမ္ ၂၀ ေက်ာ္ မီးေလာင္ဆုံး႐ႈံးၿပီျဖစ္ေၾကာင္း ေဒသခံမ်ားထံမွ သိ႐ွိရသည္။

“စစ္သားေတြက နတ္ေခ်ာင္း႐ြာရဲ႕ အေ႐ွ႕ဘက္က ဝင္လာၿပီးေတာ့ ဒီမနက္ ၉ နာရီေလာက္ကေနစၿပီး မီးထပ္႐ိႈ႕တာ၊ ဒီေန႔ပါဆို ၄ ရက္ေျမာက္ ႐ွိၿပီေပါ့၊ အားလုံးေပါင္း ေနအိမ္ ၂၀ ေက်ာ္ မီးေလာင္သြားၿပီ” ဟု နတ္ေခ်ာင္းေဒသခံတစ္ဦးက ရန္ကုန္ေခတ္သစ္သို႔ ေျပာဆိုသည္။

အၾကမ္းဖက္စစ္ေကာင္စီတပ္၏ ဝင္ေရာက္ပစ္ခတ္မႈေၾကာင့္ နတ္ေခ်ာင္း႐ြာတြင္ ေသဆုံးသူ ျပည္သူ ၂၀ ဦးခန္႔ ႐ွိေနၿပီး လက္႐ွိအခ်ိန္တြင္ ေထာင္ခ်ီေသာ နတ္ေခ်ာင္းေဒသခံမ်ားသည္ ေဘးလြတ္ရာသို႔ တိမ္းေ႐ွာင္ေနၾကရေၾကာင္း ႐ြာအတြင္း၌ သက္ႀကီး႐ြယ္အိုအခ်ိဳ႕ ႐ွိေနေသးေၾကာင္း သိ႐ွိရသည္။

“အသတ္ခံရတဲ့ ျပည္သူကေတာ့ မ်ားတယ္၊ က်ေနာ္တို႔ ျပန္သယ္ထုတ္ႏိုင္တာ ၁၁ ေလာင္း၊ ေနာက္ထပ္ ႐ွိေသးတယ္၊ သူတို႔ မီး႐ိႈ႕ကတည္းက ဘိုးဘြားေတြနဲ႔ ကေလးေတြကို ရသေလာက္ ကယ္ထုတ္တယ္၊ တခ်ိဳ႕ ေရာဂါျဖစ္ေနတဲ့သူေတြ၊ လုံးဝမရေတာ့တဲ့သူေတြေတာ့ က်န္ခဲ့တယ္၊ အေရအတြက္အတိအက်ေတာ့ မသိဘူး” ဟု ကူညီကယ္ဆယ္ေရးလည္း လုပ္ေနသူ အဆိုပါ ေဒသခံက ဆက္ေျပာသည္။

ကေလးၿမိဳ႕ GTC ေက်ာင္းဝင္းအတြင္းတပ္စြဲထားေသာ စစ္ေကာင္စီတပ္သည္ နတ္ေခ်ာင္းေက်း႐ြာအတြင္းသို႔ လက္နက္ႀကီးမ်ားျဖင့္ ယမန္ေန႔တြင္ ပစ္ခတ္ခဲ့သလို နတ္ေခ်ာင္းေက်း႐ြာအတြင္း႐ွိ ဘုန္းႀကီးမ်ား၊ စာသင္ေက်ာင္းမ်ားအတြင္း ဝင္ေရာက္တပ္စြဲေလ့ ႐ွိေၾကာင္း သိ႐ွိရသည္။

မွတ္ခ်က္။ ။ ဗီဒီယိုတြင္ အသံပါဝင္ျခင္းမ႐ွိပါ။

About the author

admin

Add Comment

Click here to post a comment