Local News

ရှမ်းတောင်တွင် စစ်ဆင်ရေးများ လုပ်ဆောင်တော့မည် ဖြစ်ကြောင်း PDF အဖွဲ့များ ကြေညာ

ရှမ်းတောင်တွင် စစ်ဆင်ရေးများ လုပ်ဆောင်တော့မည် ဖြစ်ကြောင်း PDF အဖွဲ့များ ကြေညာ

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဒေသဆိုင်ရာ တော်လှန်ရေးအဖွဲ့အစည်း နှင့်အတူ စစ်ဆင်ရေးများ လုပ်ဆောင်တော့မည် ဖြစ်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF များက ယနေ့ ဒီဇင်ဘာလ ၂၈ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။
.
စစ်အာဏာရှင် တော်လှန်ရေးသည် အရှိန်အဟုန် မြင့်တက်လာခဲ့ပြီ ဖြစ်၍ တောင်ကြီးမြို့ ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ (TPDF)၊ ‌ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့ (YUG)၊ ရွှေညောင်မြို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (SNPDF)၊

အေးသာယာမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ATYPDF) နှင့် နေမင်း ပြောက်ကျားအထူးကာကွယ်ရေးတပ်ဖွဲ့ တို့ ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့က ယင်းကဲ့သို့ စစ်ဆင်ရေး ပြုလုပ်မည်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။

ပြည်သူများ အနေဖြင့် ထိခိုက်နစ်နာမှု မရှိစေရန် အတွက် မလိုအပ်ဘဲ ပျော်ပွဲရွှင်ပွဲများတွင် ပါဝင်ခြင်း၊ စားသောက်ဆိုင်များတွင် အချိန် ကြာမြင့်စွာ အချိန်ဖြုန်းခြင်း၊ စစ်ကောင်စီ လက်အောက်ခံ အဖွဲ့အစည်းများ ရုံးစိုက်ရာ နေရာများသို့ သွားရောက်ခြင်း၊

အချိန် ကြာမြင့်စွာ ရှိနေခြင်း၊ စစ်ကောင်စီမှ အသုံးပြုသော အိမ်စီးကားများနှင့် အနည်းဆုံး ကိုက် ၅၀၀ အကွာအဝေး မောင်းနှင် ကြရန်‌ဟု ကြေညာချက်တွင် ထည့်သွင်းမေတ္တာ ရပ်ခံထားသည်။

Zawgyi

႐ွမ္းေတာင္တြင္ စစ္ဆင္ေရးမ်ား လုပ္ေဆာင္ေတာ့မည္ ျဖစ္ေၾကာင္း PDF အဖြဲ႕မ်ား ေၾကညာ

႐ွမ္းျပည္နယ္ေတာင္ပိုင္းတြင္ ေဒသဆိုင္ရာ ေတာ္လွန္ေရးအဖြဲ႕အစည္း ႏွင့္အတူ စစ္ဆင္ေရးမ်ား လုပ္ေဆာင္ေတာ့မည္ ျဖစ္ေၾကာင္း ေဒသကာကြယ္ေရးတပ္ဖြဲ႕ PDF မ်ားက ယေန႔ ဒီဇင္ဘာလ ၂၈ ရက္တြင္ ေၾကညာခ်က္ ထုတ္ျပန္သည္။
.
စစ္အာဏာ႐ွင္ ေတာ္လွန္ေရးသည္ အ႐ွိန္အဟုန္ ျမင့္တက္လာခဲ့ၿပီ ျဖစ္၍ ေတာင္ႀကီးၿမိဳ႕ ျပည္သူ႕ကာကြယ္‌ေရးတပ္ဖြဲ႕ (TPDF)၊ ‌႐ြာငံၿမိဳ႕ျပေျပာက္က်ားတပ္ဖြဲ႕ (YUG)၊ ေ႐ႊေညာင္ၿမိဳ႕ ျပည္သူ႕ကာကြယ္ေရး တပ္ဖြဲ႕ (SNPDF)၊

ေအးသာယာၿမိဳ႕ ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕ (ATYPDF) ႏွင့္ ေနမင္း ေျပာက္က်ားအထူးကာကြယ္ေရးတပ္ဖြဲ႕ တို႔ ပါဝင္သည့္ ပူးေပါင္းတပ္ဖြဲ႕က ယင္းကဲ့သို႔ စစ္ဆင္ေရး ျပဳလုပ္မည္ကို ေၾကညာခဲ့ျခင္း ျဖစ္သည္။

ျပည္သူမ်ား အေနျဖင့္ ထိခိုက္နစ္နာမႈ မ႐ွိေစရန္ အတြက္ မလိုအပ္ဘဲ ေပ်ာ္ပြဲ႐ႊင္ပြဲမ်ားတြင္ ပါဝင္ျခင္း၊ စားေသာက္ဆိုင္မ်ားတြင္ အခ်ိန္ ၾကာျမင့္စြာ အခ်ိန္ျဖဳန္းျခင္း၊ စစ္ေကာင္စီ လက္ေအာက္ခံ အဖြဲ႕အစည္းမ်ား ႐ုံးစိုက္ရာ ေနရာမ်ားသို႔ သြားေရာက္ျခင္း၊

အခ်ိန္ ၾကာျမင့္စြာ ႐ွိေနျခင္း၊ စစ္ေကာင္စီမွ အသုံးျပဳေသာ အိမ္စီးကားမ်ားႏွင့္ အနည္းဆုံး ကိုက္ ၅၀၀ အကြာအေဝး ေမာင္းႏွင္ ၾကရန္‌ဟု ေၾကညာခ်က္တြင္ ထည့္သြင္းေမတၱာ ရပ္ခံထားသည္။

About the author

admin

Add Comment

Click here to post a comment