Local News

စစ်တပ်၏ ထပ်တလဲလဲရက်စက်ယုတ်မာမှုများကို တားဆီးရေး ပိုမိုတိုးမြှင့်လုပ်ဆောင်ရန် နိုင်ငံတကာကို ကန်နိုင်ငံခြားရေးဝန်ကြီးတိုက်တွန်း

စစ်တပ်၏ ထပ်တလဲလဲရက်စက်ယုတ်မာမှုများကို တားဆီးရေး ပိုမိုတိုးမြှင့်လုပ်ဆောင်ရန် နိုင်ငံတကာကို ကန်နိုင်ငံခြားရေးဝန်ကြီးတိုက်တွန်း

▪️မြန်မာစစ်တပ်တာဝန်ခံမှုရှိစေရေး မိတ်ဖက်နှင့် မဟာမိတ်နိုင်ငံများနှင့်အတူ ဆက် လက်လုပ်ဆောင်မည်ဟု ဆို

မြန်မာနိုင်ငံ၌ ထပ်တလဲလဲဖြစ်ပေါ်နေသော စစ်တပ်၏ ရက်စက်ယုတ်မာမှုများကို တားဆီးနိုင် ရေး နိုင်ငံတကာအသိုင်းအဝန်းက ယခုထက်ပိုမိုတိုးမြှင့်လုပ်ဆောင်ရမည်ဟု အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး အန်တိုနီယိုဘလင်ကန်က တိုက်တွန်းလိုက်သည်။

ကယားပြည်နယ်၌ အမျိုးသမီး၊ ကလေးငယ်များနှင့် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ Save the Children ရုံးဝန်ထမ်းနှစ်ဦးအပါအဝင် အနည်းဆုံး အပြစ်မဲ့ပြည်သူ ၃၅ ဦး ကို မြန်မာစစ်တပ်က သတ်ဖြတ်တိုက်ခိုက်ခဲ့မှုအပေါ် အမေရိကန်ပြည်ထောင်စုက ပြစ်တင်ရှုတ်ချကြောင်း နိုင်ငံ ခြားရေးဘလင်ကန်က ဒီဇင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

“အပြစ်မဲ့ပြည်သူတွေနဲ့ လူသားချင်းစာနာမှုလုပ်ဆောင်နေသူတွေကို ပစ်မှတ်ထားတာက လက်ခံနိုင်ဖွယ်မရှိပါဘူး။ နောက်ပြီး မြန်မာပြည်သူတွေအပေါ် စစ်တပ်ရဲ့ ကျယ်ပြန့်လာတဲ့ရက်စက်ယုတ်မာမှုတွေက တာဝန်ရှိတဲ့တပ်ဖွဲ့ဝင်တွေ တာဝန်ခံမှုရှိဖို့ အရေးကြီးနေပြီဆိုတာကို မီးမောင်းထိုးပြနေပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာစစ်တပ်ကို စစ်လက်နက်များနှင့် နည်းပညာ ရောင်းချမှု ရပ်တန့်ခြင်းအပါအဝင် မြန်မာနိုင်ငံတွင် ထပ်တလဲလဲဖြစ်နေသော ရက်စက်ယုတ်မာမှုများကို တားဆီးရေးနှင့် လက်နက်ပိတ်ပင်ရေးရည်မှန်းချက်တိုးမြှင့်လုပ်ဆောင်ရေး ပိုမိုလုပ်ဆောင်ရ မည်ဟု ဝန်ကြီးဘလင်ကန်က တိုက်တွန်းသည်။

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်ကစ၍ အမေရိကန်သည် မြန်မာစစ်တပ်ခေါင်းဆောင် များနှင့် ၎င်းတို့၏ ဘဏ္ဍာရေးဆိုင်ရာအကျိုးစီးပွားများကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့အရေးယူခဲ့သည်။

ထို့အပြင် အမေရိကန်သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရားကို ထောက်ပံ့အားပေးခြင်းအပါအဝင် မြန်မာစစ်တပ်တာဝန်ခံမှုရှိစေရေး တိုးမြှင့်ရန် မိတ် ဖက်နှင့် မဟာမိတ်နိုင်ငံများနှင့် ဆက်လက်လုပ်ဆောင်သွားမည်ဟု နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်သည်။

တချိန်တည်းတွင် မြန်မာနိုင်ငံ ငြိမ်းချမ်းပြီးဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရရှိရေးအတွက် စစ်တပ်ကို ဆက်လက်ဖိအားပေးသွားမည်ဟု ဝန်ကြီးဘလင်ကန်က ထပ်လောင်း ပြောကြားသည်။

Zawgyi

စစ္တပ္၏ ထပ္တလဲလဲရက္စက္ယုတ္မာမႈမ်ားကို တားဆီးေရး ပိုမိုတိုးျမႇင့္လုပ္ေဆာင္ရန္ ႏိုင္ငံတကာကို ကန္ႏိုင္ငံျခားေရးဝန္ႀကီးတိုက္တြန္း

▪️ျမန္မာစစ္တပ္တာဝန္ခံမႈ႐ွိေစေရး မိတ္ဖက္ႏွင့္ မဟာမိတ္ႏိုင္ငံမ်ားႏွင့္အတူ ဆက္ လက္လုပ္ေဆာင္မည္ဟု ဆို

ျမန္မာႏိုင္ငံ၌ ထပ္တလဲလဲျဖစ္ေပၚေနေသာ စစ္တပ္၏ ရက္စက္ယုတ္မာမႈမ်ားကို တားဆီးႏိုင္ ေရး ႏိုင္ငံတကာအသိုင္းအဝန္းက ယခုထက္ပိုမိုတိုးျမႇင့္လုပ္ေဆာင္ရမည္ဟု အေမရိကန္ႏိုင္ငံ ျခားေရးဝန္ႀကီး အန္တိုနီယိုဘလင္ကန္က တိုက္တြန္းလိုက္သည္။

ကယားျပည္နယ္၌ အမ်ိဳးသမီး၊ ကေလးငယ္မ်ားႏွင့္ ႏိုင္ငံတကာအကူအညီေပးေရးအဖြဲ႕ Save the Children ႐ုံးဝန္ထမ္းႏွစ္ဦးအပါအဝင္ အနည္းဆုံး အျပစ္မဲ့ျပည္သူ ၃၅ ဦး ကို ျမန္မာစစ္တပ္က သတ္ျဖတ္တိုက္ခိုက္ခဲ့မႈအေပၚ အေမရိကန္ျပည္ေထာင္စုက ျပစ္တင္႐ႈတ္ခ်ေၾကာင္း ႏိုင္ငံ ျခားေရးဘလင္ကန္က ဒီဇင္ဘာ ၂၈ ရက္တြင္ ထုတ္ျပန္ခဲ့သည္။

“အျပစ္မဲ့ျပည္သူေတြနဲ႔ လူသားခ်င္းစာနာမႈလုပ္ေဆာင္ေနသူေတြကို ပစ္မွတ္ထားတာက လက္ခံႏိုင္ဖြယ္မ႐ွိပါဘူး။ ေနာက္ၿပီး ျမန္မာျပည္သူေတြအေပၚ စစ္တပ္ရဲ႕ က်ယ္ျပန္႔လာတဲ့ရက္စက္ယုတ္မာမႈေတြက တာဝန္႐ွိတဲ့တပ္ဖြဲ႕ဝင္ေတြ တာဝန္ခံမႈ႐ွိဖို႔ အေရးႀကီးေနၿပီဆိုတာကို မီးေမာင္းထိုးျပေနပါတယ္” ဟု အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာသည္။

ႏိုင္ငံတကာအသိုင္းအဝိုင္းအေနျဖင့္ ျမန္မာစစ္တပ္ကို စစ္လက္နက္မ်ားႏွင့္ နည္းပညာ ေရာင္းခ်မႈ ရပ္တန္႔ျခင္းအပါအဝင္ ျမန္မာႏိုင္ငံတြင္ ထပ္တလဲလဲျဖစ္ေနေသာ ရက္စက္ယုတ္မာမႈမ်ားကို တားဆီးေရးႏွင့္ လက္နက္ပိတ္ပင္ေရးရည္မွန္းခ်က္တိုးျမႇင့္လုပ္ေဆာင္ေရး ပိုမိုလုပ္ေဆာင္ရ မည္ဟု ဝန္ႀကီးဘလင္ကန္က တိုက္တြန္းသည္။

ေဖေဖာ္ဝါရီ ၁ ရက္ စစ္အာဏာသိမ္းခ်ိန္ကစ၍ အေမရိကန္သည္ ျမန္မာစစ္တပ္ေခါင္းေဆာင္ မ်ားႏွင့္ ၎တို႔၏ ဘ႑ာေရးဆိုင္ရာအက်ိဳးစီးပြားမ်ားကို ပစ္မွတ္ထား ဒဏ္ခတ္ပိတ္ဆို႔အေရးယူခဲ့သည္။

ထို႔အျပင္ အေမရိကန္သည္ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢလြတ္လပ္ေသာစုံစမ္းစစ္ေဆးေရးယႏၲရားကို ေထာက္ပံ့အားေပးျခင္းအပါအဝင္ ျမန္မာစစ္တပ္တာဝန္ခံမႈ႐ွိေစေရး တိုးျမႇင့္ရန္ မိတ္ ဖက္ႏွင့္ မဟာမိတ္ႏိုင္ငံမ်ားႏွင့္ ဆက္လက္လုပ္ေဆာင္သြားမည္ဟု ႏိုင္ငံျခားေရးဝန္ႀကီးက ထုတ္ျပန္သည္။

တခ်ိန္တည္းတြင္ ျမန္မာႏိုင္ငံ ၿငိမ္းခ်မ္းၿပီးဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္လည္ေရာက္ရ႐ွိေရးအတြက္ စစ္တပ္ကို ဆက္လက္ဖိအားေပးသြားမည္ဟု ဝန္ႀကီးဘလင္ကန္က ထပ္ေလာင္း ေျပာၾကားသည္။

Recent Comments

No comments to show.