Local News

မုံရွာတွင် အမြောက်တပ် ဗိုလ်ကြီးမျိုးမြင့်အောင်၏ ဇနီး Non-CDMထွေ/အုပ်ဝန်ထမ်း ဒေါ်အိဖြိုးစု ပစ်သ တ်ခံရ

မုံရွာတွင် အမြောက်တပ် ဗိုလ်ကြီးမျိုးမြင့်အောင်၏ ဇနီး Non-CDMထွေ/အုပ်ဝန်ထမ်း ဒေါ်အိဖြိုးစု ပစ်သ တ်ခံရ၊ ပခုက္ကူတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး တင်လှိုင် ပစ်သတ်ခံရ

ရန်ကုန်၊ ဒီဇင်ဘာ

စစ်ကိုင်းတိုင်း၊မုံရွာမြို့ တွင် ကျောက်ဆစ်ပုံအမြောက်တပ်မှ ဗိုလ်ကြီးမျိုးမြင့်အောင်၏ ဇနီးလည်းဖြစ်၊ မုံရွာ မြို့နယ်စီမံခန့်ခွဲရေးရုံး Non-CDMဝန်ထမ်းလည်းဖြစ်သူ ဒေါ်အိဖြိုးစု ဖြစ်သူသည် ယမန်နေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင်ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရှိရသည်။

မုံရွာမြို့နယ်စီမံခန့်ခွဲရေးရုံး Non-CDM ဝန်ထမ်းလည်းဖြစ်၊ ဗိုလ်ကတော်တစ်ဦးလည်းဖြစ်သူ ဒေါ်အိဖြိုးစုသည် ယမန်နေ့ဒီဇင်ဘာ၂၈ ရက်နေ့ နံနက် ၉ နာရီအချိန် မုံရွာမြို့နယ်၊ချမ်းမြဝတီရပ်ကွက်၊ရေကူးကန်လမ်းနဲ့၁၉လမ်းထောင့်အနီးတွင် ပစ်သတ်ခံလိုက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

“မနေ့ကမနက် ၉နာရီလောက်မှာ ရေကူးကန်၁၉လမ်းအနီးမှာ အမည်မသိလူတစ်စုက ပစ်သ တ်သွားတာ၊သေနတ်၇ချက်ဖြင့် တခါတည်းပွဲချင်းပြီးသေဆုံးသွားတာ” ဟု ဒေသခံတစ်ဦးက RNA သို့ ပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ပခုက္ကူမြို့နယ်မှ စစ်ကောင်စီခန့် မြို့သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး တင်လှိုင်သည် ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် အပစ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

Zawgyi

မုံ႐ြာတြင္ အေျမာက္တပ္ ဗိုလ္ႀကီးမ်ိဳးျမင့္ေအာင္၏ ဇနီး Non-CDMေထြ/အုပ္ဝန္ထမ္း ေဒၚအိၿဖိဳးစု ပစ္သတ္ခံရ၊ ပခုကၠဴတြင္ စစ္ေကာင္စီခန္႔အုပ္ခ်ဳပ္ေရးမႉး တင္လိႈင္ ပစ္သတ္ခံရ

ရန္ကုန္၊ ဒီဇင္ဘာ

စစ္ကိုင္းတိုင္း၊မုံ႐ြာၿမိဳ႕ တြင္ ေက်ာက္ဆစ္ပုံအေျမာက္တပ္မွ ဗိုလ္ႀကီးမ်ိဳးျမင့္ေအာင္၏ ဇနီးလည္းျဖစ္၊ မုံ႐ြာ ၿမိဳ႕နယ္စီမံခန္႔ခြဲေရး႐ုံး Non-CDMဝန္ထမ္းလည္းျဖစ္သူ ေဒၚအိၿဖိဳးစု ျဖစ္သူသည္ ယမန္ေန႔ ဒီဇင္ဘာလ ၂၈ ရက္ေန႔ နံနက္ပိုင္းတြင္ပစ္သတ္ခံရေၾကာင္း ေဒသခံမ်ားထံမွ သိ႐ွိရသည္။

မုံ႐ြာၿမိဳ႕နယ္စီမံခန္႔ခြဲေရး႐ုံး Non-CDM ဝန္ထမ္းလည္းျဖစ္၊ ဗိုလ္ကေတာ္တစ္ဦးလည္းျဖစ္သူ ေဒၚအိၿဖိဳးစုသည္ ယမန္ေန႔ဒီဇင္ဘာ၂၈ ရက္ေန႔ နံနက္ ၉ နာရီအခ်ိန္ မုံ႐ြာၿမိဳ႕နယ္၊ခ်မ္းျမဝတီရပ္ကြက္၊ေရကူးကန္လမ္းနဲ႔၁၉လမ္းေထာင့္အနီးတြင္ ပစ္သတ္ခံလိုက္ရျခင္းျဖစ္ေၾကာင္း သိ႐ွိရသည္။

“မေန႔ကမနက္ ၉နာရီေလာက္မွာ ေရကူးကန္၁၉လမ္းအနီးမွာ အမည္မသိလူတစ္စုက ပစ္သ တ္သြားတာ၊ေသနတ္၇ခ်က္ျဖင့္ တခါတည္းပြဲခ်င္းၿပီးေသဆုံးသြားတာ” ဟု ေဒသခံတစ္ဦးက RNA သို႔ ေျပာဆိုသည္။

အလားတူ မေကြးတိုင္း၊ပခုကၠဴၿမိဳ႕နယ္မွ စစ္ေကာင္စီခန္႔ ၿမိဳ႕သစ္ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး တင္လိႈင္သည္ ဒီဇင္ဘာလ ၂၈ ရက္ေန႔ နံနက္ပိုင္းတြင္ အပစ္ခံရၿပီး ေသဆုံးသြားေၾကာင္း သိ႐ွိရသည္။

About the author

admin

Add Comment

Click here to post a comment