Local News

မြန်မာပြည်သူများအား အကြမ်းဖက်သတ်ဖြတ်နေသည့် စစ်ကောင်စီကို တရုတ်နိုင်ငံက ဒေါ်လာ ၅သိန်း​ထောက်ပံ့

မြန်မာပြည်သူများအား အကြမ်းဖက်သတ်ဖြတ်နေသည့် စစ်ကောင်စီကို တရုတ်နိုင်ငံက ဒေါ်လာ ၅သိန်း​ထောက်ပံ့

မြန်မာပြည်သူများကို နေ့စဉ်နှင့် အမျှအကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်မှုများ ကျူးလွန်နေသည့် အာဏာ သိမ်းစစ်ကောင်စီကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရန်ဟုဆိုကာ တရုတ်နိုင်ငံက အမေရိကန် ဒေါ်လာ ၅သိန်း ယနေ့ ပေးအပ်ခဲ့သည်။

နေပြည်တော်၌ ယနေ့(ဒီဇင်ဘာ ၂၉ရက်)တွင် ပြုလုပ်သည့် အဆိုပါအလှူငွေပေးအပ်ပွဲကို တရုတ်နိုင်ငံ သံအမတ် မစ္စတာချန်ဟိုင် တက်ရောက်ပေးအပ်ခဲ့ပြီး စစ်ကောင်စီမှ ဒုဗိုလ်ချုပ်ကြီးရာပြည့်က လက်ခံခဲ့သည်ကိုဓာတ်ပုံများမှာ တွေ့ရသည်။

တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဦးဆောင်ခဲ့သည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊

ငြိမ်းချမ်းရေးကော်မရှင်၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC) သို့ ယခင်ကလည်း ငြိမ်းချမ်းရေးလုပ်ငန်းအတွက် အသုံးပြုရန် လှူဒါန်းငွေများ ပေးအပ်ခဲ့ဖူးသည်။

ယခု အလှူငွေပေးအပ်ရာတွင် စစ်ကောင်စီက အာဏာသိမ်းပြီးဖွဲ့ထားသည့် ဒုဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် ကော်မတီသို့ အမေရိကန် ဒေါ်လာသုံးသိန်း၊ JMC သို့ ဒေါ်လာ နှစ်သိန်း လှူဒါန်းခဲ့သည်ဟု ဆိုသော်လည်းအာဏာသိမ်းပြီးနောက်ပိုင်း JMC အပါ အဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အားလုံးရပ်ဆိုင်းသွားပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မှုများ နေရာအနှံ့၌ ပေါ်ပေါက်လျက်ရှိသည်။

People’sSpring

Zawgyi

ျမန္မာျပည္သူမ်ားအား အၾကမ္းဖက္သတ္ျဖတ္ေနသည့္ စစ္ေကာင္စီကို တ႐ုတ္ႏိုင္ငံက ေဒၚလာ ၅သိန္း​ေထာက္ပံ့

ျမန္မာျပည္သူမ်ားကို ေန႔စဥ္ႏွင့္ အမွ်အၾကမ္းဖက္ ဖမ္းဆီးသတ္ျဖတ္မႈမ်ား က်ဴးလြန္ေနသည့္ အာဏာ သိမ္းစစ္ေကာင္စီကို ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား အေကာင္အထည္ေဖာ္ရန္ဟုဆိုကာ တ႐ုတ္ႏိုင္ငံက အေမရိကန္ ေဒၚလာ ၅သိန္း ယေန႔ ေပးအပ္ခဲ့သည္။

ေနျပည္ေတာ္၌ ယေန႔(ဒီဇင္ဘာ ၂၉ရက္)တြင္ ျပဳလုပ္သည့္ အဆိုပါအလႉေငြေပးအပ္ပြဲကို တ႐ုတ္ႏိုင္ငံ သံအမတ္ မစၥတာခ်န္ဟိုင္ တက္ေရာက္ေပးအပ္ခဲ့ၿပီး စစ္ေကာင္စီမွ ဒုဗိုလ္ခ်ဳပ္ႀကီးရာျပည့္က လက္ခံခဲ့သည္ကိုဓာတ္ပုံမ်ားမွာ ေတြ႕ရသည္။

တ႐ုတ္ႏိုင္ငံအေနျဖင့္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ဥကၠ႒အျဖစ္ ဦးေဆာင္ခဲ့သည့္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာန၊

ၿငိမ္းခ်မ္းေရးေကာ္မ႐ွင္၊ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာပူးတြဲေစာင့္ၾကည့္ေရးေကာ္မတီ(JMC) သို႔ ယခင္ကလည္း ၿငိမ္းခ်မ္းေရးလုပ္ငန္းအတြက္ အသုံးျပဳရန္ လႉဒါန္းေငြမ်ား ေပးအပ္ခဲ့ဖူးသည္။

ယခု အလႉေငြေပးအပ္ရာတြင္ စစ္ေကာင္စီက အာဏာသိမ္းၿပီးဖြဲ႕ထားသည့္ ဒုဗိုလ္ခ်ဳပ္ႀကီးရာျပည့္ ဦးေဆာင္သည့္ ေကာ္မတီသို႔ အေမရိကန္ ေဒၚလာသုံးသိန္း၊ JMC သို႔ ေဒၚလာ ႏွစ္သိန္း လႉဒါန္းခဲ့သည္ဟု ဆိုေသာ္လည္းအာဏာသိမ္းၿပီးေနာက္ပိုင္း JMC အပါ အဝင္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ အားလုံးရပ္ဆိုင္းသြားၿပီး စစ္ေကာင္စီတပ္ကို ခုခံတိုက္ခိုက္မႈမ်ား ေနရာအႏွံ႔၌ ေပၚေပါက္လ်က္႐ွိသည္။

People’sSpring

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.