Local News

မူဆယ်ပစ်ခတ်မှု သွား​စစ်​ဆေးသော တပ်ရင်းမှူးကိုပြည်သူ့စစ်​မောင်းထုတ်၊ စစ်​ကောင်စီတပ် သူ့လူသူ မထိန်းနိုင်​တော့ဟု ပြည်သူများ​ပြော

မူဆယ်ပစ်ခတ်မှု သွား​စစ်​ဆေးသော တပ်ရင်းမှူးကိုပြည်သူ့စစ်​မောင်းထုတ်၊ စစ်​ကောင်စီတပ် သူ့လူသူ မထိန်းနိုင်​တော့ဟု ပြည်သူများ​ပြော

မူဆယ်တွင်အာဏာသိမ်းစစ်‌​ကောင်စီတပ်လက်အောက်ခံ ပြည်သူ့စစ်အချင်းချင်း ပစ်ခတ်မှုကြောင့် လူသေဆုံးသည်ဖြစ်စဉ်ကို လာစစ်ဆေးသည့် စစ်​ကောင်စီတပ်မှ တပ်ရင်းမှူးအား ပြည်သူ့စစ်က မောင်းထုတ်ခဲ့သောကြောင့် စစ်တပ်သည် သူ့လူသူ ထိန်းမနိုင်တော့သည့် အခြေအနေ ဖြစ်နေပြီဟု ဒေသခံများကပြောသည်။

မူဆယ်မြို့ မဂ်လာမူဆယ်အိမ်ယာရှိ ပြည်သူ့စစ်ပိုင် လောင်းကစားရုံတစ်ခုတွင် ပန်ဆေးပြည်သူ့စစ်နှင့်တာမိုးညဲပြည်သူ့စစ်တို့ကြား ယမန်နေ့(ဒီဇင်ဘာ ၂၉)ည ရှစ်နာရီခန့်က စကားများခိုက်ရန်ဖြစ်ပွားရာမှ နှစ်ဖက်ကြားပစ်ခတ်တိုက် ခိုက်မှုဖြစ်ခဲ့သည်။

ပြည်သူ့စစ် တစ်ဦးသေပြီးရဲ တစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရခဲ့သည့် ယင်းဖြစ်စဉ်ကို မူဆယ်အခြေစိုက် စစ်​​ကောင်စီတပ်၏တပ်ရင်းမှုးက လာစစ်ဆေးသည့်အအခါ ပြည်သူ့စစ်များက လက်မခံခဲ့ဘဲ နှင်ထုတ်ခဲ့သည်ကို တွေ့ရသည်ဟု ဒေသခံများကပြောသည်။

“တပ်ရင်းမှူးက လာစစ်တာကို ပြည်သူ့စစ်က လက်မခံဘူး။ စကားများကြတယ်။ ငါ့ကို ပစ်ချင်ပစ်လို့ တပ်ရင်းမှူးကပြောတာလည်း ကြားလိုက်ရတယ်။ သေချာတာက စစ်တပ်က သူမွေးတဲ့ မျောက်သူမနိုင်တော့ဘူး။ သူတို့အချင်းချင်းလည်း မတည့်ကြ‌တော့ဘူး”ဟု ဒေသခံတစ်ဦးကပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ငယ်များကို စစ်တပ်ကပြည်သူ့စစ်အဖွဲ့များအဖြစ် လုပ်ပိုင်ခွင့်နှင့် အခွင့်အ​ရေးများ​ပေးကာ၎င်းတို့၏လက်​အောက်ခံအဖွဲ့ များအဖြစ် အသွင်​ပြောင်ဖွဲ့စည်းပေးထားခြင်းဖြစ်သည်။

ပြည်သူ့စစ်များကို မြို့တွင်း သွားလာရာ၌ ယူနီဖောင်းဝတ်ဆင်ခြင်းနှင့် သေနတ်ကိုင်ဆောင်ခြင်းကို စစ်တပ်က ပိတ်ပင်ထားသော်လည်း ယခုအခါ ယင်းအချက်ကိုလည်း ပြည်သူ့စစ်များက နားမထောင်တော့ဟု ဒေသခံများကပြောသည်။ ယမန်​နေ့ညက ရန်ပွဲတွင် လည်း ပြည်သူ့စစ် အဖွဲ့ဝင်အချို့သည် အကြမ်းဖက်စစ်​ကောင်စီဝတ်စုံများဝတ်ထားသည်ကို​တွေ့ရသည်။

“စစ်တပ်က ဘာ ပါဝါမှမရှိတော့ဘူး။ ပြည်သူ့စစ်တွေကလည်း အရင်ကထက် ပိုပြီး ခေါင်းထောင်လာတယ်။ လူထုအတွက်ကတော့ ထူးပြီး မနစ်နာဘူး။ စစ်ကောင်စီဘာဩဇာမှမရှိတော့တာတော့ သိသာတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

မူဆယ်တွင် ယမန်နေ့ညက ပြည်သူ့စစ်အချင်းချင်း တစ်ချိန်တည်းတွင် သုံးနေရာ၍ ပစ်ခတ်မှုဖြစ်ခဲ့သည်။ တပ်ရင်းမှုးကိုမောင်းထုတ်ခဲ့သည့် ပြည်သူ့စစ်က ၎င်းတို့ချင်း ပစ်ခတ်မှုကြောင့် လူသေဆုံးမှုကို မည်သူ့ကိုမျှ သတင်းယူခွင့် မပေးခဲ့ချေ။

(ဗီဒီယို – ပြည်သူ့စစ်အဖွဲ့ဝင်များအချင်းချင်း ​လောင်ကစားရုံအနီး ခိုက်ရန်ဖြစ်ပွား​နေစဥ်။ ခိုက်ရန်ဖြစ်ပွားရာမှ အပြန်အလှန် မိနစ်အတန်ကြာ ပစ်ခတ်ကြ​သောတိုက်ပွဲငယ်အထိ ပြင်းထန်ခဲ့သည်။)

People’sSpring

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.