Local News

မြန်မာ့အရေးကိုဖြေရှင်းရာမှာ ပြည်သူ့ဆန္ဒအတိုင်းဖြစ်ရမယ်လို့ ကုလအထူးကိုယ်စားလှယ်ဆို (ရုပ်/သံ ပါဝင်သည်)

မြန်မာ့အရေးကိုဖြေရှင်းရာမှာ ပြည်သူ့ဆန္ဒအတိုင်းဖြစ်ရမယ်လို့ ကုလအထူးကိုယ်စားလှယ်ဆို (ရုပ်/သံ အောက်တွင်ပါဝင်သည်)

မြန်မာ့အရေးကိုဖြေရှင်းရာမှာ ပြည်သူလူထုကဦးဆောင်ရမှာဖြစ်ပြီး ပြည်သူ့ဆန္ဒအတိုင်းဖြစ်ရမယ်လို့ ကုလအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလန်ဟေဇာက မြန်မာပြည်သူတွေအတွက် နှစ်သစ်ဆုတောင်းစကားမှာထည့်သွင်းပြောလိုက်ပါတယ်။

လာမယ့်နှစ်သစ်ဟာ စိတ်ဓာတ်ခွန်အားအသစ်ဖြစ်တည်ဖို့ ၊ ပြန်လည်ထူထောင်ရေးအတွက် နှစ်သစ်ဖြစ်ရမယ်လို့လည်း ပြောပါတယ်။

ဒါအပြင် နှစ်သစ်မှာ မြန်မာပြည်သူတွေ အစစအရာရာအဆင်ပြေချောမွေ့ဖို့ ၊ဘေးကင်းဖို့ကိုလည်း နိုလန်ဟေဇာက ဆုမွန်ကောင်းတောင်းပေးထားပါသေးတယ်။

စင်ကာပူနိုင်ငံသူ နိုလန်ဟေဇာဟာ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ် ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက ခန့်အပ်ခံရတာပါ။

သူမတိုင်ခင်ကတော့ ခရစ်စတင်းဘာဂနာက မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို NLD အစိုးရလက်ထက်က နေပြည်တော်မှာကိုယ်စားလှယ်ရုံးခန်းဖွင့်ခွင့်ရခဲ့ပါတယ်။

ဒါပေမယ့်စစ်ကောင်စီ ခရစ်စတင်းဘာဂနာ တာဝန်သက်တမ်းကုန်ဆုံးချိန်မှာ အဲဒီရုံးခန်းကိုပိတ်သိမ်းလိုက်သလို လက်ရှိတာဝန်ထမ်းဆောင်နေသူ နိုလန်ဟေဇာကလည်း မြန်မာနိုင်ငံကို မလာရောက်နိုင်သေးပါဘူး။

People’sSpring

Zawgyi

ျမန္မာ့အေရးကိုေျဖ႐ွင္းရာမွာ ျပည္သူ႕ဆႏၵအတိုင္းျဖစ္ရမယ္လို႔ ကုလအထူးကိုယ္စားလွယ္ဆို

ျမန္မာ့အေရးကိုေျဖ႐ွင္းရာမွာ ျပည္သူလူထုကဦးေဆာင္ရမွာျဖစ္ၿပီး ျပည္သူ႕ဆႏၵအတိုင္းျဖစ္ရမယ္လို႔ ကုလအေထြေထြအတြင္းေရးမႉးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ ႏိုလန္ေဟဇာက ျမန္မာျပည္သူေတြအတြက္ ႏွစ္သစ္ဆုေတာင္းစကားမွာထည့္သြင္းေျပာလိုက္ပါတယ္။

လာမယ့္ႏွစ္သစ္ဟာ စိတ္ဓာတ္ခြန္အားအသစ္ျဖစ္တည္ဖို႔ ၊ ျပန္လည္ထူေထာင္ေရးအတြက္ ႏွစ္သစ္ျဖစ္ရမယ္လို႔လည္း ေျပာပါတယ္။

ဒါအျပင္ ႏွစ္သစ္မွာ ျမန္မာျပည္သူေတြ အစစအရာရာအဆင္ေျပေခ်ာေမြ႕ဖို႔ ၊ေဘးကင္းဖို႔ကိုလည္း ႏိုလန္ေဟဇာက ဆုမြန္ေကာင္းေတာင္းေပးထားပါေသးတယ္။

စင္ကာပူႏိုင္ငံသူ ႏိုလန္ေဟဇာဟာ ျမန္မာႏိုင္ငံဆိုင္ရာအထူးကိုယ္စားလွယ္အျဖစ္ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလအတြင္းက ခန္႔အပ္ခံရတာပါ။

သူမတိုင္ခင္ကေတာ့ ခရစ္စတင္းဘာဂနာက ျမန္မာႏိုင္ငံဆိုင္ရာအထူးကိုယ္စားလွယ္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သလို NLD အစိုးရလက္ထက္က ေနျပည္ေတာ္မွာကိုယ္စားလွယ္႐ုံးခန္းဖြင့္ခြင့္ရခဲ့ပါတယ္။

ဒါေပမယ့္စစ္ေကာင္စီ ခရစ္စတင္းဘာဂနာ တာဝန္သက္တမ္းကုန္ဆုံးခ်ိန္မွာ အဲဒီ႐ုံးခန္းကိုပိတ္သိမ္းလိုက္သလို လက္႐ွိတာဝန္ထမ္းေဆာင္ေနသူ ႏိုလန္ေဟဇာကလည္း ျမန္မာႏိုင္ငံကို မလာေရာက္ႏိုင္ေသးပါဘူး။

People’sSpring

About the author

admin

Add Comment

Click here to post a comment