Local News

လက်နက်၊ လူနှင့်ရန်ပုံငွေအင်အား ပိုမိုအားကောင်းလာမှုနှင့်အတူ ၂၀၂၂သည် တော်လှန်ရေး အောင်ပွဲများရယူမည့်နှစ်ဟု NUG ကာကွယ်ရေးဝန်ကြီးပြော

လက်နက်၊ လူနှင့်ရန်ပုံငွေအင်အား ပိုမိုအားကောင်းလာမှုနှင့်အတူ ၂၀၂၂သည် တော်လှန်ရေး အောင်ပွဲများရယူမည့်နှစ်ဟု NUG ကာကွယ်ရေးဝန်ကြီးပြော

▪️ပြိုင်တူတွန်းကြမည်ဆိုလျှင် ပြည်သူများထိခိုက်နစ်နာမှု အနည်းဆုံးနှင့်ပြည်သူ့အောင်ပွဲအမြန်ဆုံးရရှိမည်ဟု ပြည်ထောင်စုဝန်ကြီးချုပ်ဆို

ယခု ၂၀၂၂ သည်တော်လှန်ရေးအောင်ပွဲများ ရယူမည့်နှစ်ဖြစ်ပြီး ပြည်သူ့တော်လှန်ရေးအင်အားစုများသည် လူအင်အား၊ ရန်ပုံငွေအင်အား၊ လက်နက်အင်အားပိုမိုအားကောင်းလာမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က ပြောသည်။

ကာကွယ်ရေးဝန်ကြီး၏ နှစ်ကူးမိန့်ခွန်းတွင် “၂၀၂၁ခုနှစ်ဟာ တော်လှန်ရေးရေသောက်မြစ် ချတဲ့နှစ်လို့ ဆိုနိုင်ပြီး ၂၀၂၂ခုနှစ်ကတော့ တော်လှန်ရေးအောင်ပွဲများ ရယူမယ့်နှစ်လို့ ဆိုချင်ပါတယ်။

ရှေ့မှာ ပြည်သူ့တော်လှန်ရေး အင်အားစုတွေဟာ လူအင်အား၊ရန်ပုံငွေအင်အား၊လက်နက်အင်အား ပိုကောင်းလာဖို့ ရှိပါတယ်။ Command and Control ပိုကောင်းလာဖို့ ရှိပါတယ်။ မဟာဗျူဟာနဲ့ နည်းဗျူဟာချမှတ်ကျင့်သုံးမှု ပိုကောင်းလာဖို့ရှိပါတယ်”ဟု ထည့်သွင်းပြောကြားသည်။

NUGနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များအကြား မဟာမိတ်ဆက်ဆံရေး တည်ဆောက်မှု၊ မဟာမိတ် ပူးပေါင်းဆောင်ရွက်မှုများ ပိုကောင်းလာရန်ရှိကြောင်းနှင့် အဆိုပါဖြစ်ပေါ်တိုးတက်မှုများသည် တော်လှန်ရေးအောင်မြင်မှုအတွက် အခြေခံအုတ်မြစ်များ တည်ဆောက်နိုင်ခြင်းဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးက ဆိုသည်။

လက်ရှိ ပြည်သူ့ခုခံတွန်းလှန်စစ်ကာလအတွင်း အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံရေးစစ်ရေး နိုင်ငံတကာအရေး အဖက်ဖက်တွင် အခြေယိုင်၊ အခြေပျက်လာပြီဆိုသည်မှာ ထင်ရှားပြီး စစ်ကောင်စီ၏ အကြမ်းဖက်စစ်ဗျူဟာကို တော်လှန်စစ်ဖြင့် ဦးချိုးပစ်ရမည်ဟု ၎င်းက ဆက်ပြောသည်။

“ဒီလိုဆောင်ရွက်နိုင်ဖို့ ကျွန်တော်တို့ပြည်သူတွေအနေနဲ့ ရှေ့မှာကြုံရနိုင်တဲ့ ဆင်းရဲဒုက္ခတွေကို ကာလတစ်ခုအထိ ကြံ့ကြံ့ခံပေးကြဖို့ တိုက်တွန်းလိုပါတယ်။ ပြည်သူ့တော်လှန်ရေးအင်အားစုများဟာ ပိုပြီးစုစည်းညီညွတ်ကြဖို့နဲ့ ဗျူဟာမြောက် ဟန်ချက်ညီအလုပ်လုပ်နိုင်ကြဖို့ လိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်ကတော့ ပြည်သူအားလုံးရဲ့ မျှော်လင့်ချက် ဖြစ်ပါတယ်။ ပြည်သူတွေမျှော်လင့်တဲ့ တော်လှန်ရေးပန်းတိုင် ရောက်သည်အထိ မဆုတ်မနစ် ဆက်လက် ချီတက်ကြပါစို့လို့ နှိုးဆော်လိုက်ပါတယ်”ဟု NUG ကာကွယ်ရေးဝန်ကြီးက ပြောသည်။

NUG ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကလည်း ပြည်သူအားလုံး ပြိုင်တူတွန်းကြမည် ဆိုပါက ပြည်သူ များ ထိခိုက်နစ်နာမှု အနည်းဆုံးနှင့် ပြည်သူ့အောင်ပွဲအမြန်ဆုံးရရှိမည်ဖြစ်ကြောင်း နှစ်ကူးမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

“ပြည်တွင်း၊ ပြည်ပရှိ ပြည်သူအားလုံးရဲ့အင်အားနဲ့သာ ကျွန်တော်တို့ရဲ့ အရေးတော်ပုံအမြန်ဆုံးအောင်မြင်အောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ လာမယ့် နှစ်သစ်မှာ တော်လှန်ရေးအမြန်ဆုံးအောင်ပွဲခံနိုင်ပြီး စိတ်သစ်လူသစ်၊ ခွန်အားသစ်တွေနဲ့

ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံတော်သစ်ကို အတူတကွ အုတ်မြစ်ချနိုင်၊ တည်ဆောက် နိုင်ဖို့အတွက် သန္နိဌာန်ပြုကြပါစို့လို့ တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်”ဟု ဝန်ကြီးချုပ်က ပြောသည်။

Zawgyi

လက္နက္၊ လူႏွင့္ရန္ပုံေငြအင္အား ပိုမိုအားေကာင္းလာမႈႏွင့္အတူ ၂၀၂၂သည္ ေတာ္လွန္ေရး ေအာင္ပြဲမ်ားရယူမည့္ႏွစ္ဟု NUG ကာကြယ္ေရးဝန္ႀကီးေျပာ

▪️ၿပိဳင္တူတြန္းၾကမည္ဆိုလွ်င္ ျပည္သူမ်ားထိခိုက္နစ္နာမႈ အနည္းဆုံးႏွင့္ျပည္သူ႕ေအာင္ပြဲအျမန္ဆုံးရ႐ွိမည္ဟု ျပည္ေထာင္စုဝန္ႀကီးခ်ဳပ္ဆို

ယခု ၂၀၂၂ သည္ေတာ္လွန္ေရးေအာင္ပြဲမ်ား ရယူမည့္ႏွစ္ျဖစ္ၿပီး ျပည္သူ႕ေတာ္လွန္ေရးအင္အားစုမ်ားသည္ လူအင္အား၊ ရန္ပုံေငြအင္အား၊ လက္နက္အင္အားပိုမိုအားေကာင္းလာမည္ျဖစ္ေၾကာင္း အမ်ိဳးသားညီၫြတ္ေရး အစိုးရ (NUG)ကာကြယ္ေရးဝန္ႀကီးဦးရည္မြန္က ေျပာသည္။

ကာကြယ္ေရးဝန္ႀကီး၏ ႏွစ္ကူးမိန္႔ခြန္းတြင္ “၂၀၂၁ခုႏွစ္ဟာ ေတာ္လွန္ေရးေရေသာက္ျမစ္ ခ်တဲ့ႏွစ္လို႔ ဆိုႏိုင္ၿပီး ၂၀၂၂ခုႏွစ္ကေတာ့ ေတာ္လွန္ေရးေအာင္ပြဲမ်ား ရယူမယ့္ႏွစ္လို႔ ဆိုခ်င္ပါတယ္။

ေ႐ွ႕မွာ ျပည္သူ႕ေတာ္လွန္ေရး အင္အားစုေတြဟာ လူအင္အား၊ရန္ပုံေငြအင္အား၊လက္နက္အင္အား ပိုေကာင္းလာဖို႔ ႐ွိပါတယ္။ Command and Control ပိုေကာင္းလာဖို႔ ႐ွိပါတယ္။ မဟာဗ်ဴဟာနဲ႔ နည္းဗ်ဴဟာခ်မွတ္က်င့္သုံးမႈ ပိုေကာင္းလာဖို႔႐ွိပါတယ္”ဟု ထည့္သြင္းေျပာၾကားသည္။

NUGႏွင့္ တိုင္းရင္းသားလက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႕မ်ားအၾကား မဟာမိတ္ဆက္ဆံေရး တည္ေဆာက္မႈ၊ မဟာမိတ္ ပူးေပါင္းေဆာင္႐ြက္မႈမ်ား ပိုေကာင္းလာရန္႐ွိေၾကာင္းႏွင့္ အဆိုပါျဖစ္ေပၚတိုးတက္မႈမ်ားသည္ ေတာ္လွန္ေရးေအာင္ျမင္မႈအတြက္ အေျခခံအုတ္ျမစ္မ်ား တည္ေဆာက္ႏိုင္ျခင္းျဖစ္ေၾကာင္း ကာကြယ္ေရး ဝန္ႀကီးက ဆိုသည္။

လက္႐ွိ ျပည္သူ႕ခုခံတြန္းလွန္စစ္ကာလအတြင္း အၾကမ္းဖက္စစ္ေကာင္စီသည္ ႏိုင္ငံေရးစစ္ေရး ႏိုင္ငံတကာအေရး အဖက္ဖက္တြင္ အေျခယိုင္၊ အေျခပ်က္လာၿပီဆိုသည္မွာ ထင္႐ွားၿပီး စစ္ေကာင္စီ၏ အၾကမ္းဖက္စစ္ဗ်ဴဟာကို ေတာ္လွန္စစ္ျဖင့္ ဦးခ်ိဳးပစ္ရမည္ဟု ၎က ဆက္ေျပာသည္။

“ဒီလိုေဆာင္႐ြက္ႏိုင္ဖို႔ ကြၽန္ေတာ္တို႔ျပည္သူေတြအေနနဲ႔ ေ႐ွ႕မွာၾကဳံရႏိုင္တဲ့ ဆင္းရဲဒုကၡေတြကို ကာလတစ္ခုအထိ ၾကံ့ၾကံ့ခံေပးၾကဖို႔ တိုက္တြန္းလိုပါတယ္။ ျပည္သူ႕ေတာ္လွန္ေရးအင္အားစုမ်ားဟာ ပိုၿပီးစုစည္းညီၫြတ္ၾကဖို႔နဲ႔ ဗ်ဴဟာေျမာက္ ဟန္ခ်က္ညီအလုပ္လုပ္ႏိုင္ၾကဖို႔ လိုပါတယ္။

ျပည္သူ႕ကာကြယ္ေရးတပ္မေတာ္ကေတာ့ ျပည္သူအားလုံးရဲ႕ ေမွ်ာ္လင့္ခ်က္ ျဖစ္ပါတယ္။ ျပည္သူေတြေမွ်ာ္လင့္တဲ့ ေတာ္လွန္ေရးပန္းတိုင္ ေရာက္သည္အထိ မဆုတ္မနစ္ ဆက္လက္ ခ်ီတက္ၾကပါစို႔လို႔ ႏိႈးေဆာ္လိုက္ပါတယ္”ဟု NUG ကာကြယ္ေရးဝန္ႀကီးက ေျပာသည္။

NUG ျပည္ေထာင္စုဝန္ႀကီးခ်ဳပ္မန္းဝင္းခိုင္သန္းကလည္း ျပည္သူအားလုံး ၿပိဳင္တူတြန္းၾကမည္ ဆိုပါက ျပည္သူ မ်ား ထိခိုက္နစ္နာမႈ အနည္းဆုံးႏွင့္ ျပည္သူ႕ေအာင္ပြဲအျမန္ဆုံးရ႐ွိမည္ျဖစ္ေၾကာင္း ႏွစ္ကူးမိန္႔ခြန္းတြင္ ထည့္သြင္းေျပာၾကားသည္။

“ျပည္တြင္း၊ ျပည္ပ႐ွိ ျပည္သူအားလုံးရဲ႕အင္အားနဲ႔သာ ကြၽန္ေတာ္တို႔ရဲ႕ အေရးေတာ္ပုံအျမန္ဆုံးေအာင္ျမင္ေအာင္ ေဆာင္႐ြက္ရမွာျဖစ္ပါတယ္။ လာမယ့္ ႏွစ္သစ္မွာ ေတာ္လွန္ေရးအျမန္ဆုံးေအာင္ပြဲခံႏိုင္ၿပီး စိတ္သစ္လူသစ္၊ ခြန္အားသစ္ေတြနဲ႔

ဖက္ဒရယ္ျပည္ေထာင္စုျမန္မာႏိုင္ငံေတာ္သစ္ကို အတူတကြ အုတ္ျမစ္ခ်ႏိုင္၊ တည္ေဆာက္ ႏိုင္ဖို႔အတြက္ သႏၷိဌာန္ျပဳၾကပါစို႔လို႔ တိုက္တြန္းေျပာၾကားရင္း နိဂုံးခ်ဳပ္အပ္ပါတယ္”ဟု ဝန္ႀကီးခ်ဳပ္က ေျပာသည္။