Local News

ထန်တလန်မှ ယမန်နေ့ညက မီးလောင်မှုကြောင့် ကက်သလစ်ဘုရားကျောင်းတခု မီးထဲပါသွား

ထန်တလန်မှ ယမန်နေ့ညက မီးလောင်မှုကြောင့် ကက်သလစ်ဘုရားကျောင်းတခု မီးထဲပါသွား

ရန်ကုန်၊ နိုဝင်ဘာ ၂၇

ချင်းပြည်နယ်၊ ထန်တလန်မြို့၊ စိုက်ပျိုးရေးရပ်ကွက်ရှိ စိန့်နီကောလပ်စ် ကက်သလစ်ဘုရားကျောင်း မီးထဲပါသွားကြောင်း The Chin Journal က သတင်းဖော်ပြသည်။

လက်ရှိတွင် နေအိမ်များ ဆက်လက်မီးလောင်လျှက်ရှိပြီး လက်တလောတွင် မီးလောင်သွားသည့်အိမ်အရေအတွက် အတည်ပြုလို့ မရသေးကြောင်း၊ ထန်တလန်မြို့တွင် ခရစ်ယာန်ဘုရားကျောင်း ၄ကျောင်း မီးရှို့ခံရပြီဖြစ်ကြောင်း သိရှိရသည်။

ချင်းပြည်နယ်၊ ထန်တလန်မြို့၊ လုံတီရယ် (Lungtial) ရပ်ကွက်တွင် ယနေ့ နိုဝင်ဘာလ ၂၇ ရက် ယနေ့ညပိုင်း၌ နေအိမ်များ မီးကူးစက်လောင်ကျွမ်းနေကြောင်း သတင်းရရှိသည်။

ယခု မီးလောင်ကျွမ်းမှုသည် ထန်တလန်မြို့တွင် စက်တင်ဘာလမှစ၍ ၉ ကြိမ်မြောက်လောင်ကျွမ်းခြင်းဖြစ်ပြီး မီးလောင်ကျွမ်းရသည့်အကြောင်းအရင်းနှင့် မီးလောင်ဆုံးရှုံးသည့် နေအိမ်အရေအတွက်ကို လတ်တလော မသိရှိရသေးပေ။

ထန်တလန်မြို့ပေါ်တွင် ပြီးခဲ့သည့် မီးလောင်ကျွမ်းမှု ၈ ကြိမ်တွင် ထန်တလန်မြို့တွင် ခရစ်ယာန်ဘုရားကျောင်း ၃ ခုနှင့် လူနေအိမ် ၂၆၅ လုံး ပျက်စီးဆုံးရှုံးခဲ့ပြီးဖြစ်သည်။

News & Photo – The Chin Journal

Zawgyi

ထန္တလန္မွ ယမန္ေန႔ညက မီးေလာင္မႈေၾကာင့္ ကက္သလစ္ဘုရားေက်ာင္းတခု မီးထဲပါသြား

ရန္ကုန္၊ ႏိုဝင္ဘာ ၂၇

ခ်င္းျပည္နယ္၊ ထန္တလန္ၿမိဳ႕၊ စိုက္ပ်ိဳးေရးရပ္ကြက္႐ွိ စိန္႔နီေကာလပ္စ္ ကက္သလစ္ဘုရားေက်ာင္း မီးထဲပါသြားေၾကာင္း The Chin Journal က သတင္းေဖာ္ျပသည္။

လက္႐ွိတြင္ ေနအိမ္မ်ား ဆက္လက္မီးေလာင္လွ်က္႐ွိၿပီး လက္တေလာတြင္ မီးေလာင္သြားသည့္အိမ္အေရအတြက္ အတည္ျပဳလို႔ မရေသးေၾကာင္း၊ ထန္တလန္ၿမိဳ႕တြင္ ခရစ္ယာန္ဘုရားေက်ာင္း ၄ေက်ာင္း မီး႐ိႈ႕ခံရၿပီျဖစ္ေၾကာင္း သိ႐ွိရသည္။

ခ်င္းျပည္နယ္၊ ထန္တလန္ၿမိဳ႕၊ လုံတီရယ္ (Lungtial) ရပ္ကြက္တြင္ ယေန႔ ႏိုဝင္ဘာလ ၂၇ ရက္ ယေန႔ညပိုင္း၌ ေနအိမ္မ်ား မီးကူးစက္ေလာင္ကြၽမ္းေနေၾကာင္း သတင္းရ႐ွိသည္။

ယခု မီးေလာင္ကြၽမ္းမႈသည္ ထန္တလန္ၿမိဳ႕တြင္ စက္တင္ဘာလမွစ၍ ၉ ႀကိမ္ေျမာက္ေလာင္ကြၽမ္းျခင္းျဖစ္ၿပီး မီးေလာင္ကြၽမ္းရသည့္အေၾကာင္းအရင္းႏွင့္ မီးေလာင္ဆုံး႐ႈံးသည့္ ေနအိမ္အေရအတြက္ကို လတ္တေလာ မသိ႐ွိရေသးေပ။

ထန္တလန္ၿမိဳ႕ေပၚတြင္ ၿပီးခဲ့သည့္ မီးေလာင္ကြၽမ္းမႈ ၈ ႀကိမ္တြင္ ထန္တလန္ၿမိဳ႕တြင္ ခရစ္ယာန္ဘုရားေက်ာင္း ၃ ခုႏွင့္ လူေနအိမ္ ၂၆၅ လုံး ပ်က္စီးဆုံး႐ႈံးခဲ့ၿပီးျဖစ္သည္။

News & Photo – The Chin Journal

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.