Local News

တော်လှန်ရေးဟာ အောင်မြင်နေပြီဖြစ်ပြီး အကြမ်းဖက်စစ်တပ်ကို သုတ်သင်ရေးလုပ်ငန်းသာ မပြီးပြတ်သေးတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြား

တော်လှန်ရေးဟာ အောင်မြင်နေပြီဖြစ်ပြီး အကြမ်းဖက်စစ်တပ်ကို သုတ်သင်ရေးလုပ်ငန်းသာ မပြီးပြတ်သေးတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြား

ဒီဇင်ဘာ ၃၁၊ ၂၀၂၁

ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ ကြိုးစားနေကြတဲ့အတွက် တော်လှန်ရေးဟာ အောင်မြင်နေပြီဖြစ်ကြောင်းနဲ့ အကြမ်းဖက်စစ်တပ်ကို သုတ်သင်ရေးလုပ်ငန်းသာ မပြီးပြတ်သေးတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက နှစ်သစ်ကူးမိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောကြားလိုက်ပါတယ်။

“ဒီနွေဦး တော်လှန်ရေးက မွေးထုတ်ပေးလိုက်တဲ့ ပြည်သူအချင်းချင်း စာနာငဲ့ညှာမှု၊ တိုင်းရင်းသားအချင်းချင်း ပိုမို နားလည် သိမြင်လာမှု၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး တို့အပေါ် ပိုမိုအလေးထားလာမှု နှင့် ဖက်ဒရယ် ပြည်ထောင်စု မရှိမဖြစ် လိုအပ် နေပြီဆိုတဲ့ နိုင်ငံရေး နိုးကြားမှုတို့ဟာ ဘယ်အရာနဲ့မှ တန်ဖိုးဖြတ်လို့မရနိုင်တဲ့ ပြည်ထောင်စုသစ်တန်ဖိုးတွေဖြစ်ပါတယ်။

ဒီလို အခက်ခဲများစွာကြားက အင်မတန်ခိုင်မာတဲ့ စိတ်ဓါတ်နဲ့ ကြိုးစားနေကြတာကိုက တော်လှန်ရေးဟာ အောင် နေပြီးဖြစ်ပါ တယ်။ အကြမ်းဖက်စစ်တပ်ကို သုတ်သင်ရေးလုပ်ငန်းစဥ်သာမပြီးပြတ်ကြ သေးတာ ဖြစ်ပါတယ်” လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

ပြည်သူလူထုတရပ်လုံးရဲ့ စိတ်အားမလျော့ဘဲ ဆန္ဒပြင်းပြစွာနဲ့ ကြိုးစားမှုကြောင့် ကြီးမားတဲ့အခက်အခဲတွေ၊ အန္တရာယ်တွေကြား ကနေပဲ တော်လှန်ရေးဟာ ခရီးအလွန်ကို ပေါက်လာနေပြီဖြစ်တယ်လို့လည်း ဝန်ကြီးချုပ်က ပြောထားပါတယ်။

“နိုင်ငံခြားရေးအနေနဲ့ အများသိရှိပြီးဖြစ်တဲ့အတိုင်း အကြမ်းဖက် စစ်တပ်အနေဖြင့် ၁၁ လကျော်ကြာ လက်နက်နှင့် နယ်မြေအများစု ထိန်းချုပ်ထားသည့်တိုင် တရားဝင်မှု လုံးဝမရရှိပဲ ၊ ပြည်သူရဲ့ စိတ်ရောကိုယ်ပါ ထောက်ခံမှုရရှိထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို သာပိုမိုအသိအမှတ်ပြုလာကြတာ သိသာထင်ရှားစွာတွေ့မြင်ကြရပါတယ်။“ လို့ ပြည်ထောင်စု ဝန်ကြီးချုပ်က ပြောပါတယ်။

ဒါအပြင် စစ်ရေးမှာလည်း အကြမ်းဖက်စစ်တပ်နဲ့ လက်နက်အင်အား အဆမတန်ကွာခြားနေတဲ့ကြားက ပြည်သူ့စစ်သားကောင်း တို့ရဲ့ သစ္စာ၊ ခံယူချက်နဲ့ တိုက်ခိုက်ရည်စွမ်းရည်တွေက ပြည်သူတရပ်လုံးရဲ့ အားပေးထောက်ခံမှုကြောင့် အသာစီးရနေတာကို တွေ့ရမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး မဟာမိတ်တွေအားလုံးနဲ့ ပူးပေါင်းပြီးတော့ မဟာဗျူဟာတွေချမှတ်ပြီး ပြည်သူတွေထိခိုက်မှု အနည်းဆုံးဖြစ်အောင်၊ တိုက်ပွဲတိုင်း အနိုင်ရအောင်နဲ့ အကြမ်းဖက်စစ်တပ်ကို အမြစ်ဖြုတ်နိုင်မဲ့အရေးကို ဆောင်ရွက်လျက်ရှိနေတယ်လို့ သိရပါတယ်။

ဒါအပြင် စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တို့နဲ့ပတ်သက်ပြီးတော့လည်း “အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ပါးစေများအဖြစ် အသုံးချ ခံနေရတဲ့ ကျနော်တို့ ပြည်သူများပဲ ဖြစ်ကြတဲ့ စစ်သားနှင့် ရဲတပ်ဖွဲ့ဝင် များကိုလည်း သတင်းစကားပါးချင်ပါတယ်။

စစ်အာ ဏာရှင်များဟာ ၎င်းတို့တပ်ဖွဲ့ဝင်များကို ပြည်သူ့အစိုးရနှင့် ဒီမိုကရေစီလိုလားသူများမှ တပ်မတော်ကို ပြိုကွဲအောင်သွေးခွဲ ဖန်တီးနေသူများအဖြစ် အစဥ်တစိုက်ဝါဒဖြန့်ခဲ့ကြပါတယ်။ အမှန်တကယ်တော့ ပြည်သူဘက်က ရပ်တည်လိုတဲ့ ပြည်သူ့စစ် သားများနှင့် ပြည်သူကို သတ်ဖြတ်နေတဲ့ စစ်အာဏာရှင်တွေ၊ ၎င်းတို့ရဲ့လက်ပါးစေတို့နဲ့ သွေးခွဲနေတယ်ဆိုရင်ပိုမို တိကျပါလိမ့်မယ်။

ပြည်သူနှင့် ပြည်သူ့စစ်သားများကို သွေးခွဲနေတာဟာ စစ်အာဏာရှင်တွေသာဖြစ်တယ်ဆိုတာကို စစ်ကောင်စီ လက်အောက်မှ လက်နက်ကိုင်တပ်ဖွဲ့ဝင်များအားလုံး နားလည်သိရှိသင့်ပြီဖြစ်ပါတယ်။” လို့ပြောကြားခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တော်လှန်ရေးအမြန်ဆုံးအောင်ပွဲခံပြီး စိတ်သစ် လူသစ် ခွန်အားသစ်တွေနဲ့ ဖက်ဒရယ် ပြည်ထောင်စု မြန်မာနိုင်ငံတော်သစ်ကို အတူတကွ အုတ်မြစ်ချနိုင်ဖို့အတွက် သန္ဒိဌာန်ပြုပါတယ်ဆိုပြီးလည်း ပြောကြားထားတာ တွေ့ရပါတယ်။

Zawgyi

ေတာ္လွန္ေရးဟာ ေအာင္ျမင္ေနၿပီျဖစ္ၿပီး အၾကမ္းဖက္စစ္တပ္ကို သုတ္သင္ေရးလုပ္ငန္းသာ မၿပီးျပတ္ေသးတာလို႔ အမ်ိဳးသားညီၫြတ္ေရးအစိုးရ ျပည္ေထာင္စုဝန္ႀကီးခ်ဳပ္ ေျပာၾကား

ဒီဇင္ဘာ ၃၁၊ ၂၀၂၁

ခိုင္မာတဲ့ စိတ္ဓာတ္နဲ႔ ႀကိဳးစားေနၾကတဲ့အတြက္ ေတာ္လွန္ေရးဟာ ေအာင္ျမင္ေနၿပီျဖစ္ေၾကာင္းနဲ႔ အၾကမ္းဖက္စစ္တပ္ကို သုတ္သင္ေရးလုပ္ငန္းသာ မၿပီးျပတ္ေသးတာျဖစ္ေၾကာင္း အမ်ိဳးသားညီၫြတ္ေရးအစိုးရ ျပည္ေထာင္စုဝန္ႀကီးခ်ဳပ္ မန္းဝင္းခိုင္သန္းက ႏွစ္သစ္ကူးမိန္႔ခြန္းေျပာၾကားရာမွာ ထည့္သြင္းေျပာၾကားလိုက္ပါတယ္။

“ဒီေႏြဦး ေတာ္လွန္ေရးက ေမြးထုတ္ေပးလိုက္တဲ့ ျပည္သူအခ်င္းခ်င္း စာနာငဲ့ညႇာမႈ၊ တိုင္းရင္းသားအခ်င္းခ်င္း ပိုမို နားလည္ သိျမင္လာမႈ၊ ဒီမိုကေရစီႏွင့္ လူ႕အခြင့္အေရး တို႔အေပၚ ပိုမိုအေလးထားလာမႈ ႏွင့္ ဖက္ဒရယ္ ျပည္ေထာင္စု မ႐ွိမျဖစ္ လိုအပ္ ေနၿပီဆိုတဲ့ ႏိုင္ငံေရး ႏိုးၾကားမႈတို႔ဟာ ဘယ္အရာနဲ႔မွ တန္ဖိုးျဖတ္လို႔မရႏိုင္တဲ့ ျပည္ေထာင္စုသစ္တန္ဖိုးေတြျဖစ္ပါတယ္။

ဒီလို အခက္ခဲမ်ားစြာၾကားက အင္မတန္ခိုင္မာတဲ့ စိတ္ဓါတ္နဲ႔ ႀကိဳးစားေနၾကတာကိုက ေတာ္လွန္ေရးဟာ ေအာင္ ေနၿပီးျဖစ္ပါ တယ္။ အၾကမ္းဖက္စစ္တပ္ကို သုတ္သင္ေရးလုပ္ငန္းစဥ္သာမၿပီးျပတ္ၾက ေသးတာ ျဖစ္ပါတယ္” လို႔ ျပည္ေထာင္စုဝန္ႀကီးခ်ဳပ္ မန္းဝင္းခိုင္သန္းက ေျပာပါတယ္။

ျပည္သူလူထုတရပ္လုံးရဲ႕ စိတ္အားမေလ်ာ့ဘဲ ဆႏၵျပင္းျပစြာနဲ႔ ႀကိဳးစားမႈေၾကာင့္ ႀကီးမားတဲ့အခက္အခဲေတြ၊ အႏၲရာယ္ေတြၾကား ကေနပဲ ေတာ္လွန္ေရးဟာ ခရီးအလြန္ကို ေပါက္လာေနၿပီျဖစ္တယ္လို႔လည္း ဝန္ႀကီးခ်ဳပ္က ေျပာထားပါတယ္။

“ႏိုင္ငံျခားေရးအေနနဲ႔ အမ်ားသိ႐ွိၿပီးျဖစ္တဲ့အတိုင္း အၾကမ္းဖက္ စစ္တပ္အေနျဖင့္ ၁၁ လေက်ာ္ၾကာ လက္နက္ႏွင့္ နယ္ေျမအမ်ားစု ထိန္းခ်ဳပ္ထားသည့္တိုင္ တရားဝင္မႈ လုံးဝမရ႐ွိပဲ ၊ ျပည္သူရဲ႕ စိတ္ေရာကိုယ္ပါ ေထာက္ခံမႈရ႐ွိထားတဲ့ အမ်ိဳးသားညီၫြတ္ေရးအစိုးရကို သာပိုမိုအသိအမွတ္ျပဳလာၾကတာ သိသာထင္႐ွားစြာေတြ႕ျမင္ၾကရပါတယ္။“ လို႔ ျပည္ေထာင္စု ဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။

ဒါအျပင္ စစ္ေရးမွာလည္း အၾကမ္းဖက္စစ္တပ္နဲ႔ လက္နက္အင္အား အဆမတန္ကြာျခားေနတဲ့ၾကားက ျပည္သူ႕စစ္သားေကာင္း တို႔ရဲ႕ သစၥာ၊ ခံယူခ်က္နဲ႔ တိုက္ခိုက္ရည္စြမ္းရည္ေတြက ျပည္သူတရပ္လုံးရဲ႕ အားေပးေထာက္ခံမႈေၾကာင့္ အသာစီးရေနတာကို ေတြ႕ရမွာျဖစ္တယ္လို႔လည္း ေျပာပါတယ္။

အမ်ိဳးသားညီၫြတ္ေရးအစိုးရအေနနဲ႔ တိုင္းရင္းသားလက္နက္ကိုင္ေတာ္လွန္ေရး မဟာမိတ္ေတြအားလုံးနဲ႔ ပူးေပါင္းၿပီးေတာ့ မဟာဗ်ဴဟာေတြခ်မွတ္ၿပီး ျပည္သူေတြထိခိုက္မႈ အနည္းဆုံးျဖစ္ေအာင္၊ တိုက္ပြဲတိုင္း အႏိုင္ရေအာင္နဲ႔ အၾကမ္းဖက္စစ္တပ္ကို အျမစ္ျဖဳတ္ႏိုင္မဲ့အေရးကို ေဆာင္႐ြက္လ်က္႐ွိေနတယ္လို႔ သိရပါတယ္။

ဒါအျပင္ စစ္သားနဲ႔ ရဲတပ္ဖြဲ႕ဝင္တို႔နဲ႔ပတ္သက္ၿပီးေတာ့လည္း “အၾကမ္းဖက္စစ္ေကာင္စီရဲ႕ လက္ပါးေစမ်ားအျဖစ္ အသုံးခ် ခံေနရတဲ့ က်ေနာ္တို႔ ျပည္သူမ်ားပဲ ျဖစ္ၾကတဲ့ စစ္သားႏွင့္ ရဲတပ္ဖြဲ႕ဝင္ မ်ားကိုလည္း သတင္းစကားပါးခ်င္ပါတယ္။

စစ္အာ ဏာ႐ွင္မ်ားဟာ ၎တို႔တပ္ဖြဲ႕ဝင္မ်ားကို ျပည္သူ႕အစိုးရႏွင့္ ဒီမိုကေရစီလိုလားသူမ်ားမွ တပ္မေတာ္ကို ၿပိဳကြဲေအာင္ေသြးခြဲ ဖန္တီးေနသူမ်ားအျဖစ္ အစဥ္တစိုက္ဝါဒျဖန္႔ခဲ့ၾကပါတယ္။ အမွန္တကယ္ေတာ့ ျပည္သူဘက္က ရပ္တည္လိုတဲ့ ျပည္သူ႕စစ္ သားမ်ားႏွင့္ ျပည္သူကို သတ္ျဖတ္ေနတဲ့ စစ္အာဏာ႐ွင္ေတြ၊ ၎တို႔ရဲ႕လက္ပါးေစတို႔နဲ႔ ေသြးခြဲေနတယ္ဆိုရင္ပိုမို တိက်ပါလိမ့္မယ္။

ျပည္သူႏွင့္ ျပည္သူ႕စစ္သားမ်ားကို ေသြးခြဲေနတာဟာ စစ္အာဏာ႐ွင္ေတြသာျဖစ္တယ္ဆိုတာကို စစ္ေကာင္စီ လက္ေအာက္မွ လက္နက္ကိုင္တပ္ဖြဲ႕ဝင္မ်ားအားလုံး နားလည္သိ႐ွိသင့္ၿပီျဖစ္ပါတယ္။” လို႔ေျပာၾကားခဲ့ပါတယ္။

အမ်ိဳးသားညီၫြတ္ေရးအစိုးရအေနနဲ႔ ေတာ္လွန္ေရးအျမန္ဆုံးေအာင္ပြဲခံၿပီး စိတ္သစ္ လူသစ္ ခြန္အားသစ္ေတြနဲ႔ ဖက္ဒရယ္ ျပည္ေထာင္စု ျမန္မာႏိုင္ငံေတာ္သစ္ကို အတူတကြ အုတ္ျမစ္ခ်ႏိုင္ဖို႔အတြက္ သႏၵိဌာန္ျပဳပါတယ္ဆိုၿပီးလည္း ေျပာၾကားထားတာ ေတြ႕ရပါတယ္။

About the author

admin

Add Comment

Click here to post a comment