Local News

ကရင်လက်နက်ကိုင်အဖွဲ့အားလုံး စုစည်းပြီး ပြည်သူ့ဘက်ကရပ်ဖို့ လေးကေကော်လူငယ်ကွန်ရက်တောင်းဆို

ကရင်လက်နက်ကိုင်အဖွဲ့အားလုံး စုစည်းပြီး ပြည်သူ့ဘက်ကရပ်ဖို့ လေးကေကော်လူငယ်ကွန်ရက်တောင်းဆို

ကရင်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီးမူ(၄)ချက်နဲ့အညီ ကရင်လက်နက်ကိုင်အဖွဲ့အားလုံး ပြန်လည်စုစည်းပြီး ပြည်သူ့ဘက်ကနေ မားမားမတ်မတ်ရပ်တည်ပေးဖို့ လေးကေကော်လူငယ်ကွန်ရက်က ကရင်နှစ်သစ်ကူးနေ့ ဒီကနေ့မှာ သဝဏ်လွှာပေးပို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သဝဏ်လွှာမှာ လက်ရှိဖြစ်ပွားနေတဲ့ လေးကေကော်တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး သက်ဆိုင်သူအားလုံးကို လေးကေကော်လူငယ်ကွန်ရက်က အချက်(၇) ချက်ပါတဲ့ အချက်တွေကို တောင်းဆိုခဲ့တာပါ။

အဲ့ဒီတောင်းဆိုချက်တွေထဲမှာ လေးကေကော်လူငယ်ကွန်ရက်နဲ့ ပြည်သူလူထုအားလုံး စည်းလုံးညီညွတ်ပြီး ကရင်နှစ်သစ်မှစကာ မျက်စိဖွင့်နားစွင့် ထကြွနိုးကြားကြပြီး အကြမ်းဖက်မှန်သမျှကို အမြစ်ပြုတ်တိုက်ထုတ်ကြဖို့

နိုင်ငံတစ်ဝန်းက ပြည်သူတွေနဲ့ ပြည်ပမှာရောက်ရှိနေတဲ့ သူတွေက စစ်ရှောင်တွေအတွက် ဝိုင်းဝန်းပြီး အတူတကွရပ်တည်ပေးဖို့ တောင်းဆိုထားတယ်လို့ သဝဏ်လွှာမှာ ဖောြ်ပထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့အနေနဲ့ အရပ်သားပြည်သူနေထိုင်ရာဒေသကို လေယာဉ်တွေနဲ့ အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်တာဟာ ကြီးမားတဲ့ရာဇဝတ်မှုကို ကျူးလွန်နေတာဖြစ်ပြီး စစ်ဘေးရှောင်တွေ ကျန်ရှိခဲ့တဲ့ နေအိမ်အဆောက်အဦးနဲ့ အသုံးအဆောင်ပစ္စည်းတွေကို ဖျက်ဆီးတာ၊

ခိုးယူတာတွေဟာ လွန်စွာရှက်ရွံ့ရှာဖွယ်ကောင်းတဲ့ လုပ်ရပ်ဖြစ်တဲ့အပြင် အရပ်သားပြည်သူ နေအိမ်အဆောက်အဦးတွေကို ပစ်မှတ်ထားတိုက်ခိုက်တာနဲ့ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦးတွေမှာ စစ်စခန်းချတာတွေကို ရှုတ်ချတယ်လို့ သဝဏ်လွှာမှာပါရှိပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့အနေနဲ့ ထိုးစစ်ဆင်နေမှုကို ရပ်တန့်ပြီး လေးကေကော်ဒေသကနေ ပြန်လည်ဆုတ်ခွာပေးဖို့၊ သတင်းမီဒီယာနဲ့ လူမှုကွန်ယက်အသုံးပြုသူတွေအနေနဲ့လည်း ဓာတ်ပုံဗီဒီယို သတင်းစတာတွေကို ဝေမျှရာမှာ

စစ်ဘေးရှောင်ပြည်သူတွေ၊ တော်လှန်ရေးရဲဘော်တွေရဲ့ လုံခြုံရေးထိခိုက်မှုမရှိစေဖို့အတွက် ဂရုပြုဆင်ခြင်ကြဖို့ တောင်းဆိုထားသေးတယ်လို့လည်း သဝဏ်လွှာမှာဖော်ပြထားပါတယ်။

ဒီဇင်ဘာ ၁၅ ရက်နေ့ကစပြီး လေးကေကော်ဒေသမှာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၆ တို့အကြား တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးအပြင် လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာ၊ အင်အားသုံးပြီး မြေပြင်ထိုးစစ်ဆင်လာတာကြောင့် ဒေသခံပြည်သူ ၁၀၀၀၀ ကျော် စစ်ဘေးရှောင်နေခဲ့ရပါတယ်။

#ကရင်ပြည်နယ် #လေးကေကော် #ကရင်နှစ်သစ်ကူးနေ့ #စစ်ကောင်စီ #အာဏာသိမ်းစစ်တပ် #စောဘဦးကြီးမူ

People’sSpring

Zawgyi

ကရင္လက္နက္ကိုင္အဖြဲ႕အားလုံး စုစည္းၿပီး ျပည္သူ႕ဘက္ကရပ္ဖို႔ ေလးေကေကာ္လူငယ္ကြန္ရက္ေတာင္းဆို

ကရင္အမ်ိဳးသားေခါင္းေဆာင္ႀကီး ေစာဘဦးႀကီးမူ(၄)ခ်က္နဲ႔အညီ ကရင္လက္နက္ကိုင္အဖြဲ႕အားလုံး ျပန္လည္စုစည္းၿပီး ျပည္သူ႕ဘက္ကေန မားမားမတ္မတ္ရပ္တည္ေပးဖို႔ ေလးေကေကာ္လူငယ္ကြန္ရက္က ကရင္ႏွစ္သစ္ကူးေန႔ ဒီကေန႔မွာ သဝဏ္လႊာေပးပို႔ တိုက္တြန္းႏိႈးေဆာ္ထားပါတယ္။

သဝဏ္လႊာမွာ လက္႐ွိျဖစ္ပြားေနတဲ့ ေလးေကေကာ္တိုက္ပြဲျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး သက္ဆိုင္သူအားလုံးကို ေလးေကေကာ္လူငယ္ကြန္ရက္က အခ်က္(၇) ခ်က္ပါတဲ့ အခ်က္ေတြကို ေတာင္းဆိုခဲ့တာပါ။

အဲ့ဒီေတာင္းဆိုခ်က္ေတြထဲမွာ ေလးေကေကာ္လူငယ္ကြန္ရက္နဲ႔ ျပည္သူလူထုအားလုံး စည္းလုံးညီၫြတ္ၿပီး ကရင္ႏွစ္သစ္မွစကာ မ်က္စိဖြင့္နားစြင့္ ထႂကြႏိုးၾကားၾကၿပီး အၾကမ္းဖက္မွန္သမွ်ကို အျမစ္ျပဳတ္တိုက္ထုတ္ၾကဖို႔

ႏိုင္ငံတစ္ဝန္းက ျပည္သူေတြနဲ႔ ျပည္ပမွာေရာက္႐ွိေနတဲ့ သူေတြက စစ္ေ႐ွာင္ေတြအတြက္ ဝိုင္းဝန္းၿပီး အတူတကြရပ္တည္ေပးဖို႔ ေတာင္းဆိုထားတယ္လို႔ သဝဏ္လႊာမွာ ေဖာျ္ပထားပါတယ္။

စစ္ေကာင္စီတပ္ဖြဲ႕အေနနဲ႔ အရပ္သားျပည္သူေနထိုင္ရာေဒသကို ေလယာဥ္ေတြနဲ႔ အႀကိမ္ႀကိမ္ဗုံးႀကဲတိုက္ခိုက္တာဟာ ႀကီးမားတဲ့ရာဇဝတ္မႈကို က်ဴးလြန္ေနတာျဖစ္ၿပီး စစ္ေဘးေ႐ွာင္ေတြ က်န္႐ွိခဲ့တဲ့ ေနအိမ္အေဆာက္အဦးနဲ႔ အသုံးအေဆာင္ပစၥည္းေတြကို ဖ်က္ဆီးတာ၊

ခိုးယူတာေတြဟာ လြန္စြာ႐ွက္႐ြံ႕႐ွာဖြယ္ေကာင္းတဲ့ လုပ္ရပ္ျဖစ္တဲ့အျပင္ အရပ္သားျပည္သူ ေနအိမ္အေဆာက္အဦးေတြကို ပစ္မွတ္ထားတိုက္ခိုက္တာနဲ႔ စာသင္ေက်ာင္း၊ ဘာသာေရးအေဆာက္အဦးေတြမွာ စစ္စခန္းခ်တာေတြကို ႐ႈတ္ခ်တယ္လို႔ သဝဏ္လႊာမွာပါ႐ွိပါတယ္။

ဒါ့အျပင္ စစ္ေကာင္စီတပ္ဖြဲ႕အေနနဲ႔ ထိုးစစ္ဆင္ေနမႈကို ရပ္တန္႔ၿပီး ေလးေကေကာ္ေဒသကေန ျပန္လည္ဆုတ္ခြာေပးဖို႔၊ သတင္းမီဒီယာနဲ႔ လူမႈကြန္ယက္အသုံးျပဳသူေတြအေနနဲ႔လည္း ဓာတ္ပုံဗီဒီယို သတင္းစတာေတြကို ေဝမွ်ရာမွာ

စစ္ေဘးေ႐ွာင္ျပည္သူေတြ၊ ေတာ္လွန္ေရးရဲေဘာ္ေတြရဲ႕ လုံျခဳံေရးထိခိုက္မႈမ႐ွိေစဖို႔အတြက္ ဂ႐ုျပဳဆင္ျခင္ၾကဖို႔ ေတာင္းဆိုထားေသးတယ္လို႔လည္း သဝဏ္လႊာမွာေဖာ္ျပထားပါတယ္။

ဒီဇင္ဘာ ၁၅ ရက္ေန႔ကစၿပီး ေလးေကေကာ္ေဒသမွာ အာဏာသိမ္းစစ္ေကာင္စီတပ္နဲ႔ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ KNLA တပ္မဟာ ၆ တို႔အၾကား တိုက္ပြဲေတြစတင္ျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီဘက္က လက္နက္ႀကီးအျပင္ ေလယာဥ္နဲ႔ဗုံးႀကဲတိုက္ခိုက္တာ၊ အင္အားသုံးၿပီး ေျမျပင္ထိုးစစ္ဆင္လာတာေၾကာင့္ ေဒသခံျပည္သူ ၁၀၀၀၀ ေက်ာ္ စစ္ေဘးေ႐ွာင္ေနခဲ့ရပါတယ္။

#ကရင္ျပည္နယ္ #ေလးေကေကာ္ #ကရင္ႏွစ္သစ္ကူးေန႔ #စစ္ေကာင္စီ #အာဏာသိမ္းစစ္တပ္ #ေစာဘဦးႀကီးမူ

People’sSpring

About the author

admin

Add Comment

Click here to post a comment