Local News

ဗျူဟာလေးချက်လုံးကို ဖြည့်ဆည်းထားနိုင်လို့ ၂၀၂၂ ခုနှစ်က ပြည်သူ့အောင်ပွဲလို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြော

ဗျူဟာလေးချက်လုံးကို ဖြည့်ဆည်းထားနိုင်လို့ ၂၀၂၂ ခုနှစ်က ပြည်သူ့အောင်ပွဲလို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြော

ဇန်နဝါရီ ၃ ၊ ၂၀၂၂

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဗျူဟာ လေးချက်လုံးကို ဖြည့်ဆည်းထားနိုင်ခဲ့ပြီဖြစ်လို့ အခုနှစ် ၂၀၂၂ ခုနှစ်ဟာ ပြည်သူ့ အောင်ပွဲဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်ကပြောကြားလိုက်ပါတယ်။

“တော်လှန်ရေးအင်အား Man power အနေနဲ့ကတော့ ပြောစရာမလိုပါဘူး။ ကျွန်တော်တို့ အခုလိုအပ်နေတာက အဓိက ၄ ခုရှိ မယ်လို့ မြင်ပါတယ်။ ၁ ရန်ပုံငွေ၊ ၂ လက်နက်၊ ၃ မဟာမိတ်စုဖွဲ့မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု ၄ ဗျူဟာပိုင်း ဖြစ်ပါ လိမ့်မယ်။

ဒီလိုအပ် ချက် ၄ ခုစလုံးကိုလည်း ပိုမိုဖြည့်ဆည်းလာနိုင်ပြီဖြစ်တဲ့အတွက် ၂၀၂၂ ခုနှစ်အတွင်း ပြည်သူ့အောင်ပွဲကို မျက်မှောက် ပြုနိုင်လိမ့်မယ်လို့ ပြောချင်ပါတယ်။”လို BBC သတင်းဌာနနဲ့ မေးမြန်းခန်းမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

ဒါအပြင် မြို့ပြပြောက်ကျားလှုပ်ရှားမှုဟာ အန္တရာယ်အလွန်များမှန်း သိကြပေမဲ့ လိုအပ်တဲ့ စွန့်စားမှုနဲ့ စွန့်လွှတ်မှုလုပ်ဖို့ ဆုံးဖြတ်ခဲ့ တဲ့ ပုဂ္ဂိုလ်တွေအားလုံးကို အထူးလေးစားရတယ်လို့လည်း ပြောကြားထားပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ကရင်ပြည်နယ်၊ ဒူးပလာယာခရိုင်ထဲက လေးကေ့ကော်ဒေသမှာဖြစ်ပွားနေတဲ့ တိုက်ပွဲကိုကြည့်ရင် KNU အနေနဲ့ တော်လှန်ရေးကို ဦးဆောင်မှုရှိရှိ ပါဝင်ထမ်းရွက်ဖို့ စိတ်ဆုံးဖြတ်ထားတာကို မြင်တွေ့နိုင်တယ်လို့လည်း မှတ်ချက်ပြုထားပါတယ်။

“အခုဆင်နွှဲနေတဲ့ ပြည်သူ့တော်လှန်ရေးမှာ NUG ၊ MOD ကအရပ်ဘက်ကွပ်ကဲမှု တာဝန်ကိုယူပြီး EAO တွေရဲ့ စစ်ဖက်ခေါင်းဆောင်တွေက စစ်ရေးဦးဆောင်မှုတာဝန်ကိုယူ အဲသလိုပူးပေါင်းဆောင်ရွက်တာပါ။

လေးကေ့ကော်တိုက်ပွဲကတော့ KNU အနေနဲ့ သမိုင်းကတောင်းဆိုတဲ့ တော်လှန်ရေးတာဝန်ကို ဦးဆောင်မှုရှိရှိ ပါဝင်ထမ်းရွက်ဖို့ စိတ်ပိုင်းဖြတ်လိုက်တာပဲလို့ မြင်ပါတယ်။ စစ်ကောင်စီအနေနဲ့ သူဖွင့်ထားရတဲ့ စစ်မျက်နှာစုံမှာ အရူးမီးဝိုင်းပိုဖြစ်လာဖို့ပဲရှိပါတယ်။” လို့ ဦးရည်မွန်က ဆက်ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့အချိန်မှာ အားလုံးလိုလိုက တိုင်းရင်းသားနယ်မြေတွေမှာ ထွက်ပြေးခိုလှုံခဲ့‌ ကြရတာပါ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ကူညီစောင့်ရှောက်မှုနဲ့ CRPH လုပ်ငန်းတွေ အကောင်အထည် ဖော်နိုင်ခဲ့တာဖြစ်တယ်လို့ သူကပြောပါတယ်။

CRPH ကို အခြေပြုပြီးချိန်မှာ EAO ၊ CDM ဝန်ထမ်းတွေနဲ့ မြို့ပေါ်သပိတ်ခေါင်းဆောင်တွေ ပါဝင်တဲ့ NUCC ကို စတင်နိုင်ခဲ့ပြီး တော့ NUCC ကတဆင့် NUG ဖြစ်ပေါ်လာတာပါ။

NUG ဖြစ်ပေါ်လာပြီးနောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို ဖွဲ့စည်းလာနိုင်ခဲ့တာဖြစ်တာမို့ တိကျခိုင်မာသေချာတဲ့ လမ်းကြောင်းဖော်ဆောင်ပြီး လျှောက်လှမ်းနေကြတာဖြစ်တဲ့အတွက် တော်လှန်ရေးအောင်မြင်မှုကို လှမ်းမြင်နေရပြီလည်းဖြစ်ပါတယ်။

Zawgyi

ဗ်ဴဟာေလးခ်က္လုံးကို ျဖည့္ဆည္းထားႏိုင္လို႔ ၂၀၂၂ ခုႏွစ္က ျပည္သူ႕ေအာင္ပြဲလို႔ ကာကြယ္ေရးဝန္ႀကီး ဦးရည္မြန္ေျပာ

ဇန္နဝါရီ ၃ ၊ ၂၀၂၂

အမ်ိဳးသားညီၫြတ္ေရးအစိုးရအေနနဲ႔ ဗ်ဴဟာ ေလးခ်က္လုံးကို ျဖည့္ဆည္းထားႏိုင္ခဲ့ၿပီျဖစ္လို႔ အခုႏွစ္ ၂၀၂၂ ခုႏွစ္ဟာ ျပည္သူ႕ ေအာင္ပြဲျဖစ္တယ္လို႔ ကာကြယ္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးရည္မြန္ကေျပာၾကားလိုက္ပါတယ္။

“ေတာ္လွန္ေရးအင္အား Man power အေနနဲ႔ကေတာ့ ေျပာစရာမလိုပါဘူး။ ကြၽန္ေတာ္တို႔ အခုလိုအပ္ေနတာက အဓိက ၄ ခု႐ွိ မယ္လို႔ ျမင္ပါတယ္။ ၁ ရန္ပုံေငြ၊ ၂ လက္နက္၊ ၃ မဟာမိတ္စုဖြဲ႕မႈနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈ ၄ ဗ်ဴဟာပိုင္း ျဖစ္ပါ လိမ့္မယ္။

ဒီလိုအပ္ ခ်က္ ၄ ခုစလုံးကိုလည္း ပိုမိုျဖည့္ဆည္းလာႏိုင္ၿပီျဖစ္တဲ့အတြက္ ၂၀၂၂ ခုႏွစ္အတြင္း ျပည္သူ႕ေအာင္ပြဲကို မ်က္ေမွာက္ ျပဳႏိုင္လိမ့္မယ္လို႔ ေျပာခ်င္ပါတယ္။”လို BBC သတင္းဌာနနဲ႔ ေမးျမန္းခန္းမွာ ထည့္သြင္းေျပာၾကားခဲ့တာပါ။

ဒါအျပင္ ၿမိဳ႕ျပေျပာက္က်ားလႈပ္႐ွားမႈဟာ အႏၲရာယ္အလြန္မ်ားမွန္း သိၾကေပမဲ့ လိုအပ္တဲ့ စြန္႔စားမႈနဲ႔ စြန္႔လႊတ္မႈလုပ္ဖို႔ ဆုံးျဖတ္ခဲ့ တဲ့ ပုဂၢိဳလ္ေတြအားလုံးကို အထူးေလးစားရတယ္လို႔လည္း ေျပာၾကားထားပါတယ္။

လက္႐ွိျဖစ္ပြားေနတဲ့ ကရင္ျပည္နယ္၊ ဒူးပလာယာခ႐ိုင္ထဲက ေလးေက့ေကာ္ေဒသမွာျဖစ္ပြားေနတဲ့ တိုက္ပြဲကိုၾကည့္ရင္ KNU အေနနဲ႔ ေတာ္လွန္ေရးကို ဦးေဆာင္မႈ႐ွိ႐ွိ ပါဝင္ထမ္း႐ြက္ဖို႔ စိတ္ဆုံးျဖတ္ထားတာကို ျမင္ေတြ႕ႏိုင္တယ္လို႔လည္း မွတ္ခ်က္ျပဳထားပါတယ္။

“အခုဆင္ႏႊဲေနတဲ့ ျပည္သူ႕ေတာ္လွန္ေရးမွာ NUG ၊ MOD ကအရပ္ဘက္ကြပ္ကဲမႈ တာဝန္ကိုယူၿပီး EAO ေတြရဲ႕ စစ္ဖက္ေခါင္းေဆာင္ေတြက စစ္ေရးဦးေဆာင္မႈတာဝန္ကိုယူ အဲသလိုပူးေပါင္းေဆာင္႐ြက္တာပါ။

ေလးေက့ေကာ္တိုက္ပြဲကေတာ့ KNU အေနနဲ႔ သမိုင္းကေတာင္းဆိုတဲ့ ေတာ္လွန္ေရးတာဝန္ကို ဦးေဆာင္မႈ႐ွိ႐ွိ ပါဝင္ထမ္း႐ြက္ဖို႔ စိတ္ပိုင္းျဖတ္လိုက္တာပဲလို႔ ျမင္ပါတယ္။ စစ္ေကာင္စီအေနနဲ႔ သူဖြင့္ထားရတဲ့ စစ္မ်က္ႏွာစုံမွာ အ႐ူးမီးဝိုင္းပိုျဖစ္လာဖို႔ပဲ႐ွိပါတယ္။” လို႔ ဦးရည္မြန္က ဆက္ေျပာပါတယ္။

အၾကမ္းဖက္စစ္ေကာင္စီက အာဏာသိမ္းၿပီးတဲ့အခ်ိန္မွာ အားလုံးလိုလိုက တိုင္းရင္းသားနယ္ေျမေတြမွာ ထြက္ေျပးခိုလႈံခဲ့‌ ၾကရတာပါ။ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေတြရဲ႕ ကူညီေစာင့္ေ႐ွာက္မႈနဲ႔ CRPH လုပ္ငန္းေတြ အေကာင္အထည္ ေဖာ္ႏိုင္ခဲ့တာျဖစ္တယ္လို႔ သူကေျပာပါတယ္။

CRPH ကို အေျချပဳၿပီးခ်ိန္မွာ EAO ၊ CDM ဝန္ထမ္းေတြနဲ႔ ၿမိဳ႕ေပၚသပိတ္ေခါင္းေဆာင္ေတြ ပါဝင္တဲ့ NUCC ကို စတင္ႏိုင္ခဲ့ၿပီး ေတာ့ NUCC ကတဆင့္ NUG ျဖစ္ေပၚလာတာပါ။

NUG ျဖစ္ေပၚလာၿပီးေနာက္ပိုင္း ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕ PDF ေတြကို ဖြဲ႕စည္းလာႏိုင္ခဲ့တာျဖစ္တာမို႔ တိက်ခိုင္မာေသခ်ာတဲ့ လမ္းေၾကာင္းေဖာ္ေဆာင္ၿပီး ေလွ်ာက္လွမ္းေနၾကတာျဖစ္တဲ့အတြက္ ေတာ္လွန္ေရးေအာင္ျမင္မႈကို လွမ္းျမင္ေနရၿပီလည္းျဖစ္ပါတယ္။

About the author

admin

Add Comment

Click here to post a comment