Local News

တန့်ဆည်မြို့တွင် ဗုံးတစ်လုံးလာခွဲလျင် မြို့ပေါ်အိမ်ငါးလုံးကို မီးရှို့မည်ဟု စစ်ကောင်စီ ခြိမ်းခြောက်

တန့်ဆည်မြို့တွင် ဗုံးတစ်လုံးလာခွဲလျင် မြို့ပေါ်အိမ်ငါးလုံးကို မီးရှို့မည်ဟု စစ်ကောင်စီ ခြိမ်းခြောက်

တန့်ဆည်မြို့တော်ခန်းမတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်က ၎င်းတို့ထံဗုံးတစ်လုံးလာခွဲပါက မြို့ပေါ်အိမ်ငါးလုံးကို မီးရှို့မည်ဟု ခြိမ်းခြောက်နေကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီအင်အား ၁၀၀ခန့်သည် တန့်ဆည်မြို့တော်ခန်းမတွင် တပ်စွဲထားပြီး မြို့တွင်း သွားလာနေသည့် ဒေသခံများကို စစ်ဆေးရင်း အထက်ပါအတိုင်း ခြိမ်း​ခြောက်နေခြင်းဖြစ်​ကြောင်း ဒေသခံတစ်ဦးက People’s Spring သို့ ပြောသည်။

“တမင်သက်သက် ရန်စတာဗျ။လက်နက်မဲ့လူထုကို ခြိမ်းခြောက်နေတာ။PDF တွေ ဗုံးတစ်လုံး လာခွဲတာနဲ့ မင်းတို့ ရပ်ကွက်ထဲက အိမ် ငါးလုံး မီးလာရှို့မယ်လို့ကို ပြောတာ။ အရိုးကိုက်ကောင်တွေ”ဟု ကိုယ်တိုင်စစ်ဆေးခံခဲ့ရသည့် ဒေသခံတစ်ဦးက ပြောသည်။

ဒေသတွင်းသတင်းများကို ဖော်ပြနေသည့် တန့်ဆည်အခြေစိုက် စစ်အာဏာရှင်တော်လှန်ရေးသတင်းစာမျက်နှာတစ်ခုကလည်း စစ်ကောင်စီလက်အောက်ခံ တပ်မ(၇၇)က ပြည်သူများအားက ယင်းကဲ့သို့ ခြိမ်းခြောက်လိုက်သည်ကို ထုတ်ပြန်ထားသည်။

“မင်းတို့ သိတဲ့အဖွဲ့တွေပြောလိုက်။ ဗုံးတစ်လုံးလာခွဲရင်မြို့ပေါ် အိမ်ငါးလုံးမီးရှို့ပစ်မယ်။တပ်မ ၇၇ ကွ”ဟု မှာလိုက်သည်ဟု Taze တော်လှန်လှန်ရေးစာမျက်နှာက ထုတ်ပြန်ထားသည်။

တန့်ဆည်မြို့ကို စစ်ကောင်စီ အထူးတင်းတင်းကျပ်ကျပ်စစ်ဆေးနေပြီး ယမန်နေ့(ဇန်နဝါရီ ၂ရက်)ကလည်း ကပေါင်းကျကျေးရွာမှ နေအိမ်ဆယ်လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့သည်။

ထို့အပြင်လယ်ကွင်းအတွင်း ကောက်လှိုင်းစီးနေသည့် အရပ်သားတစ်ဦးအား စစ်ကောင်စီက ပစ်သတ်သွားပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်များက စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြသည်။ ယင်းဖြစ်စဥ်တွင် စစ်ကောင်စီဘက်က ဆယ်ဦးထက်မနည်း သေဆုံးခဲ့သည်ဟု တန့်ဆည်PDFက သတင်းထုတ်ပြန်ထားသည်။

ယခုရက်ပိုင်းတွင် စစ်ကောင်စီနှင့် ပျူစောထီများပူးပေါင်းပြီး ကျေးရွာများအတွင်း စစ်ကြောင်းထိုးလာနိုင်၍ လုံခြုံရေးသတိပိုရှိကြရန်လည်းတန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က သတင်းထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီသည် ကလေးမြို့နယ်တွင်လည်း ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် မပူးပေါင်းပါက နေအိမ်များအား မီးရှို့မည်ဟု ခြိမ်းခြောက်ခဲ့ပြီး ​ကျေးရွာအချို့မှ အိမ်များကိုမီးရှို့ဖျက်ဆီးခဲ့​​သေးသည်။

(တပ်မ (၇၇) သည်လက်နက်မဲ့ပြည်သူများကို ပစ်ခတ်သတ်ဖြတ် ရမ်းကားခဲ့​သော်လည်း ​​​နွေဦး​တော်လှန်​ရေးကာလတွင် ကချင်နှင့် ကိုးကန့်တိုက်ပွဲများတွင် KIA နှင့် MNDAA တပ်များ၏လက်စွမ်းပြမှု​ကြောင့်အထိနာခဲ့သည်)

People’sSpring

Zawgyi

တန္႔ဆည္ၿမိဳ႕တြင္ ဗုံးတစ္လုံးလာခြဲလ်င္ ၿမိဳ႕ေပၚအိမ္ငါးလုံးကို မီး႐ိႈ႕မည္ဟု စစ္ေကာင္စီ ၿခိမ္းေျခာက္

တန္႔ဆည္ၿမိဳ႕ေတာ္ခန္းမတြင္ တပ္စြဲထားေသာ အၾကမ္းဖက္စစ္ေကာင္စီတပ္က ၎တို႔ထံဗုံးတစ္လုံးလာခြဲပါက ၿမိဳ႕ေပၚအိမ္ငါးလုံးကို မီး႐ိႈ႕မည္ဟု ၿခိမ္းေျခာက္ေနေၾကာင္း ေဒသခံမ်ားက ေျပာသည္။

စစ္ေကာင္စီအင္အား ၁၀၀ခန္႔သည္ တန္႔ဆည္ၿမိဳ႕ေတာ္ခန္းမတြင္ တပ္စြဲထားၿပီး ၿမိဳ႕တြင္း သြားလာေနသည့္ ေဒသခံမ်ားကို စစ္ေဆးရင္း အထက္ပါအတိုင္း ၿခိမ္း​ေျခာက္ေနျခင္းျဖစ္​ေၾကာင္း ေဒသခံတစ္ဦးက People’s Spring သို႔ ေျပာသည္။

“တမင္သက္သက္ ရန္စတာဗ်။လက္နက္မဲ့လူထုကို ၿခိမ္းေျခာက္ေနတာ။PDF ေတြ ဗုံးတစ္လုံး လာခြဲတာနဲ႔ မင္းတို႔ ရပ္ကြက္ထဲက အိမ္ ငါးလုံး မီးလာ႐ိႈ႕မယ္လို႔ကို ေျပာတာ။ အ႐ိုးကိုက္ေကာင္ေတြ”ဟု ကိုယ္တိုင္စစ္ေဆးခံခဲ့ရသည့္ ေဒသခံတစ္ဦးက ေျပာသည္။

ေဒသတြင္းသတင္းမ်ားကို ေဖာ္ျပေနသည့္ တန္႔ဆည္အေျခစိုက္ စစ္အာဏာ႐ွင္ေတာ္လွန္ေရးသတင္းစာမ်က္ႏွာတစ္ခုကလည္း စစ္ေကာင္စီလက္ေအာက္ခံ တပ္မ(၇၇)က ျပည္သူမ်ားအားက ယင္းကဲ့သို႔ ၿခိမ္းေျခာက္လိုက္သည္ကို ထုတ္ျပန္ထားသည္။

“မင္းတို႔ သိတဲ့အဖြဲ႕ေတြေျပာလိုက္။ ဗုံးတစ္လုံးလာခြဲရင္ၿမိဳ႕ေပၚ အိမ္ငါးလုံးမီး႐ိႈ႕ပစ္မယ္။တပ္မ ၇၇ ကြ”ဟု မွာလိုက္သည္ဟု Taze ေတာ္လွန္လွန္ေရးစာမ်က္ႏွာက ထုတ္ျပန္ထားသည္။

တန္႔ဆည္ၿမိဳ႕ကို စစ္ေကာင္စီ အထူးတင္းတင္းက်ပ္က်ပ္စစ္ေဆးေနၿပီး ယမန္ေန႔(ဇန္နဝါရီ ၂ရက္)ကလည္း ကေပါင္းက်ေက်း႐ြာမွ ေနအိမ္ဆယ္လုံးကို မီး႐ိႈ႕ဖ်က္ဆီးသြားခဲ့သည္။

ထို႔အျပင္လယ္ကြင္းအတြင္း ေကာက္လိႈင္းစီးေနသည့္ အရပ္သားတစ္ဦးအား စစ္ေကာင္စီက ပစ္သတ္သြားၿပီးေနာက္ ျပည္သူ႕ကာကြယ္ေရးတပ္မ်ားက စစ္ေကာင္စီတပ္အား မိုင္းဆြဲတိုက္ခိုက္ခဲ့ၾကသည္။ ယင္းျဖစ္စဥ္တြင္ စစ္ေကာင္စီဘက္က ဆယ္ဦးထက္မနည္း ေသဆုံးခဲ့သည္ဟု တန္႔ဆည္PDFက သတင္းထုတ္ျပန္ထားသည္။

ယခုရက္ပိုင္းတြင္ စစ္ေကာင္စီႏွင့္ ပ်ဴေစာထီမ်ားပူးေပါင္းၿပီး ေက်း႐ြာမ်ားအတြင္း စစ္ေၾကာင္းထိုးလာႏိုင္၍ လုံျခဳံေရးသတိပို႐ွိၾကရန္လည္းတန္႔ဆည္ၿမိဳ႕နယ္ျပည္သူ႕ကာကြယ္ေရးအဖြဲ႕ (ပကဖ)က သတင္းထုတ္ျပန္ထားသည္။

အၾကမ္းဖက္စစ္ေကာင္စီသည္ ကေလးၿမိဳ႕နယ္တြင္လည္း ျပည္သူမ်ားအေနျဖင့္ စစ္ေကာင္စီႏွင့္ မပူးေပါင္းပါက ေနအိမ္မ်ားအား မီး႐ိႈ႕မည္ဟု ၿခိမ္းေျခာက္ခဲ့ၿပီး ​ေက်း႐ြာအခ်ိဳ႕မွ အိမ္မ်ားကိုမီး႐ိႈ႕ဖ်က္ဆီးခဲ့​​ေသးသည္။

(တပ္မ (၇၇) သည္လက္နက္မဲ့ျပည္သူမ်ားကို ပစ္ခတ္သတ္ျဖတ္ ရမ္းကားခဲ့​ေသာ္လည္း ​​​ေႏြဦး​ေတာ္လွန္​ေရးကာလတြင္ ကခ်င္ႏွင့္ ကိုးကန္႔တိုက္ပြဲမ်ားတြင္ KIA ႏွင့္ MNDAA တပ္မ်ား၏လက္စြမ္းျပမႈ​ေၾကာင့္အထိနာခဲ့သည္)

People’sSpring

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.