Local News

မင်း​အောင်လှိုင်အတွက် ဖမ်းဝရမ်းလက်မခံရန်စာ​ပေါက်ကြားမှု​ကြောင့်ဆိုကာ တရားလွှတ်​တော်ချုပ်၊သု​တေသနဌာနတစ်ခုလုံးကို စစ်​ကောင်စီတရားစွဲဆို

မင်း​အောင်လှိုင်အတွက် ဖမ်းဝရမ်းလက်မခံရန်စာ​ပေါက်ကြားမှု​ကြောင့်ဆိုကာ တရားလွှတ်​တော်ချုပ်၊သု​တေသနဌာနတစ်ခုလုံးကို စစ်​ကောင်စီတရားစွဲဆို

အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ထံ
နိုင်ငံတကာတရားရုံးများထံမှ ဖမ်းဝရမ်း(သို့မဟုတ်) ဆင့်ခေါ်စာပို့လာပါကလက်မခံကြရန် ဌာနတွင်း ညွှန်ကြားစာ ‌ပြင်ပသို့ ပေါက်ကြားခဲ့မှုကြောင့်ဟုဆိုကာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ သုတေသနဌာနတစ်ခုလုံးကို တရားစွဲဆိုထားသည်ဟု CDM တရားရေးဝန်ထမ်းအချို့က People’s Spring သတင်းဌာနသို့ပြောကြားသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ သုတေသနဌာနမှ ဝန်ထမ်းများကို စစ်ကောင်စီ၏ ဥပဒေရေးရာဝန်ကြီးဌာနက တရားစွဲဆိုထားခြင်းဟု CDM တရားသူကြီးတစ်ဦးကပြောသည်။

“ထွက်လာတဲ့ စာပါဓာတ်ပုံက ထောင့်စွန်းမှာ စားပွဲခင်းလေးပါနေတယ်။ ဒီစားပွဲခင်းက သုတေသနဌာနက စားပွဲခင်းဆိုပြီးတရားစွဲတာ”ဟု ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှဝန်ထမ်းများနှင့်အဆက်အသွယ်ရှိသော CDM တရားရေးဝန်ထမ်းတစ်ဦးက ပြောသည်။

နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့် တရားစွဲထားခြင်းဖြစ်ပြီး ယင်းလုပ်ရပ်ကြောင့် ဌာနချင်း အမြင်မကြည်လင်မှုများဖြစ်နေသည်ဟုလည်း တရားရေးအသိုင်းအဝိုင်းထံမှ သတင်းရရှိသည်။

ပြစ်မှုဆိုင်ရာနိုင်ငံတကာ ခုံရုံး (International Criminal Court – ICC) နှင့် အာဂျင်တီးနားတရားရုံးများနှင့် တရားစွဲဆိုသူ များထံမှ ပေးပို့လာသည့်စာဖြစ်စေ၊ ပြည်ပသွားလာခွင့်ကန့်သတ်ခြင်းဆိုင်ရာ ဖမ်းဆီးမိန့်ဖြစ်စေ၊

ဖမ်းဝရမ်း သို့မဟုတ် လာရောက်ရန်သမ္မန်စာဖြစ်စေ ပြည်ပမှဝင်ရောက်လေ့ရှိသည့် DHL အပါအဝင် အမြန်ချောပို့နှင့် အခြားနည်းလမ်းများဖြင့် ပေးပို့လာသည့်စာများကို လက်ခံခြင်းမပြုရန် စစ်ကောင်စီက ဒီဇင်ဘာ ၂၅ ရက်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ပေးပို့ခဲ့သည်။

ယင်းနှင့်ပတ်သက်၍ ဌာနတွင်း ညွှန်ကြားချက်ကို ပြည်ထောင်စု တရားသူကြီးချုပ်က အောက်ခြေ ဌာနများသို့ ထပ်မံဖြန့်ဝေခဲ့သည့် စာသည် ပြင်ပသို့ ပေါက်ကြားလာခြင်းဖြစ်သည်။

မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်သည် ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာများအား လူမျိုးတုန်းသတ်ဖြတ်မှု အပါအဝင် ၂၀၂၁ ဖေဖော်ဝါရီ၁ ရက်နိုင်ငံတော်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူများအား ဖမ်းဆီး နှိပ်စက် သတ်ဖြတ်မှု၊ လူမျိုးတုန်း သတ်ဖြတ်မှု၊ လေကြောင်းအသုံးပြုကာ အရပ်သားပြည်သူများကို သတ်ဖြတ်မှု စသည်တို့ကြောင့် ပြစ်မှုဆိုင်ရာနိုင်ငံတကာ ခုံရုံးတွင်တိုင်ကြားခံထားသည်။

လူမျိုးတုန်းသတ်ဖြတ်မှုဖြင့်အပြစ်ပေးအရေးယူခံရမည်ကို ကြောက်လန့်နေသည့် အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်၏ ဥပဒေမဲ့ညွှန်ကြားမှုများကို လိုက်နာကာ ဌာနတွင်း ဥပဒေမဲ့ညွှန်ကြားစာထပ်ဆင့်ထုတ်ပြန်ခဲ့သည့်

ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးကိုလည်း တရားရေးအသိုင်းအဝိုင်းက ပြစ်တင်ရှုတ်ချနေကြသည်။ CDM ပြုလုပ်နေသည့် တရားရေးဝန်ထမ်းများကမူ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးအား မာမီထွန်းဟု အမည်ပြောင် ပေးထားသည်။

(ဖမ်းဝရမ်းနှင့် ဆင့်​ခေါ်စာ လက်မခံရန် ညွန်ကြားစာ)

Zawgyi

မင္း​ေအာင္လိႈင္အတြက္ ဖမ္းဝရမ္းလက္မခံရန္စာ​ေပါက္ၾကားမႈ​ေၾကာင့္ဆိုကာ တရားလႊတ္​ေတာ္ခ်ဳပ္၊သု​ေတသနဌာနတစ္ခုလုံးကို စစ္​ေကာင္စီတရားစြဲဆို

အၾကမ္းဖက္စစ္ေကာင္စီေခါင္းေဆာင္မင္းေအာင္လိႈင္ထံ
ႏိုင္ငံတကာတရား႐ုံးမ်ားထံမွ ဖမ္းဝရမ္း(သို႔မဟုတ္) ဆင့္ေခၚစာပို႔လာပါကလက္မခံၾကရန္ ဌာနတြင္း ၫႊန္ၾကားစာ ‌ျပင္ပသို႔ ေပါက္ၾကားခဲ့မႈေၾကာင့္ဟုဆိုကာ

ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္၊ သုေတသနဌာနတစ္ခုလုံးကို တရားစြဲဆိုထားသည္ဟု CDM တရားေရးဝန္ထမ္းအခ်ိဳ႕က People’s Spring သတင္းဌာနသို႔ေျပာၾကားသည္။

ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္၊ သုေတသနဌာနမွ ဝန္ထမ္းမ်ားကို စစ္ေကာင္စီ၏ ဥပေဒေရးရာဝန္ႀကီးဌာနက တရားစြဲဆိုထားျခင္းဟု CDM တရားသူႀကီးတစ္ဦးကေျပာသည္။

“ထြက္လာတဲ့ စာပါဓာတ္ပုံက ေထာင့္စြန္းမွာ စားပြဲခင္းေလးပါေနတယ္။ ဒီစားပြဲခင္းက သုေတသနဌာနက စားပြဲခင္းဆိုၿပီးတရားစြဲတာ”ဟု ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္႐ုံးမွဝန္ထမ္းမ်ားႏွင့္အဆက္အသြယ္႐ွိေသာ CDM တရားေရးဝန္ထမ္းတစ္ဦးက ေျပာသည္။

ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္အက္ဥပေဒျဖင့္ တရားစြဲထားျခင္းျဖစ္ၿပီး ယင္းလုပ္ရပ္ေၾကာင့္ ဌာနခ်င္း အျမင္မၾကည္လင္မႈမ်ားျဖစ္ေနသည္ဟုလည္း တရားေရးအသိုင္းအဝိုင္းထံမွ သတင္းရ႐ွိသည္။

ျပစ္မႈဆိုင္ရာႏိုင္ငံတကာ ခုံ႐ုံး (International Criminal Court – ICC) ႏွင့္ အာဂ်င္တီးနားတရား႐ုံးမ်ားႏွင့္ တရားစြဲဆိုသူ မ်ားထံမွ ေပးပို႔လာသည့္စာျဖစ္ေစ၊ ျပည္ပသြားလာခြင့္ကန္႔သတ္ျခင္းဆိုင္ရာ ဖမ္းဆီးမိန္႔ျဖစ္ေစ၊

ဖမ္းဝရမ္း သို႔မဟုတ္ လာေရာက္ရန္သမၼန္စာျဖစ္ေစ ျပည္ပမွဝင္ေရာက္ေလ့႐ွိသည့္ DHL အပါအဝင္ အျမန္ေခ်ာပို႔ႏွင့္ အျခားနည္းလမ္းမ်ားျဖင့္ ေပးပို႔လာသည့္စာမ်ားကို လက္ခံျခင္းမျပဳရန္ စစ္ေကာင္စီက ဒီဇင္ဘာ ၂၅ ရက္တြင္ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္သို႔ ေပးပို႔ခဲ့သည္။

ယင္းႏွင့္ပတ္သက္၍ ဌာနတြင္း ၫႊန္ၾကားခ်က္ကို ျပည္ေထာင္စု တရားသူႀကီးခ်ဳပ္က ေအာက္ေျခ ဌာနမ်ားသို႔ ထပ္မံျဖန္႔ေဝခဲ့သည့္ စာသည္ ျပင္ပသို႔ ေပါက္ၾကားလာျခင္းျဖစ္သည္။

မင္းေအာင္လိႈင္ဦးေဆာင္သည့္ စစ္တပ္သည္ ရခိုင္ျပည္နယ္အတြင္း ႐ိုဟင္ဂ်ာမ်ားအား လူမ်ိဳးတုန္းသတ္ျဖတ္မႈ အပါအဝင္ ၂၀၂၁ ေဖေဖာ္ဝါရီ၁ ရက္ႏိုင္ငံေတာ္အာဏာသိမ္းၿပီးေနာက္ပိုင္း ျပည္သူမ်ားအား ဖမ္းဆီး ႏွိပ္စက္ သတ္ျဖတ္မႈ၊ လူမ်ိဳးတုန္း သတ္ျဖတ္မႈ၊ ေလေၾကာင္းအသုံးျပဳကာ အရပ္သားျပည္သူမ်ားကို သတ္ျဖတ္မႈ စသည္တို႔ေၾကာင့္ ျပစ္မႈဆိုင္ရာႏိုင္ငံတကာ ခုံ႐ုံးတြင္တိုင္ၾကားခံထားသည္။

လူမ်ိဳးတုန္းသတ္ျဖတ္မႈျဖင့္အျပစ္ေပးအေရးယူခံရမည္ကို ေၾကာက္လန္႔ေနသည့္ အၾကမ္းဖက္စစ္ေကာင္စီေခါင္းေဆာင္မင္းေအာင္လိႈင္၏ ဥပေဒမဲ့ၫႊန္ၾကားမႈမ်ားကို လိုက္နာကာ ဌာနတြင္း ဥပေဒမဲ့ၫႊန္ၾကားစာထပ္ဆင့္ထုတ္ျပန္ခဲ့သည့္

ျပည္ေထာင္စု တရားသူႀကီးခ်ဳပ္ ဦးထြန္းထြန္းဦးကိုလည္း တရားေရးအသိုင္းအဝိုင္းက ျပစ္တင္႐ႈတ္ခ်ေနၾကသည္။ CDM ျပဳလုပ္ေနသည့္ တရားေရးဝန္ထမ္းမ်ားကမူ ျပည္ေထာင္စု တရားသူႀကီးခ်ဳပ္ ဦးထြန္းထြန္းဦးအား မာမီထြန္းဟု အမည္ေျပာင္ ေပးထားသည္။

(ဖမ္းဝရမ္းႏွင့္ ဆင့္​ေခၚစာ လက္မခံရန္ ၫြန္ၾကားစာ)

Recent Comments

No comments to show.