Local News

အကြမ်းဖက်စစ်ကောင်စီတပ်မှ ၃ ရက်အတွင်း BGF ၂ ဦးကို ပြန်လည်ပစ်သတ်

အကြမ်းဖက်စစ်ကောင်စီတပ်မှ ၃ ရက်အတွင်း BGF ၂ ဦးကို ပြန်လည်ပစ်သတ်

ရန်ကုန်၊ ဇန်နဝါရီ ၄

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ မူတြော်ခရိုင်အတွင်း ဝင်ရောက်နေသော စစ်ကောင်စီတပ်က လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင် ၂ ဦးကို ဒီဇင်ဘာလ ၃၀ ရက်နှင့် ဇန်နဝါရီလ ၁ ရက်နေ့တွင် ပစ်သတ်လိုက်ကြောင်း KNU မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။

KNU တပ်မဟာ ၅ ပြင်ပ လုံခြုံရေးအရာရှိတစ်ဦးက ထိုဖြစ်စဉ်များသည် ကရင်လူမျိုးအချင်းချင်း ရန်တိုက်ပေးတယ်၊ အောက်ခြေ BGF တပ်ဖွဲ့ဝင်များသည် စစ်ကောင်စီညွှန်ကြားချက်များကို ဆန့်ကျင်၍ အသတ်ခံရခြင်းဖြစ်နိုင်ကြောင်း ထင်မြင်ချက်ပေးသည်။

“အကြမ်းဖက်စစ်ကောင်စီရဲ့ အဓိကရည်ရွယ်ချက်ကတော့ ကရင်လူမျိုးအချင်းချင်း ရန်တိုက်ပေါးတယ်၊ ပဋိပက္ခဖြစ်အောင် ဖန်တီးနေတာပဲ၊ BGF တပ်ဖွဲ့ဝင်များကလည်း ကရင်လူမျိုးဖြစ်တဲ့အတွက် ကိုယ့်လူမျိုးအချင်းချင်း ရန်လိုသတ်ဖြတ်တာမျိုးကျတော့ ဘယ်သူကလုပ်ချင်မှာလဲနော်၊ အကြမ်းဖက်စစ်ခေါင်းဆောင်နဲ့ ပနံသင့်တဲ့ BGF အထက်ခေါင်းဆောင်တချို့တော့ ရှိတယ်လေနော်။

ဒါပေမယ့်ဗျာ အောက်ခြေ BGF ရဲဘော် ခပ်များများက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဆီ ပြန်လာပူးချင်ကြတယ်၊ ဒါပေမယ့်လည်းဗျာ အထက်က အကြမ်းဖက်စစ်ကောင်စီရဲ့ ညွှန်ကြားချက်ကို ဖီလာဆန့်ကျင်လုပ်ရင်တော့ သူတို့က ဖြောင်ပစ်လိုက်မှာပဲ” ဟု တပ်မဟာ ၅ ပြင်ပလုံခြုံရေးအရာရှိ ဗိုလ်ကြီး စောမိုးဇက်က ဆိုသည်။

KNU တပ်မဟာ ၅ မူတြော်ခရိုင်၊ ကညင်ဒုံတံတားအနီး၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက BGF ၁ ဦးကို ပစ်သတ်ပြီး ဖာပွန်-ကမမောင်းလမ်း အရပ်ရှစ်မျက်နှာ်သို့ လက်နက်ကြီးအမြောက်အများ ရမ်းသန်းပစ်ခတ်ကြောင်း၊

ဇန်နဝါရီလ ၁ ရက် နေ့လယ် ၁၂ နာရီတွင် ဖာပွန်-ကမမောင်းလမ်း ဆင်ဆွယ်ဒေသ၌ စစ်ကောင်စီတပ်က နှစ်သစ်ကူးအကြောင်းပြပြီး BGF နောက်ထပ် ၁ ဦးကို ပစ်သတ်ကြောင်း KNU မူတြော်သတင်းစဉ်တွင် ဖော်ပြသည်။

၂၀၁၂ ခုနှစ် ပဏာမအပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးသည့်နောက် ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၅ နယ်မြေ မူတြော် (ဖာပွန်ခရိုင်)ကို ထိန်းချုပ်နိုင်ရန် ရည်ရွယ်ပြီး အကြမ်းဖက်စစ်တပ်က

၎င်းတို့၏ ကျွန်ခါးပိုက်ဆောင် နယ်ခြားစောင့် တပ်ရင်း ၁၀၁၃ နှင့် ၁၀၁၄ တပ်ရင်း ၂ ရင်းကို လာရောက် လှုပ်ရှားစေခဲ့ကြောင်း မူတြော်သတင်းစဉ် ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဓါတ်ပုံ – ကရင်နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင်များ (ပုံအဟောင်းဖြစ်သည်)

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.