Local News

အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင် ရာဇဝတ်ကောင်တွေနဲ့ နိုင်ငံရေးစကားဝိုင်းမှာ တွေ့မှာမဟုတ်ဘူးလို့ ယာယီသမ္မတပြောကြား

အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင် ရာဇဝတ်ကောင်တွေနဲ့ နိုင်ငံရေးစကားဝိုင်းမှာ တွေ့မှာမဟုတ်ဘူးလို့ ယာယီသမ္မတပြောကြား

ဇန်နဝါရီ ၄ ၊ ၂၀၂၂

ပြည်သူ့သွေးစွန်းနေတဲ့ အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင် ရာဇဝတ်ကောင်တွေနဲ့ နိုင်ငံရေးစကားဝိုင်းမှာ တွေ့မှာ မဟုတ်ဘူးလို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။

ဒီနေ့ကျရောက်တဲ့ ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့အဖြစ် မိန့်ခွန်းပြောကြားတဲ့အခါ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ထည့်သွင်းပြောကြားလိုက်တာလည်းဖြစ်ပါတယ်။

“တကယ်တော့ ပြည်သူ့သွေးစွန်းနေတဲ့ စစ်ရာဇဝတ်ကောင်တွေဆိုတာ နိုင်ငံရေး စားပွဲဝိုင်းကို ပို့ရမှာ မဟုတ်ပါဘူး၊ သူတို့ ကို ပို့ရမယ့်နေရာက ပြည်တွင်း ပြည်ပ ရာဇဝတ်ခုံရုံးများပဲ ဖြစ်ပါတယ်။

အခုအချိန်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်အောက်ခံဖြစ်နေပေမယ့် စစ်အုပ်စုရဲ့အကြမ်းဖက်မှုများ ကို စက်ဆုပ်တဲ့ သူတွေ၊ စစ်တပ်ဟာ နိုင်ငံနဲ့ ပြည်သူကို ကာကွယ်စောင့်ရှောက်ဖို့မှတစ်ပါး နိုင်ငံရေး မှာ ဝင်ပတ်သက်စရာ မလိုဘူးလို့ နားလည်ခံယူတဲ့ တပ်မှုး တပ်သားများကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရက အစဥ် ရင်ဖွင့်ကြိုဆိုနေမှာ ဖြစ်ပါတယ်။” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်တာပါ။

လွတ်လပ်ရေးကြေညာစာတမ်း အပိုင် ၅ မှာ နိုင်ငံတော်ဆိုတာ မည်သူတဦးတယောက် တဖွဲ့တသင်းရဲ့ အမွေအနှစ်မဟုတ်ဘူး၊ မည် သူ တဦးတယောက် တဖွဲ့တသင်းရဲ့ ပုဂ္ဂလိကအပိုင် ပစ္စည်းမဟုတ်၊ မည်သူတဦးတယောက် တဖွဲ့တသင်းက ချုပ်ကိုင်အနိုင်သိမ်းယူ အကျိုးခံစားအပ်တဲ့ နိုင်ငံမဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုကတော့ လွတ်လပ်ရေးကြေညာစာတမ်းပါ လွတ်လပ် ရေးရဲ့ အနှစ်သာရ စံတန်ဖိုးတွေကို ဖြောင့်ဖြောင့်ကြီး ဆန်ကျင်ပြီး နိုင်ငံကို တစ်ဖွဲ့တစ်သင်းရဲ့ ပုဂ္ဂလိကအပိုင်ပစ္စည်းသဖွယ် ချုပ်ကိုင် အပိုင်သိမ်းယူအကျိုးခံစားနေကြတဲ့အတွက်လည်း တိုင်းပြည်ကို စစ်ကျွန်ဘဝမှာ နစ်မွန်းနေစေခဲ့တာလို့လည်း ယာယီ သမ္မတ ကပြောပါတယ်။

“၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းမှုကတော့ သမိုင်းတလျှောက် အရုပ်ဆိုး အကျည်းတန်ဆုံး ဖြစ်ပြီး၊ နေ့စဥ်နဲ့အမျှ လူမဆန်တဲ့ နည်းပေါင်းစုံနဲ့ ပြည်သူကို အကြမ်းဖက် နှိပ်စက် သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများ ဆက်တိုက် ကျူးလွန်နေတယ်ဆိုတာကတော့ ပြည်သူများကော နိုင်ငံတကာကပါ သိရှိပြီး ဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာလည်း “တပ်မတော်”ဆိုတဲ့ အမည်နာမကို ခံယူရန် ထိုက်တန်ခြင်း မရှိတော့ဘဲ “ပြည်သူ့ရန်သူ အကြမ်းဖက် သမားများ” အဖြစ် လျောကျ သက်ဆင်း သွားခဲ့ပြီလည်း ဖြစ်ပါတယ်။” လို့ ယာယီသမ္မတ ဒူဝါလရှီးလ က ပြောပါတယ်။

နှစ်ပေါင်း ၆၀ အတွင်းမှာ စစ်အုပ်စုက အာဏာသိမ်းယူ ဗိုလ်ကျစိုးမိုးခဲ့ပြီး ပြည်သူတွေက လွတ်လပ်ခွင့်တွေ ဆုံးရှုံးနေရတယ်လို့ လည်း ပြောကြားထားပါတယ်။

မြန်မာပြည်သူတွေအနေနဲ့ တိုင်းတပါးကျွန်ဘဝကနေ လွတ်မြောက်တာ နှစ် ၇၀ ကျော်ပြီဖြစ်ပေမယ့် အခုချိန်မှာ စစ်ကျွန်ဘဝကို ရောက်နေပြီး စစ်အာဏာရှင်ရဲ့ အကြမ်းဖက်ဖိနှိပ်မှုဒဏ်ကို အပြင်းအထန်ခံစားနေကြရတာဟာ ဝမ်းနည်းစရာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားတာ တွေ့ရပါတယ်။

Zawgyi

အၾကမ္းဖက္ေခါင္းေဆာင္မင္းေအာင္လိႈင္အပါအဝင္ ရာဇဝတ္ေကာင္ေတြနဲ႔ ႏိုင္ငံေရးစကားဝိုင္းမွာ ေတြ႕မွာမဟုတ္ဘူးလို႔ ယာယီသမၼတေျပာၾကား

ဇန္နဝါရီ ၄ ၊ ၂၀၂၂

ျပည္သူ႕ေသြးစြန္းေနတဲ့ အၾကမ္းဖက္ေခါင္းေဆာင္မင္းေအာင္လိႈင္အပါအဝင္ ရာဇဝတ္ေကာင္ေတြနဲ႔ ႏိုင္ငံေရးစကားဝိုင္းမွာ ေတြ႕မွာ မဟုတ္ဘူးလို႔ ယာယီသမၼတ ဒူဝါလ႐ွီးလက ေျပာၾကားလိုက္ပါတယ္။

ဒီေန႔က်ေရာက္တဲ့ ၇၄ ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔အျဖစ္ မိန္႔ခြန္းေျပာၾကားတဲ့အခါ အမ်ိဳးသားညီၫြတ္ေရးအစိုးရ ယာယီသမၼတ ဒူဝါလ႐ွီးလက ထည့္သြင္းေျပာၾကားလိုက္တာလည္းျဖစ္ပါတယ္။

“တကယ္ေတာ့ ျပည္သူ႕ေသြးစြန္းေနတဲ့ စစ္ရာဇဝတ္ေကာင္ေတြဆိုတာ ႏိုင္ငံေရး စားပြဲဝိုင္းကို ပို႔ရမွာ မဟုတ္ပါဘူး၊ သူတို႔ ကို ပို႔ရမယ့္ေနရာက ျပည္တြင္း ျပည္ပ ရာဇဝတ္ခုံ႐ုံးမ်ားပဲ ျဖစ္ပါတယ္။

အခုအခ်ိန္မွာ အၾကမ္းဖက္စစ္အုပ္စုရဲ႕ လက္ေအာက္ခံျဖစ္ေနေပမယ့္ စစ္အုပ္စုရဲ႕အၾကမ္းဖက္မႈမ်ား ကို စက္ဆုပ္တဲ့ သူေတြ၊ စစ္တပ္ဟာ ႏိုင္ငံနဲ႔ ျပည္သူကို ကာကြယ္ေစာင့္ေ႐ွာက္ဖို႔မွတစ္ပါး ႏိုင္ငံေရး မွာ ဝင္ပတ္သက္စရာ မလိုဘူးလို႔ နားလည္ခံယူတဲ့ တပ္မႈး တပ္သားမ်ားကိုေတာ့ အမ်ိဳးသားညီၫြတ္ေရးအစိုးရက အစဥ္ ရင္ဖြင့္ႀကိဳဆိုေနမွာ ျဖစ္ပါတယ္။” လို႔ ယာယီသမၼတ ဒူဝါလ႐ွီးလက ေျပာၾကားလိုက္တာပါ။

လြတ္လပ္ေရးေၾကညာစာတမ္း အပိုင္ ၅ မွာ ႏိုင္ငံေတာ္ဆိုတာ မည္သူတဦးတေယာက္ တဖြဲ႕တသင္းရဲ႕ အေမြအႏွစ္မဟုတ္ဘူး၊ မည္ သူ တဦးတေယာက္ တဖြဲ႕တသင္းရဲ႕ ပုဂၢလိကအပိုင္ ပစၥည္းမဟုတ္၊ မည္သူတဦးတေယာက္ တဖြဲ႕တသင္းက ခ်ဳပ္ကိုင္အႏိုင္သိမ္းယူ အက်ိဳးခံစားအပ္တဲ့ ႏိုင္ငံမဟုတ္ဘူးလို႔ ေဖာ္ျပထားပါတယ္။

အၾကမ္းဖက္စစ္အုပ္စုကေတာ့ လြတ္လပ္ေရးေၾကညာစာတမ္းပါ လြတ္လပ္ ေရးရဲ႕ အႏွစ္သာရ စံတန္ဖိုးေတြကို ေျဖာင့္ေျဖာင့္ႀကီး ဆန္က်င္ၿပီး ႏိုင္ငံကို တစ္ဖြဲ႕တစ္သင္းရဲ႕ ပုဂၢလိကအပိုင္ပစၥည္းသဖြယ္ ခ်ဳပ္ကိုင္ အပိုင္သိမ္းယူအက်ိဳးခံစားေနၾကတဲ့အတြက္လည္း တိုင္းျပည္ကို စစ္ကြၽန္ဘဝမွာ နစ္မြန္းေနေစခဲ့တာလို႔လည္း ယာယီ သမၼတ ကေျပာပါတယ္။

“၂၀၂၁ ခုႏွစ္ ေဖေဖၚဝါရီလ (၁) ရက္ေန႔ စစ္အာဏာသိမ္းမႈကေတာ့ သမိုင္းတေလွ်ာက္ အ႐ုပ္ဆိုး အက်ည္းတန္ဆုံး ျဖစ္ၿပီး၊ ေန႔စဥ္နဲ႔အမွ် လူမဆန္တဲ့ နည္းေပါင္းစုံနဲ႔ ျပည္သူကို အၾကမ္းဖက္ ႏွိပ္စက္ သတ္ျဖတ္ကာ စစ္ရာဇဝတ္မႈမ်ား ဆက္တိုက္ က်ဴးလြန္ေနတယ္ဆိုတာကေတာ့ ျပည္သူမ်ားေကာ ႏိုင္ငံတကာကပါ သိ႐ွိၿပီး ျဖစ္ပါတယ္။

အၾကမ္းဖက္စစ္တပ္ဟာလည္း “တပ္မေတာ္”ဆိုတဲ့ အမည္နာမကို ခံယူရန္ ထိုက္တန္ျခင္း မ႐ွိေတာ့ဘဲ “ျပည္သူ႕ရန္သူ အၾကမ္းဖက္ သမားမ်ား” အျဖစ္ ေလ်ာက် သက္ဆင္း သြားခဲ့ၿပီလည္း ျဖစ္ပါတယ္။” လို႔ ယာယီသမၼတ ဒူဝါလ႐ွီးလ က ေျပာပါတယ္။

ႏွစ္ေပါင္း ၆၀ အတြင္းမွာ စစ္အုပ္စုက အာဏာသိမ္းယူ ဗိုလ္က်စိုးမိုးခဲ့ၿပီး ျပည္သူေတြက လြတ္လပ္ခြင့္ေတြ ဆုံး႐ႈံးေနရတယ္လို႔ လည္း ေျပာၾကားထားပါတယ္။

ျမန္မာျပည္သူေတြအေနနဲ႔ တိုင္းတပါးကြၽန္ဘဝကေန လြတ္ေျမာက္တာ ႏွစ္ ၇၀ ေက်ာ္ၿပီျဖစ္ေပမယ့္ အခုခ်ိန္မွာ စစ္ကြၽန္ဘဝကို ေရာက္ေနၿပီး စစ္အာဏာ႐ွင္ရဲ႕ အၾကမ္းဖက္ဖိႏွိပ္မႈဒဏ္ကို အျပင္းအထန္ခံစားေနၾကရတာဟာ ဝမ္းနည္းစရာျဖစ္တယ္လို႔လည္း ထုတ္ျပန္ခ်က္မွာေဖာ္ျပထားတာ ေတြ႕ရပါတယ္။