Local News

မုံရွာ-အရာ​တော်လမ်းတွင် စစ်​ကောင်စီ၏​ထောက်ပို့ယာဥ်နှစ်စီးကို PDFများ နှစ်​နေရာတွင် တိုက်ခိုက်(ရုပ်/သံ)

မုံရွာ-အရာ​တော်လမ်းတွင် စစ်​ကောင်စီ၏​ထောက်ပို့ယာဥ်နှစ်စီးကို PDFများ နှစ်​နေရာတွင် တိုက်ခိုက်

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ထောက်ပို့ယာဥ်နှစ်စီး ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၈ ဖွဲ့တို့ပူးပေါင်းကာ နှစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုများရှိကြောင်း Ayadaw Bone Naing PDFအဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ ( ဇန်နဝါရီ ၄ရက်) နံနက်၆နာရီအချိန်က မုံရွာ-အရာတော် လမ်းမတစ်နေရာ၌ စစ်ကောင်စီတပ်၏ ထောက်ပို့ကား နှစ်စီးအနက်မှ ဒုတိယမြောက်ယာဉ်အားမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ

အကြမ်းဖက်စစ်ကောင်စီတပ်၏ယာဉ်တစ်စီး ဘေးတစ်ခြမ်းထိခိုက်ပျက်စီးခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေ တပ်သားများဒဏ်ရာ အများအပြား ရရှိနိုင်ကြောင်း၊ ၎င်းကားမှာ ဝါတန်းရွာအနီးတွင် ရပ်တန့်နေခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဝါးတန်းရွာအနီးတွင် ကားတစ်စီးကျန်ရစ်ခဲ့ပြီးနောက် ဆက်လက်ထွက်ခွါလာသော စစ်ကောင်စီ၏ ကျန်ရှိသောထောက်ပို့ကားတစ်စီးကို နံနက် ၇နာရီတွင် မန်းကျည်းသုံးပင်ကွေ့တွင် ထပ်မံမိုင်းခွဲတိုက်ခိုက်ခဲ့ရာ ယာဥ်ပေါ်ရှိ ယာဥ်မောင်းနှင့်ယာဥ်နောက်လိုက်နှစ်ဦး ထိခိုက်သေဆုံးခဲ့ကြောင်း အသိ ပေးထားသည်။

အဆိုပါစစ်ဆင်ရေးကို Knights Of The Red Land (KORL)ပျောက်ကြားတပ်ဖွဲ့၊ Ayardaw Bone Naing(A.B.N.PDF)၊ သပြေညို ပျောက်ကြားတပ်ဖွဲ့၊ ပတ္တမြားညီနောင် ပျောက်ကြားတပ်ဖွဲ့ တို့မှဦးဆောင်၍

Ayardaw Falcon Force(AF2)၊ M.R.T.F တပ်ဖွဲ့၊ The Guys Of Burma Revolution Force(GBRF)၊ တမန်တော်ပြောက်ကျားတပ်ဖွဲ့(APOSTLE)အစရှိသည့် ညီနောင်(၈)ဖွဲ့ တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်သည်။

People’sSpring

Zawgyi

မုံ႐ြာ-အရာ​ေတာ္လမ္းတြင္ စစ္​ေကာင္စီ၏​ေထာက္ပို႔ယာဥ္ႏွစ္စီးကို PDFမ်ား ႏွစ္​ေနရာတြင္ တိုက္ခိုက္

စစ္ကိုင္းတိုင္း အရာေတာ္ၿမိဳ႕နယ္တြင္ အၾကမ္းဖက္စစ္ေကာင္စီ၏ ေထာက္ပို႔ယာဥ္ႏွစ္စီး ေဒသတြင္း ျပည္သူ႕ကာကြယ္ေရးအဖြဲ႕ ၈ ဖြဲ႕တို႔ပူးေပါင္းကာ ႏွစ္ႀကိမ္တိုက္ခိုက္ခဲ့ၿပီး ထိခိုက္ေသဆုံးမႈမ်ား႐ွိေၾကာင္း Ayadaw Bone Naing PDFအဖြဲ႕က သတင္းထုတ္ျပန္သည္။

ယေန႔ ( ဇန္နဝါရီ ၄ရက္) နံနက္၆နာရီအခ်ိန္က မုံ႐ြာ-အရာေတာ္ လမ္းမတစ္ေနရာ၌ စစ္ေကာင္စီတပ္၏ ေထာက္ပို႔ကား ႏွစ္စီးအနက္မွ ဒုတိယေျမာက္ယာဥ္အားမိုင္းဆြဲတိုက္ခိုက္ခဲ့ရာ

အၾကမ္းဖက္စစ္ေကာင္စီတပ္၏ယာဥ္တစ္စီး ေဘးတစ္ျခမ္းထိခိုက္ပ်က္စီးခဲ့ၿပီး အၾကမ္းဖက္စစ္ေကာင္စီ လက္ပါးေစ တပ္သားမ်ားဒဏ္ရာ အမ်ားအျပား ရ႐ွိႏိုင္ေၾကာင္း၊ ၎ကားမွာ ဝါတန္း႐ြာအနီးတြင္ ရပ္တန္႔ေနခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

ဝါးတန္း႐ြာအနီးတြင္ ကားတစ္စီးက်န္ရစ္ခဲ့ၿပီးေနာက္ ဆက္လက္ထြက္ခြါလာေသာ စစ္ေကာင္စီ၏ က်န္႐ွိေသာေထာက္ပို႔ကားတစ္စီးကို နံနက္ ၇နာရီတြင္ မန္းက်ည္းသုံးပင္ေကြ႕တြင္ ထပ္မံမိုင္းခြဲတိုက္ခိုက္ခဲ့ရာ ယာဥ္ေပၚ႐ွိ ယာဥ္ေမာင္းႏွင့္ယာဥ္ေနာက္လိုက္ႏွစ္ဦး ထိခိုက္ေသဆုံးခဲ့ေၾကာင္း အသိ ေပးထားသည္။

အဆိုပါစစ္ဆင္ေရးကို Knights Of The Red Land (KORL)ေပ်ာက္ၾကားတပ္ဖြဲ႕၊ Ayardaw Bone Naing(A.B.N.PDF)၊ သေျပညိဳ ေပ်ာက္ၾကားတပ္ဖြဲ႕၊ ပတၱျမားညီေနာင္ ေပ်ာက္ၾကားတပ္ဖြဲ႕ တို႔မွဦးေဆာင္၍

Ayardaw Falcon Force(AF2)၊ M.R.T.F တပ္ဖြဲ႕၊ The Guys Of Burma Revolution Force(GBRF)၊ တမန္ေတာ္ေျပာက္က်ားတပ္ဖြဲ႕(APOSTLE)အစ႐ွိသည့္ ညီေနာင္(၈)ဖြဲ႕ တို႔မွ ပူးေပါင္းလုပ္ေဆာင္ခဲ့သည္ဟု ထုတ္ျပန္သည္။

People’sSpring

About the author

admin

Add Comment

Click here to post a comment