Local News

အနုပညာရှင် ၂၄ ဦးနှင့် လူမှုကွန်ရက်တွင်ကျော်ကြားသူ ၁၀ ဦး၏ အမှုများအား ပိတ်သိမ်းကြောင်း ထုတ်ပြန်

အနုပညာရှင် ၂၄ ဦးနှင့် လူမှုကွန်ရက်တွင်ကျော်ကြားသူ ၁၀ ဦး၏ အမှုများအား ပိတ်သိမ်းကြောင်း ထုတ်ပြန်

ဆန္ဒပြစဉ်ပါဝင်ခြင်း၊ လူမှုကွန်ရက်ကို အသုံးပြုဆန့်ကျင်လှုံ့ဆော်မှုများ ပြုလုပ်ခဲ့ခြင်းများကြောင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က အရ အရေးယူခံထားရသော အနုပညာရှင် ၂၄ ဦးနှင့်

လူမှုကွန်ရက်တွင် လူသိများသူ ၁၀ ဦးတို့အပေါ် အရေးယူထားသည့် အမှုများကိုပိတ်သိမ်းကြောင်း ယနေ့(အောက်တိုဘာ ၁၈ ရက်)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

အဆိုပါ အမှုပိတ်သိမ်းခံရသည့် အနုပညာရှင်များ၏ အမည်စာရင်းနှင့် လူမှုကွန်ရက်တွင် လူသိများသူ ၁၀ ဦး၏ အမည်စာရင်းကိုမူ မသိရှိရသေးပေ။

ယနေ့(အောက်တိုဘာ ၁၈ ရက်)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အကျဉ်းထောင်အသီးသီးတွင်

အကျဉ်းကျခံနေရသူ ၁၃၁၆ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ပြီး ဆန္ဒပြမှုများတွင်ပါဝင်ခဲ့သဖြင့် တရားစွဲဆိုခြင်းခံနေရသူဦးရေ ၄၃၂၀ အား အမှုပိတ်သိမ်းကြောင်း အမိန့်များကိုလည်း ထုတ်ပြန်ခဲ့သည်။

Zawgyi

အႏုပညာရွင္ ၂၄ ဦးႏွင့္ လူမႈကြန္ရက္တြင္ေက်ာ္ၾကားသူ ၁၀ ဦး၏ အမႈမ်ားအား ပိတ္သိမ္းေၾကာင္း ထုတ္ျပန္

ဆႏၵျပစဥ္ပါဝင္ျခင္း၊ လူမႈကြန္ရက္ကို အသုံးျပဳဆန႔္က်င္လႈံ႕ေဆာ္မႈမ်ား ျပဳလုပ္ခဲ့ျခင္းမ်ားေၾကာင့္ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၅၀၅-က အရ အေရးယူခံထားရေသာ အႏုပညာရွင္ ၂၄ ဦးႏွင့္

လူမႈကြန္ရက္တြင္ လူသိမ်ားသူ ၁၀ ဦးတို႔အေပၚ အေရးယူထားသည့္ အမႈမ်ားကိုပိတ္သိမ္းေၾကာင္း ယေန႕(ေအာက္တိုဘာ ၁၈ ရက္)တြင္ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီသတင္းထုတ္ျပန္ေရးအဖြဲ႕က ထုတ္ျပန္သည္။

အဆိုပါ အမႈပိတ္သိမ္းခံရသည့္ အႏုပညာရွင္မ်ား၏ အမည္စာရင္းႏွင့္ လူမႈကြန္ရက္တြင္ လူသိမ်ားသူ ၁၀ ဦး၏ အမည္စာရင္းကိုမူ မသိရွိရေသးေပ။

ယေန႕(ေအာက္တိုဘာ ၁၈ ရက္)တြင္ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက အက်ဥ္းေထာင္အသီးသီးတြင္

အက်ဥ္းက်ခံေနရသူ ၁၃၁၆ ဦးကို ျပစ္ဒဏ္လြတ္ၿငိမ္းသက္သာခြင့္ေပးခဲ့ၿပီး ဆႏၵျပမႈမ်ားတြင္ပါဝင္ခဲ့သျဖင့္ တရားစြဲဆိုျခင္းခံေနရသူဦးေရ ၄၃၂၀ အား အမႈပိတ္သိမ္းေၾကာင္း အမိန႔္မ်ားကိုလည္း ထုတ္ျပန္ခဲ့သည္။

eleven

About the author

admin

Add Comment

Click here to post a comment