Local News

အပြည်ပြည်ဆိုင်ရာတရားရုံးမှာ စစ်ကောင်စီအမှု့ကို စစ်ဆေးဖို့ ခွင့်ပြု

” အပြည်ပြည်ဆိုင်ရာတရားရုံးမှာ စစ်ကောင်စီအမှု့ကို စစ်ဆေးဖို့ ခွင့်ပြုလိုက်ပါပြီ ”

မြန်မာစစ်ကောင်စီက ကျူးလွန်ထားတဲ့ ရိုဟင်ဂျာနဲ့ ပြည်တွင်းပြဿနာ ရာဇဝတ်မှု့တွေကို အာဂျင်တီးနားတရားရုံးက စုံစမ်းစစ်ဆေးနေပါပြီ ။ ဒီအမှု့ကို စတင်စစ်ဆေးတော့မှာပါ ။ အမှု့ကို လက်ခံလိုက်တာပါ ။

အာဂျင်တီးနားတရားရုံးဟာ သူ့သဘောနဲ့သူ လက်ခံခဲ့တာမဟုတ်ပဲ ကုလသမဂ္ဂက ရိုဟင်ဂျာအရေးမှာ လူမျိုးတုံးသတ်ဖြတ်ခဲ့သလို လက်ရှိပြဿနာမှာလည်း လူမျိုးတုံးသတ်ဖြတ်ဖို့ ပြင်ဆင်နေတယ်လို့ အတည်ပြုထားတဲ့အတွက် အပြည်ပြည်ဆိုင်ရာ တရားမျှတမှု့ရဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်လိုက်တာပါလို့ ပြောထားပါတယ် ။

” စင်္ကြာဝဠာတရားမျှတမှု့ ” လို့ ကြွေးကြော်ထားတဲ့ တရားဥပဒေဆိုင်ရာ အနှစ်သာရတွေကို ကမ္ဘာ့လူသားတိုင်း မျှတ ညီညွတ်စွာ ခံစားရမယ်လို့ဆိုပါတယ် ။ မြန်မာစစ်တပ်ရဲ့ အမှု့မှာ စစ်ရာဇဝတ်မှု့ ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်ထားတဲ့ အမှု့တွေနဲ့

အလွန်ကြောက်စရာကောင်းတဲ့ လူသားမဆန်မှု့တွေကို စစ်ဆေးသွားမှာပါ ။ သူတို့ဟာ ကမ္ဘာ့နေရာအသီးသီးက မည်သည့်နေရာကိုမဆို စုံစမ်းစစ်ဆေးခွင့်ရှိတယ်လို့ ဆိုပါတယ် ။

အာဂျင်တီနားတရားရုံးမှာ စပိန်နိုင်ငံက အာဏာရှင်ဟောင်း ဖရန်စ္စကို ဖရန်တိုရဲ့အမှု့နဲ့ တရုပ်နိုင်ငံက Falun Gong လှုပ်ရှားမှု့အပါအဝင် အခြားသော ကမ္ဘာလုံးဆိုင်ရာ အမှု့တွေကို အရေးယူခဲ့ဘူးပါတယ် ။

မြန်မာစစ်ကောင်စီအမှု့ကို ကုလသမဂ္ဂဆိုင်ရာ အပြည်ပြည်ဆိုင်ရာတရားရုံးနဲ့ နိုင်ငံတကာပြစ်မှု့ဆိုင်ရာ တရားရုံးတို့က ပူးပေါင်းစစ်ဆေးသွားမှာပါ ။ ဒီတရားရုံးတော်ကို ဘင်္ဂလားဒေရှ့်မှာရောက်နေတဲ့ ရိုဟင်ဂျာအမျိုးသမီး ၆ ယောက်က

အဝေးကနေ သက်သေထွက်ဆိုထားပါတယ် ။ တိုင်ကြားသူတစ်ဦးက လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရပြီး သူတို့ရဲ့ မိသားစုဝင်တွေကတော့ ဖိနှိပ်ခံရမှု့ကြောင့် သေဆုံးခဲ့တယ်လို့ ထွက်ဆိုထားတာပါ ။

သို့ပေမယ့် အာဂျင်တီးနားတရားရုံးက စစ်ဆေးတော့မယ့် မြန်မာစစ်ကောင်စီအမှု့မှာ ရိုဟင်ဂျာကိစ္စသာမကပဲ မြန်မာပြည်အတွင်း အနယ်နယ်အရပ်ရပ်မှာ ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ ရာဇဝတ်မှု့တွေကို သက်သေတွေ ၊ ရရှိထားတဲ့ အဖွဲ့အစည်းပေါင်းစုံက အထောက်အထားတွေနဲ့အတူ စစ်ဆေးမယ်လို့ ဆိုပါတယ် ။

” ကမ္ဘာကြီးက ဒီလိုရွံရှာဖွယ် ရာဇဝတ်မှု့တွေကို ဆန့်ကျင်တဲ့ဘက်မှာ အခိုင်အမာရပ်တည်ပါတယ် ” လို့ ဗြိတိန်အခြေစိုက် BROUK အဖွဲ့က ပြောကြားထားပါတယ် ။

သုံးသပ်ရရင်တော့ ………၊

ဖွဲမီးလို တစ်စစ လောင်မြိုက်နေတဲ့ ရိုဟင်ဂျာအရေးဟာ ပြီးမသွားသေးပါဘူး ။ ဒီလိုအချိန်မှာ အာဏာသိမ်းလိုက်တာက လည်သလိုလိုနဲ့ မလည်ရှုပ်လုပ်လိုက်တဲ့ စစ်ကောင်စီရဲ့ မဟာအမှားကြီးပါ ။ အမေစုဖြေရှင်းနေချိန်မှာ အခြေအနေကောင်းနေပေမယ့် ၊ အာဏာသိမ်းပြီး

ပြည်သူကို ရိုဟင်ဂျာလို ရက်စက်ပြလိုက်တော့ ကိုယ့်လည်ပင်းကို ကြိုးကွင်းစွပ်လိုက်သလိုပါပဲ ။အချို့ကတော့ ကွန်မန့်ပေးဘူးပါတယ် ။ ” မြန်မာဟာ အာဂျင်တီးနားတရားရုံး နဲ့ ( ICC ) မှာ လက်မှတ်ထိုးမထားတဲ့အတွက် အရေးယူလို့ မရပါဘူး ” တဲ့ ။

ဟုတ်ကဲ့ ………။ အာဂျင်တီးနားတရားရုံးဟာ ကမ္ဘာ့လူသားအားလုံး ဥပဒေကာကွယ်ခွင့်ကို မျှတညီညွတ်စွာ ရရှိစေဖို့ အခွင့်ထူးရထားတဲ့ တရားရုံးပါ ။

ကမ္ဘာပေါ်က အရပ်ဒေသအသီးသီးမှာ နေထိုင်နေတဲ့ လူသားမျိုးနွယ်တိုင်းဟာ အာဂျင်တီးနားတရားရုံးရဲ့ ဥပဒေကာကွယ်ခွင့်ကို ခံစားနိုင်တယ်လို့ ကုလသမဂ္ဂအဖွဲ့ကြီးကိုယ်တိုင် ပါဝါပေးထားတာပါ ။

ဒီထက်ကောင်းတာကတော့ မြန်မာစစ်ကောင်စီအမှု့ကို အာဂျင်တီးနားတရားရုံးနဲ့ ကုလသမဂ္ဂဆိုင်ရာ အပြည်ပြည်ဆိုင်ရာတရားရုံးက ပူးတွဲ စစ်ဆေးသွားမှာပါ ။ ဒီလိုဖြစ်ရပ်မျိုး မရှိဘူးသေးပါဘူး ။ စစ်ရေးနဲ့ဖြေရှင်းဖို့ ကာကွယ်ပေးနေသူတွေရှိတော့

ဥပဒေနည်းလမ်းနဲ့ တရားရုံးနှစ်ခုပေါင်းပြီး အပြီကိုင်မယ့်သဘောပါ ။ ဒီလောက်ဆိုရင် စစ်ကောင်စီ ကျုးလွန်ခဲ့ ၊ ကျုးလွန်နေတဲ့ ရာဇဝတ်မှု့တွေကို ” တာဝန်အရပါ ” ဆိုတဲ့ စစ်ကောင်စီလက်အောက်ခံတွေ သဘောပေါက်လောက်ပါပြီနော ။

NUG ဟာ သံတမန်နည်းလမ်းနဲ့ အမေရိကန်နဲ့ အီးယူတင်မကပဲ ကုလသမဂ္ဂနဲ့ပါ ဗျူဟာဆွဲထားနိုင်တယ်လို့ သုံးသပ်ချင်ပါတယ် ။

ဘကြီးအောင် LA

About the author

admin

Add Comment

Click here to post a comment