အပြောတမျိုးအလုပ်တမျိုးလုပ်တဲ့ စစ်တပ်နဲ့ လက်ရှိမှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့မ…see more

အပြောတမျိုးအလုပ်တမျိုးလုပ်တဲ့ စစ်တပ်နဲ့ လက်ရှိမှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့မ…see more

အပြောတမျိုးအလုပ်တမျိုးလုပ်တဲ့ စစ်တပ်နဲ့ လက်ရှိမှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့မရှိတဲ့အကြောင်းနဲ့ မြန်မာစစ်တပ်ရဲ့ အနေအထားကိုကြည့်ပြီး လိုအပ်ရင် လိုအပ်သလို တုံ့ပြန်သွားမှာဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် အေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဒီဗွီဘီကို ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်က တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကို ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်နေပေမယ့် သူရဲ့ တပ်ဖွဲ့တွေက ရခိုင်ပြည်နယ်မှာ စစ်အင်အားတိုးချဲ့ပြီး အေအေအဖွဲ့ကို အချိန်မရွေးတိုက်ခိုက်နိုင်အောင်ပြင်ဆင်နေတာကြောင့် အပြောနဲ့အလုပ်မညီတဲ့အတွက် စစ်တပ်နဲ့ အေအေကြား တွေ့ဆုံဆွေးနွေးရေးက ဖြစ်လာမှာမဟုတ်ဘူးလို့ ခိုင်သုခက ပြောပါတယ်

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ တကယ်ငြိမ်းချမ်းရေးရချင်တယ်ဆိုရင် ငြိမ်းချမ်းရေးရနိုင်တဲ့ အပြောအဆို အပြုအမူတွေကို လုပ်ဆောင်ဖို့လိုအပ်ပြီး ပြည်သူတွေကို အာဏာသိမ်းစစ်တပ်က ဖိနှိပ်နေတာတွေကို မရပ်တန့်ဘူးဆိုရင်လည်း ဘယ်လိုမှ ပြေလည်လာနိုင်ဖို့မရှိဘူးလို့လည်း ဆိုပါတယ်။

ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ “လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးအရ တွေ့ဆုံဖြေရှင်းလိုတဲ့ စိတ်နေသဘောထား မြန်မာစစ်တပ်မှာ ရှိတယ်ဆိုရင် သူတို့အခုလုပ်နေတဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ အခုဒီတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေ အားလုံးကို ရပ်တန့်ထားဖို့ ရေးကြီးတယ်။

ဒီလိုမှပဲ တဖက်နဲ့ တဖက် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းဆီကို တဖြည်းဖြည်းချင်း ဦးတည်လာမှာဖြစ်တယ်။ အပြောနဲ့ အလုပ်မညီဘူးဆိုရင်တော့ ဘာမှ ဆက်လုပ်လို့ရမယ့်အနေအထားမဟုတ်ဘူးလို့ ကျနော်တို့ ကတော့ အဲလိုပဲသုံးသပ်တယ်၊

သူတို့ရဲ့ ပကတိ စိတ်နေသဘောထားကို ဖော်ပြနေတယ်လို့ ပြောလို့ရတယ်၊ ဒီအနေအထားနဲ့ကတော့ တဖက်နဲ့တဖက် တွေ့ဆုံဆွေးနွေးဖို့ဆိုတာကတော့ ဘယ်လိုမှ ယုံကြည်စိတ်ချလို့ မရတဲ့ အနေအထားလို့ ပြောလို့ရတာပေါ့”

အာဏာသိမ်းစစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ရခိုင်ပြည်နယ်ထဲမှာ နေထိုင်တဲ့ ပြည်သူတွေဒုက္ခမရောက်စေချင်တာကြောင့် စစ်တပ်အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း နေထိုင်နေတာဖြစ်ပြီး ပြဿနာဖြစ်လာရင်တော့ စစ်တပ်ကို အဆိုးမဆိုနဲ့လို့ မေလ ၁၉ ရက် နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

“ရခိုင်မှာ အခုဖြစ်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ပြဿနာ တက်လာရင် တပ်မတော်ကို အဆိုးမဆိုပါနဲ့လို့ ပြောချင်ပါတယ်။”

ရခိုင်ပြည်နယ်အတွင်းမှာ စစ်တပ်က စစ်ဆေးဖမ်းဆီးတာတွေ ခပ်စိပ်စိပ်လုပ်လာတာကြောင့် အေအေစစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးကို မကြာသေးခင်ကပဲ တွစ်တာလူမှုကွန်ရက်ကနေ သတိပေးခဲ့ပါတယ်။

Leave a Reply

Your email address will not be published.