Local News

အမကို မြင်ရတာ စိတ်ထဲ သိပ်အားတက်တာပဲ ဆိုကာ မြနှင်းဝတ်ရည်အကြောင်းကိုပြောပြလာတဲ့ပိုးဖြူသန့်

အမကို မြင်ရတာ စိတ်ထဲ သိပ်အားတက်တာပဲ ဆိုကာ မြနှင်းဝတ်ရည်အကြောင်းကိုပြောပြလာတဲ့ပိုးဖြူသန့်

ရန်ကုန်တက္ကသိုလ်၊ ပတ္တမြားဆောင်မှာ MBA တက်ရင်း သိခဲ့ရတဲ့ မမြနှင်း.. အဲ့တုန်းက အမက ကြော်ငြာတွေ စရိုက်ကာစပဲ ရှိသေးတယ်.. ၂၀၁၂ ပတ်ချာလည်ပေါ့..

သူက သဘောလည်း ကောင်းတယ်.. ရယ်စရာတွေလည်း တအားပြောတတ်တာ.. ဘဝမယ် မပူမပင်နဲ့ လှလှပပ အေးအေးလူလူနေရတဲ့ သူဌေးသမီး ချောချောလေး..

နောက်တော့ ရုပ်ရှင်မင်းသမီးလေးပေါ့.. ခုများကျ အမဟာ တောထဲမှာ.. သေနတ် လွယ်နေတာပဲ.. စစ်အုပ်စုကို ပြန်ဖိုက်ဖို့ ကြိုးစားနေတာပဲ..

အရင်ရက်က သူ့ခြေဖမိုးလေးတွေမှာ အနာလေးတွေနဲ့ ဆေးလိမ်းထားတာရတာ မြင်တော့ စိတ်ထဲ အတော်မကောင်းဖြစ်သွားသေးတာ..

သူဌေးသမီး နုနုနယ်နယ်လေးလို့ အမြဲမြင်ခဲ့ရတာမို့ အမကို လောကဓံ ခပ်ကြမ်းကြမ်းထဲ နောက်မတွန့်ဘဲ ရွေးတာ မြင်ရတော့ သိပ်သတ္တိကောင်းတာပဲလို့ ပိုပိုသဘောကျရတယ်..

ဝတ်စုံပြည့်နဲ့ သေနတ်လွယ်ထားတဲ့ အမကို မြင်ရတာ စိတ်ထဲ သိပ်အားတက်တာပဲ.. ဒီလို တကယ်စွန့်ရဲ၊ ရင်းရဲတဲ့ တာဝန်တကယ်ကျေသူတွေကြောင့်

ဒီတော်လှန်ရေးဟာ အောင်မြင်ရမှာ အသေအချာပါပဲ..။ဆိုပြီး ပိုးဖြူသန့်ရဲ့အကောင့်မှာ တင်ထတာကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

Zawgyi







