Local News

အမေစုကိုဦးဖြိုးမင်းသိန်းက သက်သေထွက်ဆိုပေးရတာနဲ့ ပတ်သက်ပြီး ဂယက်ထနေကိစ္စ ပန်ဆယ်လိုပြော

အမေစုကိုဦးဖြိုးမင်းသိန်းက သက်သေထွက်ဆိုပေးရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဂယက်ထနေကိစ္စ ပန်ဆယ်လိုပြော

အမေစုကို တရားစွဲထားတဲ့အမှုမှာ ဦးဖြိုးမင်းသိန်းက သက်သေထွက်ဆိုပေးရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဂယက် ထနေတဲ့ လူတွေကို အံ့ဩမိတယ်။ ခင်ဗျားတို့က ဘာဖြစ်နေကြတာတုန်း။

အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရော၊ ဦးဝင်းမြင့်ရော၊ ဦးဖြိုးမင်းသိန်းရော၊ အဖမ်းခံထားရသူအားလုံးဟာ သူတို့လက်ခုတ်ထဲ ရောက်သွားတာ။ ခြိမ်းခြောက် အကြပ်ကိုင် လုပ်ချင်တာ လုပ်ခိုင်းတော့မှာ။ ဒါကို သိလျက်နဲ့ သူတို့ဖြစ်စေချင်တဲ့ အချင်းချင်းသံသယဝင်မှုမျိုးတွေ အဖြစ်ခံနေတော့မလား။

ကိုယ်ကတော့ ရှင်းတယ်။ အမေစုအပါအဝင် အဖမ်းခံထားရသူတွေရဲ့ ကျန်းမာရေးကလွဲရင် ကျန်တာ စိတ်ကို မဝင်စားတာ။ ပြောခိုင်းချင်ရာ ပြောခိုင်းပါစေ။ ဘာတစ်ခုမှကို မယုံတာ။

ဦးဖြိုးမင်းသိန်းမကလို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ် တိုင် သူတို့ပြောစေချင်တဲ့ Plot မျိုးကို ထပြောရရင် တောင် မယုံဘူး။ အဲ့လောက်ကို စိတ်ရှင်းထားတယ်။

စိတ်ရင်းအတိုင်းပြောရရင် အမေစုက စကစရဲ့ တရား စွဲဆိုမှုကို အမှုရင်ဆိုင်နေတာကိုတောင် သိပ်ဘဝင်မကျဘူး။ အာဏာသိမ်းချင်လို့ သိမ်းတယ်။ အမှုဆင်ဖမ်းဆီးတယ်။

အသိအမှတ်လည်း မပြုဘူး၊ အဖက်လည်း မလုပ်ဘူးပဲ ဖြစ်စေချင်တာ။ ဒါပေမယ့် ကိုယ်တွေထက် ပိုဥာဏ်ပညာကြီးမားသူမို့ ကိုယ်တွေဥာဏ်မမှီတာတွေ ရှိနေမှာပါပဲ။

သူတို့သည် သူတို့တာဝန်ကို ပြီးဆုံးအောင် တာဝန်ကျေခဲ့ပြီးပြီ။ စစ်ကောင်စီလက်ထဲရောက်သွားသူတွေရဲ့ ပကတိအရှိတရား အခြေအနေမှန်ကို သဘောပေါက်ထားကြသင့်ပြီ။ သူတို့ကို ဘယ်နေရာမှာ ဖမ်းဆီးထားတယ်တောင် ဘယ်သူမှ မသိရဘူး။

သူတို့ရဲ့ Public ကို ရောက်လာတဲ့ သတင်းမှန်သမျှဟာ စစ်ကောင်စီက ပြည်သူကို ဝေဝါးစေချင်လို့ တမင်ထုတ်တဲ့ သတင်းပဲ။

စကစရဲ့ ဒီPsywar က တော်လှန်ရေးမှာ ထဲထဲဝင်ဝင် မပါသူတွေကိုပဲ ထိတာ။ ထဲထဲဝင်ဝင် ပါနေတဲ့သူက ရင်တောင် မခုန်ဘူး။ စောက်ဖက်ကို မလုပ်တာ။

ဒီပြည်သူတွေ တိုက်နေကြတာက NLD အာဏာရရေးလည်း မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတစ်ခုတည်းလည်း မဟုတ်ဘူး။

လက်နက်ကိုင်ထားရင် လူပါးဝလို့ရတယ်ဆိုတဲ့ အစဉ်အလာဖြစ်နေတဲ့ စောက်ကျင့်ကို တော်လှန်နေတာ။ သန္ဓေဆိုးနဲ့ MaALoe စစ်တပ်ကို အပြီးတိုင် အမြစ်ဖြတ်ဖို့ တော်လှန်နေတာ။

အကွက်တော့ အကွက်ပဲ လေးပေဂျပု အကွက်နဲ့ ရုပ်မထွက်ဘူး။ဘအဟက်🤣

ပန်ဆယ်လို