Local News

အမေရိကန်နိုင်ငံသားကိုပြန် လွှတ်ပေးလိုက်တာ အမှားကြီးမှားပြီလား…see more

အမေရိကန်နိုင်ငံသားကိုပြန် လွှတ်ပေးလိုက်တာ အမှားကြီးမှားပြီလား…see more

သူဟာ ဘာလုပ်လုပ် မှားနေတော့တာပဲ။အမေရိကန်နိုင်ငံသားကိုပြန် လွှတ်ပေးလိုက်တာကြောင့် နိုင်ငံရေး အမြတ်ထွက်တယ်လို့ထင်ရင် သူမှားတယ်။

ဒီဖြစ်ရပ်မှာ ၁၁ နှစ် ထောင်ဒဏ်အမိန့်ချပြီးမှ၃ ရက်နဲ့ ပြန်လွှတ်လိုက်တာက စမှားတယ်။ ပြက်ရယ်ပြုမှုတွေက ပြည်တွင်းမှာတင်မကဘူး။ နိုင်ငံတကာထိကိုရူး ကြောင်ကြောင်လုပ်ရပ်လို့ အထင်ဖြစ်စေခဲ့တယ်။

အမိန့်မချခင် လွှတ်ပေးလိုက်တာကမှ အခုထက် အပြောခံရ သက်သာဦးမယ်။ မျက်နှာပန်း လှဦးမယ်။
အမိန့်ချပြီးမှ လွှတ်တော့သူတင်မကဘူး။တရားသူကြီးပါ ​ောက်ပေါကြီး ဖြစ်ရပါကော။

နောက် လူသားချင်း စာနာလို့ လွှတ်တာပါတဲ့။ အဲဒီမှာ ပိုဆိုးတာပဲ။ အမေစုရဲ့ စီးပွားရေးအကြံပေး သြဇီနိုင်ငံသားက လူမဟုတ်ဘူးလား။ သူတို့ ဖမ်းထားတဲ့ စာရေးဆရာတွေ၊ ကိုမြအေးအပါအဝင် ပညာရှင်တွေက လူမဟုတ်ဘူးလား။

လူသားချင်း မစာနာဘူးလား။ သူတို့ပ စ်သတ်ခဲ့တဲ့ ကလေးတွေက လူမဟုတ်ဘူးလားဆိုတဲ့ တန်ပြန်အတွေးက နိုင်ငံရေးအရ သူတို့ကို ရှုံးစေတယ်။

အမေရိကန်နိုင်ငံသားကို လွှတ်ပေးတာ သူတို့လည်ပင်း သူတို့ ကြိုးကွင်း ပြန်စွပ်လိုက်သလိုပဲ။ ဟိုငတိက ဖော်တော့မှာ။ စာနယ်ဇင်းသမားလေ။

သူကြုံခဲ့ရသမျှ၊ မြင်ခဲ့ရသမျှ ပြောလိမ့်မယ်။ ခုတောင် စလာပြီ။ထောင်ထဲမှာ ဆရာဝန်တွေ၊ ကျောင်းဆရာမတွေ အများကြီးပဲ တဲ့။ သူဟာ အကောင်းဆုံး သက်သေပဲ။ စစ်ကောင်စီတော့ နာဦးမယ်။

လူတစ်ယောက် ကြမ္မာဆိုးပြီဆိုဘာလုပ်လုပ်၊ ဘာပြောပြောမှားကို မှားနေတော့တာပဲ။

©®: Credit
ZN.H 🇦🇺