Local News

အမေရိကန်နဲ့ဆက်ဆံရေးတိုးတက်ဖို့ ဒန်နီဖန်စတာကို လွှတ်ပေးတာမဟုတ်ဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဆို

အမေရိကန်နဲ့ဆက်ဆံရေးတိုးတက်ဖို့ ဒန်နီဖန်စတာကို လွှတ်ပေးတာမဟုတ်ဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဆို

အမေရိကန်သတင်းထောက် ဒန်နီဖန်စတာကို လွတ်ငြိမ်းခွင့်ပေးပြီး ပြန်လွှတ်ပေးလိုက်တာဟာ အမေရိကန်နဲ့ဆက်ဆံရေးတိုးတက်အောင် ကြိုးပမ်းတာမဟုတ်ဘူးလို့ဆိုပြီး

စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ဒန်နီဖန်စတာကို ထောင်ဒဏ် ၁၁ နှစ်ချမှတ်ပြီး ၃ ရက်အကြာမှာ ပြန်လွှတ်ပေးခဲ့တာနဲ့ပတ်သက်လို့ အမေရိကန်နဲ့ ဘယ်လိုအပေးအယူရှိခဲ့လဲ၊

နောက်ပြီး အမေရိကန်နဲ့ ဆက်ဆံရေးပြေလည်ဖို့ ကြိုးပမ်းမှုလားဆိုပြီး ဘီဘီစီကမေးမြန်းခဲ့တဲ့အပေါ် သူက အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။

”ကျွန်တော်တို့က ဒီတစ်ယောက်ကို လွှတ်ပေးလိုက်ရုံနဲ့ အမေရိကန်နဲ့ဆက်ဆံရေး ပြေလည်မယ်လို့ မျှော်လင့်စရာအကြောင်းမရှိပါဘူး။ အဲဒီမျှော်လင့်ချက်နဲ့လုပ်တာမဟုတ်ပါဘူး။”လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

Ref BBC

Zawgyi






Ref BBC

About the author

admin

Add Comment

Click here to post a comment