Local News

အမေရိကန်နဲ့ တရုတ် မြန်မာ့အရေး ဆွေးနွေးမှု သဘောတူညီမှုရခဲ့

အမေရိကန်နဲ့ တရုတ် မြန်မာ့အရေး ဆွေးနွေးမှု သဘောတူညီမှုရခဲ့

ကမ္ဘာ့ GDP စုစုပေါင်းရဲ့ ၈၀% ပိုင်ဆိုင်တဲ့ နိုင်ငံ ၂၀ က ခေါင်းဆောင်တွေတော့ ရောမမှာ တွေ့ဆုံဆွေးနွေးကြပါပြီ။ အာဆီယံခေါင်းဆောင်တွေလဲ နောက်ဆက်တွဲ ထိပ်သီးဆွေးနွေးပွဲတွေ တက်ကြဖို့ ရောမကို ရောက်နေကြတာပါ။

G 20 summit မှာ တွေ့ရတဲ့ ဘိုင်ဒန်နဲ့ ဘလင်ကန်
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ ဖိတ်ကြားမခံရလို့ မပါဘူးလို့ သိရပါတယ်။

၃၈ ကြိမ်မြောက်နဲ့ ၂၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို အောက်တိုဘာ ၂၆ ရက်ကနေ ၂၈ ရက်အထိ ၃ ရက်ကြာ ကျင်းပပြီးစီးသွားပြီးနောက် နိုင်ငံရေးအရ ထိန်းသိမ်းထားသူအားလုံးကို

ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပြီး အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို လိုက်နာကာ အချိန်မီ အပြည့်အဝအကောင်အထည် ဖော်ဖို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌက ကြေညာချက် ထုတ်ပြန် တောင်း ဆိုခဲ့ပါသေးတယ်။

အာဆီယံ-ဥရောပ ထိပ်သီးအစည်းအဝေးကို မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ကြားသွားမှာမဟုတ်ဘူးလို့ အာဆီယံဥက္ကဋ္ဌသစ် ကမ္ဘောဒီးယားက ပြောဆိုထားခဲ့တာပါ။

G – 20 summit မှာ အမေရိကန်နဲ့ တရုတ် နိုင်ငံခြား ရေးဝန်ကြီးအချင်းချင်း ဆွေးနွေးမှု အပြီးမှာ မြန်မာကိစ္စကို အမေရိကန်နဲ့ တရုတ် သဘောတူညီမှုရခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ဆိုပါတယ်။

ဘယ်အကြောင်းအရာတွေ ဖြစ်မလဲဆိုတာ မသိရသေးပေမယ့် သေချာတာက ဒီမိုကရေစီပြန်လည်ဖော်ဆောင်ဖို့ပဲ ဖြစ်ပါတယ်။ တရုတ်ကတော့ ယိမ်းလာနေပါပြီ။

ဒါ့အပြင် ထိုင်ဝမ်အရေးမှာ အင်အားပြခြိမ်းခြောက်နေတာတွေကိုလက်မခံနိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ ကို သတိပေးလိုက်ပါတယ်။

အာဆီယံ မှ မင်းအောင်လှိုင် အား အစည်းအဝေး သို့ မဖိတ်ခေါ်ဘဲ ထားခဲ့မှုသည် နိုင်ငံတကာ ၏ အသိအမှတ်ပြု ခံရရန် အာသာငမ်းငမ်း ကြိုးပမ်းနေသော အာဏာသိမ်း အဖွဲ့ အတွက် အကြီးအကျယ် အထိနာသွားခဲ့ရသော် လည်း နောက်ဆုတ်မည့် ဟန် မရှိသည့်အပြင် တိုး၍ တိုး၍သာ မိုက်တွင်းနက်လာနေသည့် လက္ခဏာများ ပြသလာခဲ့သည်။

ချင်းပြည်နယ် ထန်တလန် မြို့လေးတွင် ဘုရားကျောင်း နှစ်ကျောင်း၊ CB ဘဏ် နှင့် အိမ်ခြေ ၁၆၄ လုံးမှာ ၎င်းတို့ လက်ချက်ဖြင့် မီးဟုန်းဟုန်း တောက်လောင်နေကာ ပြည်သူများ အသက်ဘေး အတွက် ပြေးလွှားနေရ ချိန်တွင် မင်းအောင်လှိုင်သည် အပြုံးမပျက်၊ အလည်အပတ် ရောက်ရှိနေသော ရုရှားရေတပ်မှ အကြီးအကဲများ ဖြင့် အရက်ခွက်ခြင်း တေ့ကာ ပြုံးပျော်နေသည့် သတင်းဓါတ်ပုံများက ပလူပျံအောင် ထွက်လာခဲ့ပေတော့သည်။

ဒါ့အပြင် သက်တမ်းကုန်၍ ရာထူးမှ ဆင်းပေးရတော့မည့် ကုလ အတွင်းရေးမှူးချုပ်၏ အထူး သံတမန် ခရစ်စတင်း ဘာဂင်ဂါ မှ ပြည်တွင်း စစ်ကြီးသည် တနိုင်ငံလုံးသို့ ပျံ့နှံ့လာနေပြီ ဖြစ်သောကြောင့်

နိုင်ငံတကာ မိသားစုများ အနေဖြင့် စစ်ခေါင်းဆောင်များ အား ဖယ်ရှားပြီး ငြိမ်းချမ်းရေးဆီ ဦးတည် နိုင်မည့် လူများ နှင့် အစားထိုး နိုင်ရေး ကို စဉ်းစားသင့်ပြီဟု ပွင့်လင်းစွာ ပြောဆိုလာသည်။

Credit

About the author

admin

Add Comment

Click here to post a comment