Local News

အမေရိကန်နှင့်နေတိုးတပ်ဖွဲ့ဝင်နိုင်ငံများက Burmese Chase အမည်ဖြင့် ပူးပေါင်းစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့(ရုပ်/သံ)

အမေရိကန်နှင့်နေတိုးတပ်ဖွဲ့ဝင်နိုင်ငံများက Burmese Chase အမည်ဖြင့် ပူးပေါင်းစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့(ရုပ်/သံ)

အောက်တွင် ရုပ်သံတင်ပေးထားသည်။

အမေရိကန်နှင့် နေတိုးတပ်ဖွဲ့ဝင်နိုင်ငံများက နှစ်စဉ် စစ်ရေးပေါင်းစည်းလေ့ကျင်မှု ပြုလုပ်လေ့ရှိရာ ယခုနှစ် စစ်ရေးပေါင်းစည်းလေ့ကျင်မှုကို Burmese Chase အမည်ဖြင့် စက်တင်ဘာလတွင် ပြုလုပ်ခဲ့ပြီး

US မရိန်းတပ်ဖွဲ့မှ မရိန်းတပ်သားများသည် နေတိုးမဟာမိတ်တပ်သားများနှင့်အတူ မြေပြင်၊ ဝေဟင်နှင့် ရေတပ်တိုက်ပွဲအတွက် ဘက်စုံပေါင်းစည်းလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အမေရိကန်ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနားရှိ စစ်လေ့ကျင့်ရေးစခန်းတွင် Burmese Chase စစ်ရေးလေ့ ကျင့်ခန်းကို ပြုလုပ်ခြင်းဖြစ်ပြီး အမေရိကန်နှင့်အတူ ပြင်သစ်၊ ဗြိတိန်၊ ဆွီဒင်နှင့်နော်ဝေ အပါအဝင် နေတိုး အဖွဲ့ဝင်နိုင်ငံများ ပါဝင်ခဲ့ကြောင်း သိရှိရသည်။

အမေရိကန်မရိန်းတပ်ဖွဲ့မှ Capt. George Gibsonက ” Burmese Chase စစ်ရေးလေ့ကျင်မှုက အဖွဲ့ဝင်နိုင်ငံတွေအတွက် ပူးပေါင်း စစ်ရေးလေ့မှု ဖြစ်ပါတယ်။ ဒီလေ့ကျင့်မှုကနေ ပိုမိုခိုင်မာတဲ့ မဟာမိတ်ဖြစ်မှုနဲ့

ရှေ့ဆက် ပူးပေါင်းဆောင်ရွက်မှုတွေ တည်ဆောက်ဖို့ဖြစ်ပါတယ်” ဟု အမေရိကန်အခြေစိုက် WITN သတင်းဌာနတစ်ခုသို့ ပြောဆိုထားသည်။

Burmese Chase ပူးပေါင်းစစ်ရေးလေ့ကျင်မှုတွင် မြန်မာအဓိပ္ပာယ်ပြန်ဆိုပါက မြန်မာကို ဖမ်းဆီးခြင်း ဟု အဓိပ္ပာယ်ကောက်ယူနိုင်ကြောင်း၊ စစ်ရေးလေ့ကျင်မှုတစ်ခုကို နာမည်ပေးခြင်းသာ ဖြစ်ပြီး အခြားတွေးတောမှုများနှင့် မျှော်လင့်ချက် အမှားများ မဖြစ်စေလိုဟု ရန်ကုန်အခြေစိုက် နိုင်ငံတကာရေးရာ ကျွမ်းကျင်သူတစ်ဦးက ဆိုသည်။

“Burmese Chase ဆိုတာက စစ်ရေးလေ့ကျင့်မှုအတွက် နာမည်ပေးတာပါ။ မျှော်လင့်ချက် အမှားတွေဖြစ်နေမှာစိုးလို့။ မြန်မာပြည်မှာလည်း မင်းအောင် လှိုင်တို့ စစ်ရေးလေ့ကျင့်ရင် ဆင်ဖြူရှင် စစ်ဆင်ရေး တို့ ဘာတို့ ညာတို့ ပေးသလိုပဲ အမေရိကန်နဲ့ နေတိုးက လည်း Burmese Chase ဆိုပြီး နာမည်တပ်ထားတာ။ နာမည်ပဲ။

မြန်မာပြည်ကို လာတိုက်မှာလည်းမဟုတ်ဘူး။ အဓိပ္ပာယ်က​တော့ မြန်မာကို ဖမ်းဆီးခြင်းလို့လည်း ပြန်ချင်ပြန်လို့ရတာပေါ့။ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို နာမည်တပ်တာပဲ။ မျှော်လင့်ချက်အမှားတွေ ဖြစ်နေမယ်စိုးလို့” ဟု ၎င်းက ဆိုသည်။

Burmese Chase ပူးပေါင်းစစ်ရေးလေ့ကျင်မှု ဗီဒီယိုကို အမေရိကန်၊ ကာကွယ်ရေးဝန်ကြီးဌာန လူမှုကွန်ရက်တွင် အောက်တိုဘာလ ၂၃ ရက်နေ့က တရားဝင် ထုတ်ပြန်ထားသည်။

Video Credit- အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန။