Local News

အမေရိကန်နှင့်ပြင်သစ်က MOGE ကို ပိတ်ဆို့အရေးယူရေး တောင်းဆိုသည့်အွန်လိုင်းကမ်ပိန်းစတင်

အမေရိကန်နှင့်ပြင်သစ်က MOGE ကို ပိတ်ဆို့အရေးယူရေး တောင်းဆိုသည့်အွန်လိုင်းကမ်ပိန်းစတင်

အမေရိကန်နှင့် ပြင်သစ်အစိုးရက မြန်မာ့ရေနံနှင့် သဘာ၀ဓာတ်ငွေ့လုပ်ငန်း(MOGE)ကို ပိတ်ဆို့အရေးယူရန် အွန်လိုင်းက တောင်းဆိုသည့်ကမ်ပိန်းတစ်ခု စတင်ကြောင်း Justice for Myanmar က ထုတ်ပြန်ကြေညာသည်။

အဆိုပါ ပိတ်ဆို့အရေးယူရေးအတွက် မြန်မာပြည်သူ လူထုပါဝင်လက်မှတ်ရေးထိုးရန် လက်မှတ်အရေအတွက် ၃ သိန်းလိုအပ်နေကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

“အကြမ်းဖက်စစ်ကောင်စီကို လစဉ်ဒေါ်လာသန်းပေါင်းများစွာရှာဖွေပေးနေတဲ့ MOGE ကို စီးပွားရေးပိတ်ဆို့ အရေးယူဒဏ်ခတ်ဖို့ အားလုံးပူးပေါင်းပါဝင်ကြပါစို့” ဟု Justice for Myanmar က တောင်းဆိုသည်။

အဆိုပါ အွန်လိုင်းကမ်ပိန်းကို https://bit.ly/3GPaye0 မှ ဝင်ရောက်လုပ်ဆောင်နိုင်မည်ဖြစ်ပြီး စစ်အာဏာရှင်ကို သတ္တိရှိရှိ တွန်းလှန်နေသည့် မြန်မာပြည်သူများ၏ စည်းလုံးညီညွတ်မှုကို ပြသ ရန်

ယခုကမ်ပိန်းကို ပါဝင်ကာ အာဏာရှင်ဒေါင်တိုင်မှန်သမျှ ဖြတ်တောက်ရန် Justice for Myanmar က တိုက်တွန်းသည်။

Zawgyi

အေမရိကန္ႏွင့္ျပင္သစ္က MOGE ကို ပိတ္ဆို႔အေရးယူေရး ေတာင္းဆိုသည့္အြန္လိုင္းကမ္ပိန္းစတင္

အေမရိကန္ႏွင့္ ျပင္သစ္အစိုးရက ျမန္မာ့ေရနံႏွင့္ သဘာ၀ဓာတ္ေငြ႕လုပ္ငန္း(MOGE)ကို ပိတ္ဆို႔အေရးယူရန္ အြန္လိုင္းက ေတာင္းဆိုသည့္ကမ္ပိန္းတစ္ခု စတင္ေၾကာင္း Justice for Myanmar က ထုတ္ျပန္ေၾကညာသည္။

အဆိုပါ ပိတ္ဆို႔အေရးယူေရးအတြက္ ျမန္မာျပည္သူ လူထုပါဝင္လက္မွတ္ေရးထိုးရန္ လက္မွတ္အေရအတြက္ ၃ သိန္းလိုအပ္ေနေၾကာင္း ထုတ္ျပန္ခ်က္၌ ေဖာ္ျပသည္။

“အၾကမ္းဖက္စစ္ေကာင္စီကို လစဥ္ေဒၚလာသန္းေပါင္းမ်ားစြာ႐ွာေဖြေပးေနတဲ့ MOGE ကို စီးပြားေရးပိတ္ဆို႔ အေရးယူဒဏ္ခတ္ဖို႔ အားလုံးပူးေပါင္းပါဝင္ၾကပါစို႔” ဟု Justice for Myanmar က ေတာင္းဆိုသည္။

အဆိုပါ အြန္လိုင္းကမ္ပိန္းကို https://bit.ly/3GPaye0 မွ ဝင္ေရာက္လုပ္ေဆာင္ႏိုင္မည္ျဖစ္ၿပီး စစ္အာဏာ႐ွင္ကို သတၱိ႐ွိ႐ွိ တြန္းလွန္ေနသည့္ ျမန္မာျပည္သူမ်ား၏ စည္းလုံးညီၫြတ္မႈကို ျပသ ရန္

ယခုကမ္ပိန္းကို ပါဝင္ကာ အာဏာ႐ွင္ေဒါင္တိုင္မွန္သမွ် ျဖတ္ေတာက္ရန္ Justice for Myanmar က တိုက္တြန္းသည္။

About the author

admin

Add Comment

Click here to post a comment