Local News

အမေရိကန်သတင်းစာဆရာ Danny Fenster ထောင်ကလွတ်မြောက်လာ

အမေရိကန်သတင်းစာဆရာ Danny Fenster ထောင်ကလွတ်မြောက်လာ

အင်းစိန်ထောင်တွင် ထောင်ဒဏ် ၁၁ နှစ်ချခံထားရသည့် အမေရိကန်နိုင်ငံသား သတင်းစာဆရာ Danny Fenster ကို စစ်ကောင်စီက ယနေ့ (နိုဝင်ဘာ ၁၅) တွင် ပြည်နှင်ဒဏ်ပေးပြီး ပြန်လွှတ်ပေးလိုက်သည်ဟု သိရသည်။

အင်းစိန်ထောင်၌ ငါးလကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အမေရိကန်သတင်းသမား Danny Fenster မှာ ယနေ့ (နိုဝင်ဘာ ၁၅) မွန်းလွဲပိုင်းတွင်

ပြန်လည်လွတ်မြောက်ကာ ပြည်နှင်ဒဏ်ပေးခံ ရခြင်းဖြစ်ကြောင်း ၎င်းလုပ်ကိုင်ခဲ့သည့် Frontier Myanmar မဂ္ဂဇင်းတာဝန်ရှိသူက အတည်ပြုသည်။ 

“ပြန်လွတ်လာပါပြီ။ အခု လေယာဉ်ပေါ်ရောက်နေပြီလို့ သိရတယ်။ Deported ( ပြည်နှင်ဒဏ်ပေးခံရခြင်း) လုပ်ခံရတာပါ” ဟု Frontier Myanmar မဂ္ဂဇင်း၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးဆန်နီဆွေက Myanmar Now ကို အတည်ပြုသည်။

Myanmar Now သတင်းဌာနတွင် အင်္ဂလိပ်ပိုင်းစာတည်းအဖြစ်၂၀၂၀ နှစ်လယ်ထိလုပ်ကိုင်ခဲ့ပြီး နောက် Frontier Myanmar မဂ္ဂဇင်းတွင် နောက်ပိုင်းပြောင်းရွှေလုပ်ကိုင်ခဲ့သော  အမေရိကန်နိုင်ငံ မစ်ရှီဂန်ပြည်နယ်မှ

Danny Fenster ကို စစ်ကောင်စီက နိုင်ငံတော် ဆူပူအောင်လှုံ့ဆော်မှု၊ မတရားအသင်း များနှင့် ဆက်သွယ်မှုနှင့် လူဝင်မှုကြီးကြပ်ရေးအကဥပဒေကို ဖောက်ဖျက်မှုများဖြင့် စွပ်စွဲကာ လွန်ခဲ့သည့် အပတ်က ထောင် ၁၁ နှစ်ချမှတ်ခဲ့သည်။ 

Source Myanmar Now