Local News

အမေရိကန် ဒေါ်လာခွဲတမ်းဖြင့် ပြန်လည်ရောင်းချပေးနေပေမယ့် ဈေးမကျဘဲ ဈေးနှုန်းအမြင့်ပိုင်းတွင် ဆက်ရှိနေတဲ့ စက်သုံးဆီဈေး

အမေရိကန် ဒေါ်လာခွဲတမ်းဖြင့် ပြန်လည်ရောင်းချပေးနေပေမယ့် စက်သုံးဆီတွေ ဈေးမကျဘဲ စျေးနှုန်းအမြင့်ပိုင်းတွင်ဆက်ရှိနေ

စက်သုံးဆီအရောင်းကိုယ်စားလှယ်တွေကို အမေရိကန်ဒေါ်လာ ခွဲတမ်းဖြင့်ပြန်လည် ရောင်းချပေးနေပေမယ့် ပြည်တွင်းစက်သုံးဆီစျေးနှုန်းများမှာ အမြင့်ပိုင်းတွင်ဆက်လက်ရှိနေဆဲဖြစ်ပြီးစျေးကွက်အတွင်းတစ်လီတာကို ကျပ် ၁၃၀၀ ၀န်းကျင်တွင်ရှိနေကြောင်းစက်သုံးဆီအရောင်းဆိုင်များမှသိရပါတယ်။

ပြည်တွင်းစက်သုံးဆီစျေးနှုန်းများသည် ဒေါ်လာစျေးနှုန်းမြင့်တက်မှုနှင့်အတူပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်က တစ်လီတာကို ကျပ် ၁၇၀၀ အထိစျေးနှုန်းမြင့်တက်မှုများရှိခဲ့ခြင်းဖြစ်ပါတယ်။

လက်ရှိတွင်စျေးနှုန်းအနည်းငယ်ပြန်ကျဆင်းခဲ့သော်လည်းယခင်စျေးနှုန်းများအထိ ပြန်လည်ကျဆင်းခြင်းမရှိဘဲ အမြင့်စျေးတွင်သာ ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။

ယနေ့နိုဝင်ဘာ ၂၅ရက်တွင်ပြည်တွင်းစက်သုံးဆီစျေးနှုန်းများအနေဖြင့် ဓာတ်ဆီ Octane92 တစ်လီတာကို ၁၃၂၅ ကျပ်နှင့် Octane 95 တစ်လီတာကို ၁၃၇၅ ကျပ်တွင် ရှိနေပြီးဒီဇယ်တစ်လီတာကို ၁၂၉၀ ကျပ် နှင့် ပရီမီယမ် ဒီဇယ်တစ်လီတာကို ၁၃၀၀ ကျပ် စျေးနှုန်းရှိကြောင်း သိရပါတယ်။

ယခင်က စက်သုံးဆီတစ်လီတာကိုပျမ်းမျှအားဖြင့်ကျပ် ၇၀၀မှ ၈၀၀ ၀န်းကျင်ခန့်ရှိရာမှ ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ရှစ်လတာအတွင်းတစ်လီတာကို ကျပ်တစ်ထောင်နီးပါး မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချသူများအသင်းတို့ပူးပေါင်းပြီးစျေးကွက်အတွင်း စက်သုံးဆီဆိုင်အချို့တွင်စျေးလျှော့ချရောင်းချပေးနေသော်လည်း စက်သုံးဆီလုံလောက်မှုမရှိကြောင်းသုံးစွဲသူများထံမှ သိရပါတယ်။

Ref:Myanmar Platform

Zawgyi

အမေရိကန် ဒေါ်လာခွဲတမ်းဖြင့် ပြန်လည်ရောင်းချပေးနေပေမယ့် စက်သုံးဆီတွေ ဈေးမကျဘဲ ဈေးနှုန်းအမြင့်ပိုင်းတွင်ဆက်ရှိနေ

စက်သုံးဆီအရောင်းကိုယ်စားလှယ်တွေကို အမေရိကန်ဒေါ်လာ ခွဲတမ်းဖြင့်ပြန်လည် ရောင်းချပေးနေပေမယ့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများမှာ အမြင့်ပိုင်းတွင်ဆက်လက်ရှိနေဆဲဖြစ်ပြီးဈေးကွက်အတွင်းတစ်လီတာကို ကျပ် ၁၃၀၀ ၀န်းကျင်တွင်ရှိနေကြောင်းစက်သုံးဆီအရောင်းဆိုင်များမှသိရပါတယ်။

ပြည်တွင်းစက်သုံးဆီဈေးနှုန်းများသည် ဒေါ်လာဈေးနှုန်းမြင့်တက်မှုနှင့်အတူပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်က တစ်လီတာကို ကျပ် ၁၇၀၀ အထိဈေးနှုန်းမြင့်တက်မှုများရှိခဲ့ခြင်းဖြစ်ပါတယ်။

လက်ရှိတွင်ဈေးနှုန်းအနည်းငယ်ပြန်ကျဆင်းခဲ့သော်လည်းယခင်ဈေးနှုန်းများအထိ ပြန်လည်ကျဆင်းခြင်းမရှိဘဲ အမြင့်ဈေးတွင်သာ ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။

ယနေ့နိုဝင်ဘာ ၂၅ရက်တွင်ပြည်တွင်းစက်သုံးဆီဈေးနှုန်းများအနေဖြင့် ဓာတ်ဆီ Octane92 တစ်လီတာကို ၁၃၂၅ ကျပ်နှင့် Octane 95 တစ်လီတာကို ၁၃၇၅ ကျပ်တွင် ရှိနေပြီးဒီဇယ်တစ်လီတာကို ၁၂၉၀ ကျပ် နှင့် ပရီမီယမ် ဒီဇယ်တစ်လီတာကို ၁၃၀၀ ကျပ် ဈေးနှုန်းရှိကြောင်း သိရပါတယ်။


စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချသူများအသင်းတို့ပူးပေါင်းပြီးဈေးကွက်အတွင်း စက်သုံးဆီဆိုင်အချို့တွင်ဈေးလျှော့ချရောင်းချပေးနေသော်လည်း စက်သုံးဆီလုံလောက်မှုမရှိကြောင်းသုံးစွဲသူများထံမှ သိရပါတယ်။

Ref:Myanmar Platform

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.