Local News

အရင်နှစ်တွေကနဲ့ လုံးဝ မတူတဲ့ ခံစားချက် ပေါင်းစုံ နဲ့ အဆိုးဆုံး နှစ်တနှစ်လို့ ခံစားရတယ်…

အရင်နှစ်တွေကနဲ့ လုံးဝ မတူတဲ့ ခံစားချက် ပေါင်းစုံ နဲ့ အဆိုးဆုံး နှစ်တနှစ်လို့ ခံစားရတယ်…

သီတင်းကျွတ် လပြည့်နေ့ …..

အရင်နှစ်တွေကနဲ့ လုံးဝ မတူတဲ့ ခံစားချက် ပေါင်းစုံ နဲ့ အဆိုးဆုံး နှစ်တနှစ်လို့ ခံစားရတယ်…

နေ့စဉ်ကန်တော့တယ် ဆိုပေမယ့် ဒီလိုနေ့မျိုးမှာ နှစ်စဉ် မောင်နှမတွေ စုံစုံညီညီ နဲ့ မိဘ နှစ်ပါး စုံ ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကန်တော့ကြ ၊ မုန့်တွေ လုပ်စားကြ ၊ မီးပန်းတွေ ဖောက်ကြ နဲ့ သိပ်ပျော်စရာကောင်းတဲ့ အချိန်တွေပေါ့…

မှတ်မှတ်ရရ အမအကြီးဆုံးနဲ့ အတူတူ အိမ် ဆောက်လက်စ ရဲ့ အပေါ်ဆုံးထပ်မှာ မီးရှူးမီးပန်းအကြီးကြီးတွေကို ဖောက်ကြလို့ ရုံးခန်းရောက်ခဲ့ရတာတွေ ၊ ခြံထဲ မှာ အဖေ အမေတို့နဲ့ အတူတူ မီးထွန်း ၊ ငရဲမီးဆော့ခဲ့တာတွေ မေ့မရနိုင်တဲ့ အမှတ်တရတွေပါပဲ…

နောက် ဘယ်တော့မှ ပြန်မရနိုင်မယ့် အမှတ်တရတွေ ဖြစ်ကျန်ခဲ့ပြီလေ…အခုတော့ သိပ်လှလွန်းတဲ့ လမင်းကြီးရယ် တိမ်တွေ အထပ်ထပ် နဲ့ ကောင်းကင်ကြီးရယ်ကို ကြည့် ၊ ဖယောင်းတိုင်းလေး ထွန်းရင်း လွမ်းလို့ ငိုရပါတယ်…

အဖေနဲ့အမေကို မနှစ်ကအတိုင်း လက်စုံမိုး အနီးကပ် ကန်တော့ချင်လိုက်တာ…

ဖြစ်ချင်တာတွေ မဖြစ်နိုင်တော့လဲ အနီးနားရှိတဲ့ အဖူး နဲ့ လူကြီးသူမတွေကို ကန်တော့ရင်း ကုသိုလ်ယူရပါတယ်…

တဆက်ထဲ တော်လှန်ရေးမှာ အလှူပါဝင်ပေးကြတဲ့ ဆရာ ဆရာမများ ၊ မိဘ ညီ အကို မောင်နှမများ ၊ နေရာ ပေါင်းစုံ ဘက်ပေါင်းစုံမှ ပါဝင်ကြသူများ ၊

အမှန်တရားကို ချစ်မြတ်နိုးလို့ ဓမ္မ ဘက်မှ ရဲဝံ့စွာ ရပ်တည် ကြိုးစား ပါဝင်ကြသူများ ၊ ကူညီဖေးမ အားပေး စောင့်ရှောက်ကြသူများ အားလုံး တစ်ယောက်မကျန်ကို ရိုသေလေးစားစွာနဲ့ ရောက်ရာနေရာကနေပဲ ကန်တော့လိုက်ရပါတယ်…

ထားထက်ထက်
20 October 2021

zawgyi

အရင္ႏွစ္ေတြကနဲ႕ လုံးဝ မတူတဲ့ ခံစားခ်က္ ေပါင္းစုံ နဲ႕ အဆိုးဆုံး ႏွစ္တႏွစ္လို႔ ခံစားရတယ္

သီတင္းကြၽတ္ လျပည့္ေန႕ ..

အရင္ႏွစ္ေတြကနဲ႕ လုံးဝ မတူတဲ့ ခံစားခ်က္ ေပါင္းစုံ နဲ႕ အဆိုးဆုံး ႏွစ္တႏွစ္လို႔ ခံစားရတယ္

ေန႕စဥ္ကန္ေတာ့တယ္ ဆိုေပမယ့္ ဒီလိုေန႕မ်ိဳးမွာ ႏွစ္စဥ္ ေမာင္ႏွမေတြ စုံစုံညီညီ နဲ႕ မိဘ ႏွစ္ပါး စုံ ကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႕ ကန္ေတာ့ၾက ၊ မုန့္ေတြ လုပ္စားၾက ၊ မီးပန္းေတြ ေဖာက္ၾက နဲ႕ သိပ္ေပ်ာ္စရာေကာင္းတဲ့ အခ်ိန္ေတြေပါ့

မွတ္မွတ္ရရ အမအႀကီးဆုံးနဲ႕ အတူတူ အိမ္ ေဆာက္လက္စ ရဲ႕ အေပၚဆုံးထပ္မွာ မီးရႉးမီးပန္းအႀကီးႀကီးေတြကို ေဖာက္ၾကလို႔ ႐ုံးခန္းေရာက္ခဲ့ရတာေတြ ၊ ၿခံထဲ မွာ အေဖ အေမတို႔နဲ႕ အတူတူ မီးထြန္း ၊ ငရဲမီးေဆာ့ခဲ့တာေတြ ေမ့မရနိုင္တဲ့ အမွတ္တရေတြပါပဲ…

ေနာက္ ဘယ္ေတာ့မွ ျပန္မရနိုင္မယ့္ အမွတ္တရေတြ ျဖစ္က်န္ခဲ့ၿပီေလအခုေတာ့ သိပ္လွလြန္းတဲ့ လမင္းႀကီးရယ္ တိမ္ေတြ အထပ္ထပ္ နဲ႕ ေကာင္းကင္ႀကီးရယ္ကို ၾကည့္ ၊ ဖေယာင္းတိုင္းေလး ထြန္းရင္း လြမ္းလို႔ ငိုရပါတယ္

အေဖနဲ႕အေမကို မႏွစ္ကအတိုင္း လက္စုံမိုး အနီးကပ္ ကန္ေတာ့ခ်င္လိုက္တာ

ျဖစ္ခ်င္တာေတြ မျဖစ္နိုင္ေတာ့လဲ အနီးနားရွိတဲ့ အဖူး နဲ႕ လူႀကီးသူမေတြကို ကန္ေတာ့ရင္း ကုသိုလ္ယူရပါတယ္

တဆက္ထဲ ေတာ္လွန္ေရးမွာ အလႉပါဝင္ေပးၾကတဲ့ ဆရာ ဆရာမမ်ား ၊ မိဘ ညီ အကို ေမာင္ႏွမမ်ား ၊ ေနရာ ေပါင္းစုံ ဘက္ေပါင္းစုံမွ ပါဝင္ၾကသူမ်ား ၊

အမွန္တရားကို ခ်စ္ျမတ္နိုးလို႔ ဓမၼ ဘက္မွ ရဲဝံ့စြာ ရပ္တည္ ႀကိဳးစား ပါဝင္ၾကသူမ်ား ၊ ကူညီေဖးမ အားေပး ေစာင့္ေရွာက္ၾကသူမ်ား အားလုံး တစ္ေယာက္မက်န္ကို ရိုေသေလးစားစြာနဲ႕ ေရာက္ရာေနရာကေနပဲ ကန္ေတာ့လိုက္ရပါတယ္

ထားထက္ထက္
20 October 2021