
အလင်းဝင်ဖို့ထုတ်ပြန်အပြီး အုပ်ထိန်းသူတွေဆီ ပြန်အပ်တဲ့ PDF ၄၀…see more
လက်နက်အပ်ပြီး ပြန်၀င်ရောက်ရင် ကြိုဆိုမယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်အပြီး ရက်ပိုင်းအတွင်း ပြန်လည်၀င်ရောက်လာသူ
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) ၄၀ နီးပါးရှိလာပြီလို့ စစ်ကောင်စီပြောခွင့်ရသူက နေပြည်တော်မှာ ဒီနေ့ ဇွန်လ ၁၆ ရက်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
အခု ပြန်လည်၀င်ရောက်လာတဲ့ PDF တွေဟာ မန္တလေး တိုင်းက ၁၅ ဦးနဲ့အများဆုံးဖြစ်ပြီး မကွေးတိုင်း၊ ဧရာဝတီတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့က့ကစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
တစ်ဖက်မှာလည်း စစ်ကောင်စီကထုတ်ပြန်လာတဲ့ PDF ဆိုသူတွေဟာ အငြင်းပွားစရာ လူပုဂ္ဂိုလ်တွေဖြစ်သလို သူတို့ကို မသိရှိဘူးလို့လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောဆို ထုတ်ပြန်ထားကြပါတယ်။