
အလင်းဝင် PDF တွေကိုမိဘများထံပြန်အပ်သည်ဟုဆိုကာ စစ်ကောင်စီ…see more
ဧရာဝတီတိုင်းမ်
မေလ ၆ ရက်
မန္တလေးမြို့၊ နန်းတွင်း အမှတ် ၁၂၁ ထောက်ပံ့နှင့်ပို့ ဆောင်ရေးတပ်ရင်းမှ ဦးဆောင်၍ ပြစ်မှုကျူးလွန်မှုမရှိသည့် PDF များအား မိဘရပ်ထံပြန်လည်အပ်နှင်းသည်ဟုဆိုကာ
မနေ့ကမနက်ပိုင်းတွင် စစ်ကောင်စီတပ်၏ လူတချို့ဖြင့်ပြုလုပ်ခဲ့ကြောင်း စစ်တပ်ထောက်ခံသည့်လူမှုကွန်ယက်များတွင် ကျယ်ပြန့်စွာဖော်ပြ၍ ဝါဒဖြန့်နေ သည်ကိုတွေ့ရှိရသည်။
စစ်ကောင်စီတပ်၏ နန်းတွင်း ထပရ ၁၂၁ တပ်သည် စစ် ကြောရေးဖွင့်လှစ်ထားသည့်တပ်ဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားနေသည့် မန္တလေးမြို့ကတော်လှန်ရေးလူငယ်များကို နှိပ်စက်သတ် ဖြတ်နေသည့်တပ်ရင်းတခုဖြစ်ကြောင်း မန္တလေးမြို့ခံများထံကသိရသည်။
ယင်းကဲ့သို့ စစ်ကောင်စီတပ်၏ဝါဒဖြန့် ပုံများတွင်ပါဝင်သည့် PDF ဟု ဆိုသူများကိုအတည်ပြုနိုင်ရေး မန္တလေးမြို့ပြပြောက် ကျားအဖွဲ့များကို ဆက်သွယ်နေသော် လည်းမရရှိသေးပါ။
ဓာတ်ပုံ – ပေးပို့
#AyeyarwaddyTimes
ဧရာဝတီတိုင်းမ်
မေလ ၆ ရက်
ဓာတ်ပုံ – ပေးပို့
#AyeyarwaddyTimes