Local News

အလံမလဲ အောင်ပွဲဆီသို့ !

အလံမလဲ အောင်ပွဲဆီသို့ !

မပူပါနဲ့ စကစဟာ နယ်မြေ‌တွေ မြို့တွေ စလွှတ်ရပြီဆိုတာနဲ့ ပြန်အရယူဖို့နဲ့ ပြည်သူကိုရက်စက်ပြဖို့ ခုလိုပဲ ချင်း ထန်တလန် လွိုင်ကော်တို့လို့ ဗုံးမိုးရွာပြီး ဖျက်စီးပြ အခြားနေရာဒေသတွေကို လက်မလွှတ်စေဖို့ လုပ်ဆောင်လာပါလိမ့်မယ်

သဘောက ဆုတ်ရင်း ဖျက်စီး ခြောက်ပြရင်း မရပြန်ရမလား နောက်ဆူံးအကွက် သူံးနေတာပါ ဒါကို ပြည်သူက ကြိတ်မှတ်ခံ PDF တွေက ရှိတဲ့အားနဲ့ အစွန်းကုန်တိုက်ပြီး နယ်မြေစိုးမိုး မြို့သိမ်းဖို့အတွက်ပဲ အရယူ ချီတက်လာနေသောကြောင့်

ဘာမှ လုပ်မရတဲ့ စခများ နောက်ဆုတ်ရင်း နယ်မြေတွေ လွှတ်ရင်း ကျရှုံးရင်းနဲ့ အလယ်ပိုင်း မြေပြန့်နဲ့ မြို့တွေအပေါ် ထိန်းချုပ်နိုင်ဖို့ လုပ်လာပါလိမ့်မယ်

သို့ဆိုရင် ထိုနေရာဒေသတွေဟာလည်း အချိန်မရွေး အခုလို စခများရဲ့ ဗုံးမိုးရွာခြင်းနဲ့ မြို့ပျက်များ စစ်ဘေးများအဖြစ် မချိန်မရွေး ဖြစ်ပေါ်လာနိုင်သောကြောင့် ပြည်သူ နိုင်နေသမျှကာလပတ်လုံး ထိုအဖြစ်မျိုးများကနေ မလွတ်ပါဘူးဆိုသည့်အတွက်

ကျန်နေသေးသည့် အခြား မြို့ရွာ နေရာဒေသ ပြည်နယ်တွေလည်း အခု ထန်တလန် လွိုင်ကော်လို အချိန်မရွေး ဖြစ်‌လာနိုင်ကြောင်း စကစဟာ နယ်မြေကျုံ့လာသည်နဲ့အမျှ လေကြောင်းကပဲ စစ်ကူထိုး ဖျက်စီးပြီး PDF များ လက်အတွင်းသို့ မကျရောက်အောင် ရသလောက် ထိန်းချုပ်နေကြမှာဖြစ်ကြောင်း

ထိုအတွက် မည့်သည့်မြို့ နေရာမဆိုနဲ့ ရန်ကုန် မန်း မြို့ကြီးများ၌လည်း မြို့သိမ်းများ ဆင်နွှဲပါက ဖြစ်ပေါ် လုပ်လာနိုင်ကြောင်း အသိပေးရင်း ထိုအတွက် အနည်းဆုံး ရှောင်လွှဲနိုင်ဖို့ဆိုရင်

– လေယာဉ်ပစ်နဲ့ ဒရုန်းပစ်များ

– နပတအထိရောက်နိုင်သော

– လေတပ်စခန်းတွေ ဖျက်စီးနိုင်သော

– တာဝေးပစ်တွေ ရရှိထားပြီး

လက်ဦးချေဖျက်ထားနိုင်မယ်ဆို သက်သာမည်ဖြစ်ပြီး ရန်သူကို ဦးချိုးပြီး အလွယ်တကူ ထိုးဖောက်စစ်နိုင်ပါကြောင်း အသိပေးရင်း ခုတောင် မရှိတာနဲ့ နိုင်နေတာ ထိုအရာတွေရှိရင် စခတသိုက် မပြေးရင် လာပါးရိုက်ဟုသာ လောင်းကြေးထပ် အောင်ပွဲကို စ်န်ခေါ်ချင်သည်

ပြည်သူ့ ဆာလောင်မှု လက်ခမောင်း တဖြောင်းဖြောင်း ခတ်သံနဲ့အတူ အရေးတော်ပုံ အောင်ရမည်ဟု !

#မင်းကြည်ညိုနေ 🕊️

Zawgyi









– နပတအထိရောက်နိုင်သော





#မင်းကြည်ညိုနေ 🕊️

Recent Comments

No comments to show.