Local News

အလှူငွေ ကောက်ချင်စိတ် ပျောက်သွားခဲ့တာ တော်တော်ကြာပါပြီ…ဆိုပြီး ရင်ဖွင့်လာတဲ့ ထားထက်ထက်

အလှူငွေ ကောက်ချင်စိတ် ပျောက်သွားခဲ့တာ တော်တော်ကြာပါပြီ…ဆိုပြီး ရင်ဖွင့်လာတဲ့ ထားထက်ထက်

ရည်ရွယ်ချက်တခုနဲ့ ကောက်ခဲ့တဲ့ အလှူငွေတွေဟာ အခြားခေါင်းစဉ်နဲ့ အသုံးမပြုခဲ့ဘဲ အကျိုးရှိရှိ ချီတက်နေဆဲဖြစ်ပါတယ်…

တိုက်ပွဲမဖြစ်ခဲ့ပေမယ့်ရန်သူနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ကျွန်မတို့ စခန်းအတွက်အရေးပေါ် အလှူကောက်ခံပေးခဲ့ပြီး
လိုငွေပြည့်ချိန်မှာ အခြားစခန်းတွေကို အားနာလို့
လိုအပ်ချက် ပြည့်မီကြောင်း အလှူရှင်တွေကို ချက် ချင်း တင်ပြခဲ့ပါတယ်…

ပိုလျှံကောက်ခံရရှိငွေတွေကို အထောက်အပံ့ရတာ နဲ တဲ့ ညီနောင်စခန်းတွေအတွက် တိုက်ရိုက်ပံ့ပိုးပေးခဲ့ပါတယ်… ပိုပြီးထိရောက်အောင်PDF Support Page ထောင်ပြီး အလှူငွေတွေ နေ့စဉ် ရသမျှကို ချက်ချင်း ခွဲဝေ ပို့ဆောင်ခဲ့ပါတယ်…

ကျွန်မအိတ်ထဲ တပြားမှ မထည့်ခဲ့သလို ရရှိငွေကိုလဲ အမြဲ ကြေငြာနေခဲ့တာတောင် တိုက်ခိုက်တဲ့သူတွေက အလျှိုလျှိုပေါ်လာခဲ့ပါတယ်…

ဟိုဘက်ကလူတွေ တိုက်ခိုက်တာထက် ကိုယ့်လို မတရားမှုကို တွန်းလှန်ကြသူချင်း တိုက်ခိုက်တာကိုကျတော့ စိတ်မကောင်းဖြစ်မိတယ်…

အဲ့ဒါအပြင် အထောက်အပံ့မရတဲ့စခန်းကို ကူညီဖို့ ကြိုးစားပါတယ် ဆိုမှ လက်နက်ကလွဲလို့အားလုံးပြည့်စုံတဲ့ စခန်းတွေပါ အလှူခံကြလို့ စိတ်ထဲ တမျိုးကြီးဖြစ် လာခဲ့ပါတယ်…တွေးကြည့်ပါဦး …

စခန်းချင်းမတူကြပေမယ့် ငါတို့ဟာ ရဲဘော်ရဲဘက်တွေပါ… ငါတို့အချင်းချင်း မညှာရင် ငါတို့ကို ဘယ်သူညှာကြမလဲ…

စခန်းတိုင်း လက်နက် လိုပါတယ်…ရိက္ခာလိုတဲ့သူတွေကိုတော့ ပိုဦးစားပေးရမယ် မဟုတ်လား…

ဥပမာ … ကျွန်မတို့စခန်းမှာ မိုးရိက္ခာ လုံလောက်ချိန်
ဆန် လာလှူရင် ကျွန်မတို့ မှာ ရိက္ခာပြည့်စုံပါပြီ ၊လက်နက် အတွက် လှူရင် လက်ခံပါမယ်…ဒါပေမယ့် အပေါ်က စခန်း ၂ ခု မှာ ရိက္ခာ လိုအပ်ချက် ရှိနိုင်လို့ ကိုယ်တိုင် မေးကြည့်ပါဆိုပြီး ဖုန်းနံပါတ်ပေးပါတယ်…

ကျွန်မတို့စခန်း ကို ပိုပြည့်စုံစေချင်ပေမယ့် အခြားစခန်းတွေ ငတ်ချင်ငတ် ဆိုတဲ့ အတွေးမျိုး တကြိမ်မှ မပေါ်ဖူးပါဘူး… မရှိအတူ ရှိအတူပဲ ကောင်းတယ်လို့ ကျွန်မထင်ပါတယ်…..

တိုက်တိုက်ဆိုင်ဆိုင် ပါပဲ…မြို့ပေါ်က အလှူငွေကူညီသူတချို့ရဲ့ ဘဏ်စာရင်းတွေအပိတ်ခံရသလို ၊ အလှူလက်ခံ ဘဏ်စာရင်းပိုင်ရှင်တွေ နောက်ကို ငွေရော လူပါ ဒုက္ခပေးဖို့ လိုက်လာတဲ့အခါ ကျွန်မတို့ အလှူလက်ခံတာကို လုံးဝ ရပ်လိုက်ပါတယ်…

ဆက်ဆံရေးပုံစံပြောင်းလိုက်ပါတယ်… တခြားစခန်းတွေကို လှူစေချင်တာ ရယ်ကျွန်မ အမည်ကြောင့် လှူကြတဲ့အခါ ကျွန်မ မရှိတဲ့ အချို့စခန်းတွေ ထိခိုက်နစ်နာပါလား ဆိုတဲ့ စိတ်မကောင်းဖြစ်တာကြောင့်လဲ ဖြစ်ပါတယ်…

HHH page ရော PDF Support Page ရော စာမပြန်တော့တာ ဒီ အကြောင်းတွေကြောင့်လို့ ကျွန်မ က အားလုံး သွေးအေး သွားကြချိန်မှ အခုလို ရှင်းပြတာ လက်ခံခွင့်လွှတ်နိုင်ကြမယ် ထင်ပါတယ်…

စိတ်ချရတဲ့ ဘယ်စခန်း လှူလှူ ဘယ်အလှူခံကို လှူလှူ
ကိုယ့် ညီအကို မောင်နှမတွေ အတွက်ပါပဲ…ကိုယ့် ရဲဘော်ရဲဘက်တွေ အတွက်ပါပဲ…မတရားမှုစနစ်ဆိုးကို ဖြိုဖျက်နေတဲ့ သူတွေချင်းမို့ဘယ်သူရရ ကျေနပ်ရဖို့ပါပဲ…

ကျွန်မ စိတ်တွေ ပြန်ပြီး နေကောင်းလာတဲ့အခါ အရင်လို အကူအညီပေးဖို့ ပြန်ကြိုးစားဖြစ်ဖို့ရှိပေမယ့်အချိန်တော့ယူရဦးမယ် ထင်ပါတယ်…

သေချာတာကတော့ကျွန်မနဲ့ ယုံကြည်ချက်တူသူ
ရဲဘော်ရဲဘက်တွေကို စွန့်ပြီးရန်သူ့ ထံ အညံ့မခံပါဘူး ဆိုတာပါပဲ…..

ထားထက်ထက်
25 October 2021

About the author

admin

Add Comment

Click here to post a comment