
အလှူမှာ သူရဦးရွှေမန်းကိုပဲ ဦးစားပေးကြိုခဲ့လို့ စိတ်ကောက်ပြီး အာဏာသိမ်းတာလား
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် – ထီးရိပ်နန်းရိပ် ဆက်ဆံရေးက အာဏာသိမ်းမှုကို ဦးတည်စေခဲ့သလား
၂၀၁၆ ဇူလိုင် ၁၉ မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်းက နေအိမ် ခြံနံပါတ်(၅၄)က
အာဇာနည်နေ့ဆွမ်းကျွေးကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရောက်လာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၊ သူရဦးရွှေမန်းနဲ့
ဒုတိယသမ္မတဦးမြင့်ဆွေ တို့နဲ့အတူ အမှတ်တရဓာတ်ပုံလည်း ရိုက်ခဲ့ကြပါတယ်။
ဒါပေမဲ့ ဒီအလှူမှာ ဒေါ်အောင်ဆန်းစုကြည်က သူရဦးရွှေမန်းကိုပဲ ဦးစားပေးခဲ့ပြီး
သူ့ကို ခရီးဦးကြိုတောင်မပြုခဲ့လို့ တပ်ချုပ်က မျက်နှာမကြည်မသာဖြစ်ခဲ့တယ်လို့လည်း
အဲ့ဒီအလှူမှာရှိနေသူတစ်ဦးထံက သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ အဲဒီနေ့ဧည့်ခံပွဲမှာ သူကိုယ်တိုင်မအားလပ်လို့ လစ်ဟင်းတာမျိုးတွေ ဖြစ်မှာစိုးတဲ့အတွက်
အစ်ကို၀မ်းကွဲတော်သူကို ဧည့်ခံပေးဖို့ အကူအညီတောင်းခဲ့တဲ့အကြောင်း ဆွေမျိုးတစ်ဦးက ပြန်ပြောပြပါတယ်။
ဓာတ်ပုံတွေထဲမှာတော့ ပြုံးရွှင်နေတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရပေမဲ့
နောက်နှစ်တွေမှာ အာဇာနည်ကုန်းပွဲကိုတက်ပြီး ခြံနံပါတ်(၅၄) ကိုတော့ ရောက်မလာတော့ပါဘူး။
မြန်မာ့နိုင်ငံရေးရဲ့အရေးကြီးဆုံးသူနှစ်ဦး ဖြစ်တဲ့သူတို့ကြားက ဆက်ဆံရေးအနိမ့်အမြင့်အတက်အကျ ဘယ်လိုရှိခဲ့လဲ၊ ဘာတွေဖြစ်ခဲ့လဲ။
မြန်မာ့နိုင်ငံရေးရဲ့အရေးကြီးဆုံးသူနှစ်ဦး ဖြစ်တဲ့သူတို့ကြားက ဆက်ဆံရေးအနိမ့်အမြင့်အတက်အကျ ဘယ်လိုရှိခဲ့လဲ၊ ဘာတွေဖြစ်ခဲ့လဲ။
သူတို့နဲ့ လက်တွဲအလုပ်လုပ်ခဲ့သူတွေ၊ သိရှိနီးစပ်ခဲ့သူတွေကို မေးမြန်းပြီး သမိုင်းကြောင်းဖြစ်စဉ်တွေကို ဘီဘီစီက ခြေရာခံကြည့်ထားပြီး တင်ပြထားတဲ့အထူးဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ်မှာဖတ်ရှုပါ။
https://www.bbc.com/burmese/burma-61757757