Local News

အသက်ကိုရင်းကာ ကောက်ငင်ရယူနေရတဲ့ “ပန်း” မဟုတ်တဲ့ “Gun”

အသက်ကိုရင်းကာ ကောက်ငင်ရယူနေရတဲ့ ပန်းမဟုတ်တဲ့ Gun (Photo Essay)

ကယား၊ ဇန်နဝါရီ ၁၂

ဖော်ပြပါပုံမှာ ကရင်နီပြည်နယ်တိုက်ပွဲတစ်ခုအတွင်း သေဆုံးနေတဲ့အကြမ်းဖက်စစ်အုပ်စုတပ်သားတစ်ဦးရဲ့ လက်နက်ခဲယမ်းများကို ရရှိရေးအတွက် ကောက်ယူရန်စောင့်ဆိုင်းနေတဲ့ KNDF B-02 ရဲဘော်တချို့ကိုတွေ့ရတာဖြစ်တယ်လို့ ထိုအဖွဲ့က ထုတ်ပြန်လာပါတယ်။

အကြမ်းဖက်စစ်အာဏာရှင်ကို တော်လှန်နေကြတဲ့ ရဲဘော်တိုင်းမှာ လက်နက်လိုအပ်ချက်ရှိတာကြောင့် အကြမ်းဖက်စစ်ထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေသေဆုံးတိုင်း သူတို့ရဲ့လက်နက်တွေသိမ်းယူရရှိရေးဟာ လိုအပ်ချက်တစ်ခုသဖွယ်ဖြစ်နေပေမယ့် အသက်တွေရင်းနှီးပေးဆပ်ခဲ့ရတာတော့ အလွယ်တကူမသိမြင်နိုင်ပါဘူးလို့လည်း ဆိုထားပါတယ်။

ဒါဟာလည်းလွယ်ကူတဲ့ဖြစ်စဥ်တော့မဟုတ်တဲ့အတွက် အကြမ်းဖက်စစ်ကောင်စီတပ်သားတွေသေဆုံးလို့ လက်နက်လုကောက်ရင်း မကျဆုံးသင့်ဘဲ ကျဆုံးခဲ့ရတဲ့ ရဲဘော်များလည်း ရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်ဖော်ပြထားပါတယ်။

ဒါကိုလည်း KNDF B-02 တပ်ဖွဲ့ဝင်တစ်ဦးက ခုလိုပြောဆိုထားပါသေးတယ် “ဒီပုံကိုသေချာလေးကြည့်ပါ။ကျွန်တော်တို့ ရဲဘော်စလုပ်တော့ လူအင်အားအများကြီးရှိပေမဲ့ တုတ်(တိုရှည်)အနည်းငယ်သာရှိပါတယ်။ အဲ့တော့ ရဲဘော်စလုပ်ကတည်းက ကျွန်တော်တို့ရဲဘော်တွေဟာ ကိုယ်ပိုင်သေနတ် သိပ်လိုချင်ကြပါတယ်။

စခ တွေကို . .တ် ပြီးရင် တုတ်ကိုလုကောက်ကြတာပေါ့။ကရင်နီပြည်မှာ တုတ်(တိုရှည်)ကိုရအောင်လုကောက်ရင်း ကျဆုံးသွားရတဲ့ မပေးဆပ်သင့်ဘဲ ပေးဆပ်လိုက်ရတဲ့ ရဲဘော်တွေမနည်းပါဘူး´´ လို့ ပြောဆိုထားပါတယ်။

ယခုဖော်ပြထားတဲ့ပုံမှာတော့ ထိတွေ့တိုက်ပွဲတစ်ခုအတွင်း သေဆုံးနေတဲ့ စကစတပ်သားတစ်ဦးရဲ့ ရုပ်အလောင်းကိုတွေ့ရတဲ့အပြင် ရုပ်အလောင်းဘေးက ပိုင်ရှင်မဲ့နေတဲ့ သေနတ်ကိုကောက်ယူဖို့ ကြိုးစားနေတဲ့ရဲဘော်တချို့ကိုလည်းတွေ့နိုင်ပါတယ်။

ဒါပေမယ့် တစ်ဖက်မှာဆိုရင် သေနတ်လာကောက်ပါက ပစ်ခတ်တိုက်ခိုက်ဖို့ချိန်ရွယ်ထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေရှိနေတဲ့ အနေအခြေအနေမျိုးဖြစ်တယ်လို့သိရပါတယ်။

KNDF B – 02 ရဲ့ ဇန်နဝါရီ ၁၁ ရက်ညပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ ထိုရုပ်သေဓာတ်ပုံတစ်ပုံမှာ စကားလုံးတွေ မပါပေမယ့်လည်း Burma VJ စာဖတ်ပရိတ်သတ်များ ပြန်လည်ခံစားနိုင်ဖို့ရာ Photo Essay အဖြစ် ပြန်လည်မျှဝေလိုက်ခြင်းဖြစ်ပါတယ်။

ဓာတ်ပုံ – KNDF B-02

Zawgyi

အသက္ကိုရင္းကာ ေကာက္ငင္ရယူေနရတဲ့ ပန္းမဟုတ္တဲ့ Gun (Photo Essay)

ကယား၊ ဇန္နဝါရီ ၁၂

ေဖာ္ျပပါပုံမွာ ကရင္နီျပည္နယ္တိုက္ပြဲတစ္ခုအတြင္း ေသဆုံးေနတဲ့အၾကမ္းဖက္စစ္အုပ္စုတပ္သားတစ္ဦးရဲ႕ လက္နက္ခဲယမ္းမ်ားကို ရ႐ွိေရးအတြက္ ေကာက္ယူရန္ေစာင့္ဆိုင္းေနတဲ့ KNDF B-02 ရဲေဘာ္တခ်ိဳ႕ကိုေတြ႕ရတာျဖစ္တယ္လို႔ ထိုအဖြဲ႕က ထုတ္ျပန္လာပါတယ္။

အၾကမ္းဖက္စစ္အာဏာ႐ွင္ကို ေတာ္လွန္ေနၾကတဲ့ ရဲေဘာ္တိုင္းမွာ လက္နက္လိုအပ္ခ်က္႐ွိတာေၾကာင့္ အၾကမ္းဖက္စစ္ထိုးလာတဲ့ စစ္ေကာင္စီတပ္သားေတြေသဆုံးတိုင္း သူတို႔ရဲ႕လက္နက္ေတြသိမ္းယူရ႐ွိေရးဟာ လိုအပ္ခ်က္တစ္ခုသဖြယ္ျဖစ္ေနေပမယ့္ အသက္ေတြရင္းႏွီးေပးဆပ္ခဲ့ရတာေတာ့ အလြယ္တကူမသိျမင္ႏိုင္ပါဘူးလို႔လည္း ဆိုထားပါတယ္။

ဒါဟာလည္းလြယ္ကူတဲ့ျဖစ္စဥ္ေတာ့မဟုတ္တဲ့အတြက္ အၾကမ္းဖက္စစ္ေကာင္စီတပ္သားေတြေသဆုံးလို႔ လက္နက္လုေကာက္ရင္း မက်ဆုံးသင့္ဘဲ က်ဆုံးခဲ့ရတဲ့ ရဲေဘာ္မ်ားလည္း ႐ွိခဲ့တယ္လို႔လည္း ထုတ္ျပန္ခ်က္ေဖာ္ျပထားပါတယ္။

ဒါကိုလည္း KNDF B-02 တပ္ဖြဲ႕ဝင္တစ္ဦးက ခုလိုေျပာဆိုထားပါေသးတယ္ “ဒီပုံကိုေသခ်ာေလးၾကည့္ပါ။ကြၽန္ေတာ္တို႔ ရဲေဘာ္စလုပ္ေတာ့ လူအင္အားအမ်ားႀကီး႐ွိေပမဲ့ တုတ္(တို႐ွည္)အနည္းငယ္သာ႐ွိပါတယ္။ အဲ့ေတာ့ ရဲေဘာ္စလုပ္ကတည္းက ကြၽန္ေတာ္တို႔ရဲေဘာ္ေတြဟာ ကိုယ္ပိုင္ေသနတ္ သိပ္လိုခ်င္ၾကပါတယ္။

စခ ေတြကို . .တ္ ၿပီးရင္ တုတ္ကိုလုေကာက္ၾကတာေပါ့။ကရင္နီျပည္မွာ တုတ္(တို႐ွည္)ကိုရေအာင္လုေကာက္ရင္း က်ဆုံးသြားရတဲ့ မေပးဆပ္သင့္ဘဲ ေပးဆပ္လိုက္ရတဲ့ ရဲေဘာ္ေတြမနည္းပါဘူး´´ လို႔ ေျပာဆိုထားပါတယ္။

ယခုေဖာ္ျပထားတဲ့ပုံမွာေတာ့ ထိေတြ႕တိုက္ပြဲတစ္ခုအတြင္း ေသဆုံးေနတဲ့ စကစတပ္သားတစ္ဦးရဲ႕ ႐ုပ္အေလာင္းကိုေတြ႕ရတဲ့အျပင္ ႐ုပ္အေလာင္းေဘးက ပိုင္႐ွင္မဲ့ေနတဲ့ ေသနတ္ကိုေကာက္ယူဖို႔ ႀကိဳးစားေနတဲ့ရဲေဘာ္တခ်ိဳ႕ကိုလည္းေတြ႕ႏိုင္ပါတယ္။

ဒါေပမယ့္ တစ္ဖက္မွာဆိုရင္ ေသနတ္လာေကာက္ပါက ပစ္ခတ္တိုက္ခိုက္ဖို႔ခ်ိန္႐ြယ္ထားတဲ့ အၾကမ္းဖက္စစ္ေကာင္စီတပ္သားေတြ႐ွိေနတဲ့ အေနအေျခအေနမ်ိဳးျဖစ္တယ္လို႔သိရပါတယ္။

KNDF B – 02 ရဲ႕ ဇန္နဝါရီ ၁၁ ရက္ညပိုင္းမွာ ထုတ္ျပန္ခဲ့တဲ့ ထို႐ုပ္ေသဓာတ္ပုံတစ္ပုံမွာ စကားလုံးေတြ မပါေပမယ့္လည္း Burma VJ စာဖတ္ပရိတ္သတ္မ်ား ျပန္လည္ခံစားႏိုင္ဖို႔ရာ Photo Essay အျဖစ္ ျပန္လည္မွ်ေဝလိုက္ျခင္းျဖစ္ပါတယ္။

ဓာတ္ပုံ – KNDF B-02

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.