Local News

၀ဏ္ဏမောင်လွင် တက်ဖို့ ပြင်နေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ရ

၀ဏ္ဏမောင်လွင် တက်ဖို့ ပြင်နေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ရ

ရန်ကုန်၊ ဇန်နဝါရီ ၁၂

ကမ္ဘောဒီးယားနိုင်ငံတွင် ဇန်နဝါရီ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ပြုလုပ်ရန် စီစဉ်ထားသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ရက်အကန့် အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး Datuk Seri Saifuddin Abdullah က ပြောသည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဝန်ကြီးများက အကြောင်းအမျိုးမျိုးကြောင့် မတက်ရောက်နိုင်သည့်အတွက် ရွှေ့ဆိုင်းလိုက်ရခြင်းဖြစ် ကြောင်း သိရှိရသည်။

“ဇန်န၀ါရီလ ၂၀ ရက်နေ့ အထူးပါလီမန်အစည်းအ ဝေးနဲ့ Omicron ကိုဗစ်ရောဂါပိုး ကြောင့် ကျွန်တော် မတက်ရောက်နိုင်တော့ပါဘူး။ အာဆီယံအစည်း အဝေးတက်မယ်ဆိုရင် လွှတ်တော်အစည်းအဝေးကို တက်ရောက်နိုင်မှာ မ ဟုတ်ပါဘူး”ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ကမ္ဘောဒီးယားတွင် ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးသို့ မြန်မာ တက်ရောက်မည့်ကိစ္စနှင့်ပတ်သက်ပြီး အမြင်အမျိုးမျိုးဖြစ်ပေါ်ကာ နော က်ဆုံး အစည်းအဝေး ရွှေ့ဆိုင်းမှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ နိုင်ငံရေး ကိုယ်စားလှယ်များကို အာဆီယံ ထိပ်သီးအစည်းအဝေးသို့ ဖိတ်ကြားခြင်း မပြုရန် ပြီးခဲ့သည့်နှစ်တွင် မလေးရှား၏ ဆုံးဖြတ်ချက်ကို Saifuddin က ထပ်မံ ပြောကြားခဲ့ပြီး

မြန်မာနိုင်ငံတွင် နိုင်ငံရေး အခြေအနေများကို ဖြေရှင်းရန်အတွက် အာဆီယံက ချမှတ်ထားသော ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ရမည်ဖြစ်သည်။

ဓာတ်ပုံ- အာဆီယံတွင် ပြဿနာ အကြီးအကျယ်ဖြစ်ပေါ်စေသည့် မင်းအောင်လှိုင်နှင့် ၀ဏ္ဏမောင်လွင်။

Zawgyi

၀ဏၰေမာင္လြင္ တက္ဖို႔ ျပင္ေနတဲ့ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီး အစည္းအေဝး ရက္အကန္႔အသတ္မ႐ွိ ေ႐ႊ႕ဆိုင္းလိုက္ရ

ရန္ကုန္၊ ဇန္နဝါရီ ၁၂

ကေမ႓ာဒီးယားႏိုင္ငံတြင္ ဇန္နဝါရီ ၁၈ ရက္ႏွင့္ ၁၉ ရက္တို႔တြင္ ျပဳလုပ္ရန္ စီစဥ္ထားသည့္ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ားအစည္းအေဝးကို ရက္အကန္႔ အသတ္မ႐ွိ ေ႐ႊ႕ဆိုင္းလိုက္ေၾကာင္း မေလး႐ွား ႏိုင္ငံျခားေရးဝန္ႀကီး Datuk Seri Saifuddin Abdullah က ေျပာသည္။

အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝးကို ဝန္ႀကီးမ်ားက အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မတက္ေရာက္ႏိုင္သည့္အတြက္ ေ႐ႊ႕ဆိုင္းလိုက္ရျခင္းျဖစ္ ေၾကာင္း သိ႐ွိရသည္။

“ဇန္န၀ါရီလ ၂၀ ရက္ေန႔ အထူးပါလီမန္အစည္းအ ေဝးနဲ႔ Omicron ကိုဗစ္ေရာဂါပိုး ေၾကာင့္ ကြၽန္ေတာ္ မတက္ေရာက္ႏိုင္ေတာ့ပါဘူး။ အာဆီယံအစည္း အေဝးတက္မယ္ဆိုရင္ လႊတ္ေတာ္အစည္းအေဝးကို တက္ေရာက္ႏိုင္မွာ မ ဟုတ္ပါဘူး”ဟု မေလး႐ွားႏိုင္ငံျခားေရးဝန္ႀကီးက ေျပာသည္။

ကေမ႓ာဒီးယားတြင္ က်င္းပမည့္ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးအစည္းအေဝးသို႔ ျမန္မာ တက္ေရာက္မည့္ကိစၥႏွင့္ပတ္သက္ၿပီး အျမင္အမ်ိဳးမ်ိဳးျဖစ္ေပၚကာ ေနာ က္ဆုံး အစည္းအေဝး ေ႐ႊ႕ဆိုင္းမႈမ်ား ျဖစ္ေပၚလာျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံမွ ႏိုင္ငံေရး ကိုယ္စားလွယ္မ်ားကို အာဆီယံ ထိပ္သီးအစည္းအေဝးသို႔ ဖိတ္ၾကားျခင္း မျပဳရန္ ၿပီးခဲ့သည့္ႏွစ္တြင္ မေလး႐ွား၏ ဆုံးျဖတ္ခ်က္ကို Saifuddin က ထပ္မံ ေျပာၾကားခဲ့ၿပီး

ျမန္မာႏိုင္ငံတြင္ ႏိုင္ငံေရး အေျခအေနမ်ားကို ေျဖ႐ွင္းရန္အတြက္ အာဆီယံက ခ်မွတ္ထားေသာ ဘုံသေဘာတူညီခ်က္ကို အေကာင္အထည္ေဖာ္ရမည္ျဖစ္သည္။

ဓာတ္ပုံ- အာဆီယံတြင္ ျပႆနာ အႀကီးအက်ယ္ျဖစ္ေပၚေစသည့္ မင္းေအာင္လိႈင္ႏွင့္ ၀ဏၰေမာင္လြင္။

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.