Local News

အသက်အန္တရာယ်ကင်းရှင်း​ကြောင်း ဗိုလ်နဂါးအသိ​ပေး

သူ၏ အသက်အန္တရာယ်ကင်းရှင်း​ကြောင်း ဗိုလ်နဂါးအသိ​ပေး
‌ေအာက်တွင်ရုပ်သံပါသည်

စစ်ကိိုင်းတိုင်း ပုလဲမြို့နယ် ဦးနှောက်ကျေးရွာတွင် ဗိုလ်နဂါးရှိနေသည်ဆိုကာ အကြမ်းဖက်စစ်ကောင်စီတပ်က ရဟတ်ယာဥ်လေးစီးဖြင့် ပိတ်ဆို့ တိုက်ခိုက်ခဲ့သော်လည်း ၎င်းမှာ အန္တရာယ်ကင်းပြီး ချင်းပြည်နယ်သို့ ရောက်ရှိနေကြောင်း ဗိုလ်နဂါးက လူမှုကွန်ရက်မှတစ်ဆင့် အသိပေးပြောကြားသည်။

ယနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ဝန်းကျင်က စစ်ကောင်စီတပ်သည် စစ်ရဟတ်ယာဉ် ​လေးစီးဖြင့် တပ်သားများချကာ ဦးနှောက်ကျေးရွာကိုဝိုင်းထားခဲ့သည်။

“ပုလဲမြို့နယ်ထဲက ဦးနှောက်ကျေးရွာလေးမှာ ကျွန်တော့်ကို ရဟတ်ယာဥ်နဲ့ဝိုင်းခံရပြီး စိတ်ပူနေတဲ့ မိဘပြည်သူများကို ကျွန်တော် လှမ်းပြီးအသိပေးတာပါ။ကျွန်တော် မနေ့က အရေးပေါ်ကိစ္စတစ်ခုနဲ့

ချင်း ပြည်နယ်ထဲရောက်နေတဲ့အတွက် ကံကောင်းထောက်မစွာနဲ့ လွတ်လွတ်ကင်းကင်းရှိပါတယ်ဆိုတဲ့အကြောင်းကို လာပြီး အသိပေးတာပါ။အားလုံးစိတ်ပူနေမှာဆိုးလို့။ကျွန်တော် တစ်ပတ်လောက်နေမှ ပြန်လာမှာဖြစ်ပါတယ်”ဟု ဗိုလ်နဂါးက ပြောသည်။

လက်ရှိတွင် ဦးနှောက်ကျေးရွာ၌ အကြမ်းဖက်စစ်တပ်က အင်အား ၁၀၀ခန့်ဖြင့် တပ်စွဲထား ကြောင်းလည်း ပြည်သူ့တော်လှန်ရေးတပ်မတော် PRA ဦးဆောင်သူ ဗိုလ်ဂျပန်က ဆိုသည်။

“မနက်က စပြီး ရဟတ်ယာဥ်တွေနဲ့ ဝင်ခဲ့တာပေါ့။အခုထိတပ်စွဲထားတုန်းလို့ သတင်းရတယ်”ဟု ၎င်းက ရှင်းပြသည်။

ပုလဲမြို့နယ်သည် အကြမ်းဖက်စစ်ကောင်စီကို တွန်လှန်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အများအ ပြားရှိနေပြီး စစ်ကောင်စီတပ်ကို အထိနာအောင် တိုက်ခိုက်နိုင်နေသည်။

ထို့အပြင် ပုလဲမြို့၏ ဗိုလ်နဂါးဦးဆောင်သည့် နာမည်ကျော် PPDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို တစ်နိုင်ငံလုံးလွှမ်းခြုံစေရန်အတွက် မြန်မာ့တော်ဝင် နဂါးတပ်တော်အဖြစ် ဇန်နဝါရီ ၂ ရက်က ပြောင်းလဲဖွဲ့စည်းခဲ့သည်။

Zawgyi

သူ၏ အသက္အႏၲရာယ္ကင္း႐ွင္း​ေၾကာင္း ဗိုလ္နဂါးအသိ​ေပး

စစ္ကိိဳင္းတိုင္း ပုလဲၿမိဳ႕နယ္ ဦးေႏွာက္ေက်း႐ြာတြင္ ဗိုလ္နဂါး႐ွိေနသည္ဆိုကာ အၾကမ္းဖက္စစ္ေကာင္စီတပ္က ရဟတ္ယာဥ္ေလးစီးျဖင့္ ပိတ္ဆို႔ တိုက္ခိုက္ခဲ့ေသာ္လည္း ၎မွာ အႏၲရာယ္ကင္းၿပီး ခ်င္းျပည္နယ္သို႔ ေရာက္႐ွိေနေၾကာင္း ဗိုလ္နဂါးက လူမႈကြန္ရက္မွတစ္ဆင့္ အသိေပးေျပာၾကားသည္။

ယေန႔ နံနက္ ၁၁ နာရီ ၃၀ မိနစ္ဝန္းက်င္က စစ္ေကာင္စီတပ္သည္ စစ္ရဟတ္ယာဥ္ ​ေလးစီးျဖင့္ တပ္သားမ်ားခ်ကာ ဦးေႏွာက္ေက်း႐ြာကိုဝိုင္းထားခဲ့သည္။

“ပုလဲၿမိဳ႕နယ္ထဲက ဦးေႏွာက္ေက်း႐ြာေလးမွာ ကြၽန္ေတာ္႕ကို ရဟတ္ယာဥ္နဲ႔ဝိုင္းခံရၿပီး စိတ္ပူေနတဲ့ မိဘျပည္သူမ်ားကို ကြၽန္ေတာ္ လွမ္းၿပီးအသိေပးတာပါ။ကြၽန္ေတာ္ မေန႔က အေရးေပၚကိစၥတစ္ခုနဲ႔

ခ်င္း ျပည္နယ္ထဲေရာက္ေနတဲ့အတြက္ ကံေကာင္းေထာက္မစြာနဲ႔ လြတ္လြတ္ကင္းကင္း႐ွိပါတယ္ဆိုတဲ့အေၾကာင္းကို လာၿပီး အသိေပးတာပါ။အားလုံးစိတ္ပူေနမွာဆိုးလို႔။ကြၽန္ေတာ္ တစ္ပတ္ေလာက္ေနမွ ျပန္လာမွာျဖစ္ပါတယ္”ဟု ဗိုလ္နဂါးက ေျပာသည္။

လက္႐ွိတြင္ ဦးေႏွာက္ေက်း႐ြာ၌ အၾကမ္းဖက္စစ္တပ္က အင္အား ၁၀၀ခန္႔ျဖင့္ တပ္စြဲထား ေၾကာင္းလည္း ျပည္သူ႕ေတာ္လွန္ေရးတပ္မေတာ္ PRA ဦးေဆာင္သူ ဗိုလ္ဂ်ပန္က ဆိုသည္။

“မနက္က စၿပီး ရဟတ္ယာဥ္ေတြနဲ႔ ဝင္ခဲ့တာေပါ့။အခုထိတပ္စြဲထားတုန္းလို႔ သတင္းရတယ္”ဟု ၎က ႐ွင္းျပသည္။

ပုလဲၿမိဳ႕နယ္သည္ အၾကမ္းဖက္စစ္ေကာင္စီကို တြန္လွန္ေနေသာ ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕ အမ်ားအ ျပား႐ွိေနၿပီး စစ္ေကာင္စီတပ္ကို အထိနာေအာင္ တိုက္ခိုက္ႏိုင္ေနသည္။

ထို႔အျပင္ ပုလဲၿမိဳ႕၏ ဗိုလ္နဂါးဦးေဆာင္သည့္ နာမည္ေက်ာ္ PPDF ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕ကို တစ္ႏိုင္ငံလုံးလႊမ္းျခဳံေစရန္အတြက္ ျမန္မာ့ေတာ္ဝင္ နဂါးတပ္ေတာ္အျဖစ္ ဇန္နဝါရီ ၂ ရက္က ေျပာင္းလဲဖြဲ႕စည္းခဲ့သည္။

About the author

admin

Add Comment

Click here to post a comment