အအေးတွေ၊ ဖျော်ရည်တွေ ထဲမှာထည့်တဲ့ကျောက်ကျော ဘယ်က ရသလဲ..?

အအေးတွေ၊ ဖျော်ရည်တွေ ထဲမှာထည့်တဲ့ကျောက်ကျော ဘယ်က ရသလဲ..?

ကျောက်ကျော… အင်္ဂလိပ်အမည် Grass jelly plant… သိပ္ပံအမည်Platostoma palustre မော်လမြိုင်ဒေသအခေါ်… လိပ်သဲပင်၊ ရှမ်းပြည်ဘက်အခေါ်… နမ့်ပင်တူး ဆိုတဲ့အပင်ကထုတ်ယူပါတယ်။

အမဲရောင်ကျောက်ကျောပြုလုပ်နည်းမှာ

အပင်ကိုရေဆေး ကြိတ်ခြေပြီးစစ်ရည်ရယူပါတယ်။ အရည်ကုန်ရအောင် ရေလေးနည်းနည်းစီ လောင်းထည့်ပေးရပါတယ်။ အဲဒီအရည်ကို စစ်ယူပြီး အပူပေးကျိုချက်ရပါတယ်။

အရည်အတော်လေး ပျစ်လာပီဆိုရင် ကော်မှုန့် (သို့) ဆန်မှုန့်ကို လောင်းထည့်ပြီး မီးမြှင်းမြှင်းနဲ့ ကြိုရပါတယ်။ starch (ကော်မှုန့်) မပါဘဲ သူ့ချည်းသက်သက်ကျိုရင် ကျောက်ကျောမဖြစ်ပါဘူး။

ကော်မှုန့်နည်းနည်းထည့်မှ ဓာတ်ပြုပြီး ကျောက်ကျောဖြစ်ပါမယ်။ တစ်ချို့ကတော့ ကော်မှုန့်ကိုတစ်ပါထဲ ထည့်ကျိုကြပါတယ်။ ကြိုက်နှစ်သက်ရာပေါ့။

ရှမ်းပြည်နယ်နဲ့ အထက်ချင်းတွင်း ဘက်တွေမှာတော့ သုပ်စားကြပါတယ်။ အောက်ပြည်ဘက်ကတော့ အအေးဖျော်ရည်တွေနဲ့ တွဲဖက် သောက်သုံးကြပါတယ်။

လတ်လတ်ဆက်ဆက် ကျောက်ကျောပင် (ရှမ်းအခေါ်… နမ့်ပင်းတူး အပင်) ကနေ ခူးပြီး ရေဆေး… ခြေပြီး နယ် ၊ ဇကာတိုက် အနှစ်ကို ယူ ၊ ဆန်မုန့် အနည်းငယ် ထည့်ပြီး…

မီးနဲ့ လက် မပြတ်တမ်း မွှေ… ပျစ်လာပြီ ဆိုရင် အအေးခံ ထားပြီး နောက်တစ်ရက် အတုံးလေးတွေ တုံးပြီး ဈေးမှာ ရောင်းတာပါ။

ကျောက်ကျော ပင်များကို သတ်မှတ်ထားတဲ့အချိန် ရောက်ရင် အမြစ်ပါမကျန် နှုတ်ပြီး အခြောက်လှန်းကာ ကိုယ်တိုင် လာဝယ်ကြသူများလည်း ရှိသလို မန္တလေးကို တိုက်ရိုက်တင်ပို့ ရောင်းချ ကြတဲ့ ဒေသ ထုတ်ကုန်ပေါ့ ။

ယနေ့ မြင်တွေ့နေ ရတဲ့ မန်းကျည်း ဖျော်ရည်ထဲလည်း ထည့် ဖာလူဒါ ၊ ရွှေရင်အေး ထဲလည်း ထည့် သီးသန့် ကျောက်ကျောဖျော်ရည် ဆိုပြီးလည်း သောက်ကြတဲ့ မည်းမည်း ကျောက်ကျော လေးတွေဟာ အခု ပြထားတဲ့ အပင်က ရတာပေါ့ ။

ကျောက်ကျောမဲ၏ ဆေးဘက်ဝင်ပုံ

၁။ အစာချေဖျက်နှုန်း ကောင်းမွန်စေပါတယ်။ အဓိက က Fiber (အမျှင်ဓာတ် ပါဝင်မှု များပြားတာကြောင့်) ။

၂။ လည်ပင်းနာတာကို သက်သာစေပါတယ်။ သူ့မှာပါဝင်တဲ့ Compound တမျိုးက လည်ပင်းနာတာကို သက်သာစေပြီး ကလေးတွေအတွက် အိမ်သုံးဆေး အနေနဲ့လဲ တိုက်ကျွေးကြပါတယ်။

၃။ သွေးတိုးကို ထိန်းညှိပေးနိုင်တယ်။ Black grass jelly ကသွေးတွင်း cholesterol ကိုလဲ လျော့ကျစေနိုင်ပါတယ်။

၄။ ကင်ဆာရောဂါကာကွယ်ပေးနိုင်တဲ့ antioxidants တွေ ပါဝင်ပါတယ်။

၅။ အားလုံးအတွက် ပိုပြီး စိတ်ဝင်စားစေတဲ့ နောက်တမျိုးကတော့ ဝိတ်ကျစေပါတယ်။ သွေးတွင်း ကယ်လိုရီ ဓာတ်ကို လျော့ကျစေပြီး သူ့မှာပါဝင်တဲ့ သကြားဓာတ်က လူ့ခန္ဓာကိုယ်အတွက် Energy အနေနဲ့ပဲအသုံးပြုပါတယ်တဲ့ ။

၆။ ငှက်ဖျားဝေဒနာတွေကို သက်သာစေတယ်။

၇။ ဝမ်းချုပ်ခြင်း

၈။ ရောင်ရမ်းခြင်း

၉။ဆီးချိုရောဂါ

၁၀။ဝမ်လျှောခြင်း

၁၁။ နှလုံးနဲ့ ပတ်သတ်တဲ့ ရောဂါတွေ

၁၂။ ကိုယ်ခံအားတိုးပွားစေခြင်း…. စတဲ့ ကျန်းမာရေး ကောင်းကျိုးများကို ရရှိစေပါတယ်။

ဒါကြောင့် အကျိုးများပြားလှတဲ့ ကျောက်ကျောဖျော်ရည်ကို မကြာခဏသောက်သုံးပေးဖို့ မမေ့ပါနဲ့။

ဗဟုသုတအနေနဲ့ နောက်ထပ်ခု ပြောပြပေးချင်တာက ပင်လယ်ကထွက်ရှိတဲ့ ရေမှော်ကျောက်ကျော
Agar လို့ခေါ်တဲ့ နောက်ကျောက်ကျော တစ်မျိုးကိုတော့ ပင်လယ်ကထွက်ရှိတဲ့ ရေမှော်(red algae or brown algae) မျိုးစိတ်တစ်မျိုးကနေ ထုတ်လုပ်တာပါ။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Leave a Reply

Your email address will not be published.